ဒီတစ်ပတ်တော့ သမ္မတရုပ်ရှင်ရုံမှာ 'အမွေခံထိုက်သူဖြစ်ပါစေ' ဇာတ်ကားကိုပဲ ဆက်ပြီးရုံတင်
ထားပါတယ်။
သွင်နဲ့ မင်္ဂလာ (၁)ရုံမှာလည်း 'ကြယ်စင်မော်ကွန်း' ဇာတ်ကားကိုပဲ ဆက်ပြီးရုံတင်ထားပါတယ်။
မင်္ဂလာ(၂)နဲ့ ရှေ့ဆောင်ရုံမှာတော့ "The Legend of Hercules" သရီးဒီဇာတ်ကား စတင်ပြသ
လာပါတယ်။
နေပြည်တော်နဲ့ တော့ရွိုင်ရယ် ရုပ်ရှင်ရုံမှာလည်းပဲ "Lone Survivor" တူးဒီ အမေရိကန်အက်ရှင်
စစ်ကားကို စတင်ရုံတင်လာပါတယ်။
ဂျန်းရှင်းမော်တင်က ရုပ်ရှင်ရုံမှာတော့ 'အမွေခံထိုက်သူဖြစ်ပါစေ'ဇာတ်ကားနဲ့ 'ကြယ်စင်မော်ကွန်း'
ဇာတ်ကားတို့ကိုပြသနေပြီး ဂျန်းရှင်းစကွဲရုပ်ရှင်ရုံမှာတော့ အကယ်ဒမီနှစ်ဆုရဇာတ်ကား ဖြစ်တဲ့
'လက်ပံ' ဇာတ်ကားကို ထပ်မံရုံတင်လာပြီး အင်္ဂလိပ်ဇာတ်ကားများဖြစ်တဲ့ "Police Story" နဲ့
"Tarzan" သရီးဒီဇာတ်ကားတို့ကိုပဲ ဆက်ပြီးရုံတင်ထားပါတယ်။
နေပြည်တော်ဂျန်းရှင်း Minitheatre မှာတော့ ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရိုက်ကူးတဲ့
'အမိုက်စား' ဇာတ်ကား စတင်ရုံတင်လာပြီး အဲဒီကားထဲမှာ ခန့်စည်သူ၊ သူထူးစံ၊ ကျော်ကျော်ဗို၊
မိုးအောင်ရင်၊ မိုးမိုး၊ စိုးမြတ်သူဇာ၊ ၀တ်မှုံရွှေရည်၊ သင်ဇာဝင့်ကျော်၊ စိုးပြည့်သဇင်၊ နန်းဆုရတီစိုး
စတဲ့အနုပညာရှင်တွေ ပါ၀င်သရုပ်ဆောင်ထားကြပါတယ်။
