ဒီတစ်ပတ်တော့ သမ္မတ၊ သွင်နဲ့ မင်္ဂလာ(၁) ရုပ်ရှင်ရုံ တွေမှာ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်
ရိုက်ကူးတဲ့ '၃၉ ဗိုက်ပူ' ဇာတ်ကားကို စတင်ရုံတင်လာပြီး နေတိုး၊ ဝေဠုကျော်၊ ရဲအောင်၊
စိုးမြတ်သူဇာ၊ ၀တ်မှုံရွှေရည်၊ ချောရတနာနဲ့ တခြားဟာသသရုပ်ဆောင်များစွာ ပါ၀င်သရုပ်ဆောင်
ထားကြပါတယ်။
မင်္ဂလာ(၂) ရုင်ရှင်ရုံမှာလည်း "Walking with Dinosaurs" သရီးဒီအက်ရှင် ဇာတ်ကားကို စတင်
ရုံတင်လာပါတယ်။
ရှေ့ဆောင်(၁) ရုံမှာတော့ "The Legend of Hercules" သရီးဒီဇာတ်ကားကိုပဲ ဆက်လက်ပြသ
နေပြီး ရှေ့ဆောင်(၂) ရုံမှာတေ့ာ "The Monkey King" သရီးဒီ တရုတ်အက်ရှင်ဇာတ်ကားကို
စတင်ရုံတင်လာပါတယ်။
နေပြည်တော်ရုံမှာတော့ "Lone Survivor" တူးဒီ အမေရိကန်အက်ရှင် စစ်ကားကိုပဲ ဆက်ပြီး
ရုံတင်ထားပါတယ်။
ဂျန်းရှင်းမော်တင်က ရုပ်ရှင်ရုံမှာတော့ '၃၉ ဗိုက်ပူ' ဇာတ်ကားနဲ့ "Frankenstein" သရီးဒီဇာတ်ကား
တို့ကို ပြသနေပြီး ဂျန်းရှင်းစကွဲ ရုပ်ရှင်ရုံမှာတော့ '၃၉ ဗိုက်ပူ'၊ "Frankenstein" သရီးဒီဇာတ်ကားနဲ့
"Mischief Night" ဇာတ်ကားတို့ကို စတင်ရုံတင်လာပါတယ်။
နေပြည်တော် ဂျန်းရှင်း Minitheatre မှာလည်း ဒါရိုက်တာမိုက်တီး ရိုက်ကူးတဲ့ 'မာကြီးရှည်'
ဇာတ်ကားကို စတင်ရုံတင်လာပြီး အဲဒီကားထဲမှာ ရဲအောင်၊ မိုးအောင်ရင်၊ စိုးမြတ်သူဇာ၊
၀တ်မှုန်ရွှေရည်၊ မောစ့်၊ ကင်းကောင်၊ ကျော်ထူးနဲ့ တခြားဟာသ သရုပ်ဆောင်များစွာ
ပါ၀င်သရုပ်ဆောင်ထားကြပါတယ်။
