Blinky Bill ဆိုသည့် ကိုအားလား (Koala) ကာတွန်းဇာတ်ကောင်လေးပါ၀င်သော ကာတွန်းစီးရီး
များမှာ ကလေးငယ်တော်တော်များ၏ အကြိုက်ဆုံးကာတွန်းဇာတ်လမ်းတွဲများထဲတွင် တစ်ခု
အပါအဝင်ဖြစ်သည်။
မျက်လုံးပြူးပြူး၊ နားရွက်ကားကား နှင့် ချစ်စဖွယ် ကာတွန်းဇာတ်ကောင်လေး Blinky Bill ၏
နောက်ကွယ်တွင် ရှိသော ဖန်တီးသူများထဲမှ တစ်ယောက်ဖြစ်သူ Yoram Gross ၏တကယ့်
ဘဝဇာတ်လမ်းများမှာ ထိုကာတွန်းဇာတ်လမ်း ၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။
Blinky and me အမည်ရှိ မှတ်တမ်းရှပ်ရှင်ကားလေးမှာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့မျိုးတုန်း
သတ်ဖြတ်ခြင်းမှ လွတ်မြောက်လာခဲ့သူ ့သမော ွမသျျ ၏ ဘဝဇာတ်ကြောင်းကို မှတ်တမ်းတင်
ရိုက်ကူးထားသော ဇာတ်လမ်းလေးဖြစ်သည်။ ထိုမှတ်တမ်းရုပ်ရှင်ဇာတ်လမ်းအား ပြင်သစ်ယဉ်
ကျေးမှု စင်တာတွင် ယခုလဇန်နဝါရီ ၂၇ရက်တွင် ပြသခဲ့သည်။
ထိုမှတ်တမ်းဇာတ်လမ်း အစ္စရေးသံရုံးနှင့် ကုလသမဂ္ဂမှ မျိုးဖြုတ်သတ်ဖြတ်ခြင်းခံရသော ဂျူးလူမျိုး
များကိုအမှတ်ရသောအနေဖြင့် ပြသခဲ့ခြင်းဖြစ်သည်။ နှစ်စဉ် ဇန်နဝါရီ ၂၇ရက်နေ့ရောက်တိုင်း
ကမ္ဘာ့ကုလသမဂ္ဂမှ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့၏ အစုလိုက်အပြံုလိုက် သတ်ဖြတ်ခြင်းခံရ
သော ဂျူးလူမျိုးများကို အမှတ်ရသောအနေ့အဖြစ်သတ်မှတ်ပေးခဲ့သည်။
ထိုနေ့မှာ ၁၉၄၅ခုနှစ်တွင် ပိုလန်နိုင်ငံရှိ နာဇီ၏သေမင်းတမန်အကျဉ်းစခန်းတစ်ခုဖြစ်သော
Auschwitz-Birkea က (အော့ဝစ်အကျဉ်းစခန်း) တွင် ဖမ်းဆီးချုပ်နှောင်ထားသူများကို
လွတ်လပ်ခွင့်ပေးခဲ့သော နေ့တစ်နေ့လည်းဖြစ်သည်။
Australia နိုင်ငံတွင်နေထိုင်နေပြီးYoram Gross Production ကိုတည်ထောင်သူ Yoram
Gross ကသူ၏မြေးများကို သူ့ဘဝဇာတ်ကြောင်းများအားပြန်ပြောပြနေဟန်ဖြင့် မှတ်တမ်းရုပ်ရှင်
ကိုရိုက်ကူးထားသည်။ ပြသချိန် ရ၅မိနစ်ရှိသော ထိုမှတ်တမ်းဇာတ်လမ်းကို ပျင်းရိသွားခြင်းမရှိ
စေရန် Blinky ကာတွန်းဇာတ်ကောင်လေးကို Yoram Gross ၏ ငယ်ဘဝဇာတ်ကောင်လေး
အဖြစ် အချို့အခန်းများတွင် ထည့်သွင်းရိုက်ကူးထားသည်။
ရိုက်ကူးသူ ဒါရိုက်တာမှာ Australia နိုင်ငံသား Tomasz Magierski ဖြစ်ပြီး ဤမှတ်တမ်းရုပ်ရှင်ကို
၂၀၁၁ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ နာဇီပါတီဟု လူသိများသော The National
