ဒီတစ်ပတ် ရုပ်ရှင်

ဒီတစ်ပတ် ရုပ်ရှင်

ဒီတစ်ပတ်တော့ သမ္မတ နဲ့ သွင် ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာ ရွှေပြည်ကတုံး ရိုက်ကူးတဲ့
'အမွေခံထိုက်သူဖြစ်ပါစေ' ဇာတ်ကားကိုပဲ ဆက်ပြီးရုံတင်ထားပါတယ်။

မင်္ဂလာ(၁) ရုံမှာတော့ 'ကြယ်စင်မော်ကွန်း' ဇာတ်ကားကို စတင်ရုံတင်လာပြီး မင်္ဂလာ(၂) ရုံ
မှာလည်း "Paranomal Activity Marked Ones" တူးဒီ ဇာတ်ကား စတင်ပြသလာပါတယ်။

ရှေ့ဆောင်ရုံမှာလည်း "The Legend of Hercules" သရီးဒီဇာတ်ကားကို စတင်ပြသနေပြီး
နေပြည်တော်ရုံမှာတော့ "47 Ronin" အမေရိကန် စိတ်ကူးယဉ်အက်ရှင် ဇာတ်ကားကိုပဲ
ဆက်လက်ရုံတင်ထားပါတယ်။

တော့ရွိုင်ရယ်ရုပ်ရှင်ရုံလည်း 'အမွေခံထိုက်သူဖြစ်ပါစေ' ဇာတ်ကား ဆက်လက်ပြသနေပြီး
ဂျန်းရှင်းမော်တင်က ရုံမှာတော့ 'အမွေခံထိုက်သူဖြစ်ပါစေ' ဇာတ်ကားနဲ့ ဂျက်ကီချန်း ပါ၀င်
သရုပ်ဆောင်ထားတဲ့ "Police Story" ဇာတ်ကားတို့ကိုပဲ ဆက်လက် ပြသနေပါတယ်။

ဂျန်းရှင်းစကွဲ ရုံမှာတော့ 'အမွေခံထိုက်သူဖြစ်ပါစေ' ၊ "Police Story" နဲ့ "Tarzan" သရီးဒီ
ဇာတ်ကားတို့ကိုပဲ ဆက်လက်ရုံတင်ထားပြီး နေပြည်တော်က ဂျန်းရှင်း minitheatre မှာတော့
ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ရိုက်ကူးတဲ့ '၃၉ ဗိုက်ပူ' ဇာတ်ကား စတင်ရုံတင်လာကာ
နေတိုး၊ ဝေဠုကျော်၊ ရဲအောင်၊ စိုးမြတ်သူဇာ၊ ၀တ်မှုံရွှေရည်၊ ချောရတနာနဲ့ တခြားဟာသ
သရုပ်ဆောင်များစွာ ပါ၀င်ထားကြပါတယ်။

 
[