Socialist German Workers' Party မှာ ၁၉၂၀မှ ၁၉၄၅ထိ သက်ဝင်လှုတ်ရှားခဲ့သောနိုင်ငံရေး
ပါတီတစ်ခုဖြစ်သည်။
နာဇီပါတီ ဦးဆောင်သူမှာ Adolf Hitler ဖြစ်ပြီး ဂျူးလူမျိုး ၆သန်းခန့် မျိုးတုန်းသတ်ဖြတ်ခံရမှု၏
အဓိကတရားခံလည်းဖြစ်သည်။ ထိုအချိန်က ဥရောပနိုင်ငံများအတွင်း ဂျူးလူမျိုး ၉သန်းခန့်နေထိုင်
ကြပြီး သုံးပုံ-၂ပုံမှာ မျိုးတုန်းသတ်ဖြတ်ခြင်းခံခဲ့ရသည်။
Yoram Gross ကို၁၉၂၆ခုနှစ်တွင် ပိုလန်နိုင်ငံ၌မွေးဖွားခဲ့ပြီး မှတ်တမ်းရုပ်ရှင်တွင် သူ၏
မြေး၅ယောက်နှင့်အတူ ယခု သူနေထိုင်ရာ Australia နိုင်ငံမှ သူ၏ မွေးရပ်မြေဖြစ်သော ပိုလန်နိုင်
ငံသို့ ခရီးထွက်၍ ဒုတိယကမ္ဘာစစ်အတွင်း သူအသက်ရှင်နေထိုင်ရန် ကြိုးပမ်းခံရမှုများကို မြေးများ
အားပြန်လည်ပြောပြနေခြင်းဖြစ်သည်။
နာဇီတပ်များ သူ့နိုင်ငံအတွင်း ၀င်ရောက်လာသောအခါ သူနှင့် သူ့မိသားစုတို့ ပုန်းခိုဖို့နေရာရှာခဲ့ရပြီး
ပညာဆက်လက်သင်ယူနိုင်ဖို့အတွက် ဂျူးဘာသာမှ ခရစ်ယာန်ဘာသာသို့ ပြောင်းလဲခဲ့ရသည်။ -
မှတ်တမ်းရုပ်ရှင်တွင် ထိုခေတ်က ရိုက်ကူးထားသော သမိုင်းဝင်ဓါတ်ပုံများစွာ နှင့် သမိုင်းဝင်နေရာ
များ ကိုလည်း ထည့်သွင်းဖော်ပြထားသည်။ Yoram Gross သည် ဒုတိယကမ္ဘာစစ်အတွင်း ပြေး
လွှားရင်း ပိုလန်နိုင်ငံမှ ထွက်ခွာခဲ့ပြီး အစ္စရေးသို့ရောက်ရှိခဲ့သည်။
အစ္စရေးတွင် သူ၏ ကာတွန်းရုပ်ရှင်ထုတ်လုပ်မှုကို စတင်ခဲ့သည်။ ရိုက်ကူးသူ ဒါရိုက်တာက
Yoram Gross ၏ဒုတိယကမ္ဘာစစ်အတွင်း အသက်ရှင်သန်ရန် ကြိုးစားရုန်းကန်နေရခြင်းများ
သာမက သူ၏ အနုပညာဖန်တီးမှုများကိုလည်း ထည့်သွင်းပြသထားသည်။
Yoram Gross ၏ ကာတွန်းရုပ်ရှင်ထုတ်လုပ်မှုများအဆင့်ဆင့် တိုးတက်လာခြင်း ကိုလည်း
ဖေါ်ပြထားသည်။ မီးခြစ်ဆံလေးများ၊ သတင်းစာများနှင့် သစ်သားကို ဇာတ်ကောင်လေးများ
အသွင် ပုံဖော်ပြီး ကာတွန်းရုပ်ရင်ရိုက်ကူးထုတ်လုပ်ခဲ့သည်။ ထိုမှတ်တမ်းရုပ်ရှင်ကို လာရောက်
ကြည့်ရှုသူတစ်ဦး ဖြစ်သူ ကိုမြတ်နိုးအောင်က ' ကျွန်တော်ကမှတ်တမ်းရုပ်ရှင်တွေကို အရမ်းကြိုက်
လို့ကြည့်ဖြစ်တာပါ။ ဒီ မှတ်တမ်းရုပ်ရှင်ကိုကြည့်ရတာ Hotel Rwonda ဇာတ်လမ်းကိုကြည့်ရ
သလိုပဲ ခံစားရတယ်။ မှတ်တမ်းရုပ်ရှင် တွေမှာ သူတို့ပေးချင်တဲ့ မတ်စေ့့ချ်တစ်ခုတော့ အမြဲရှိပါ
တယ်။
ဒီကားကတော့ အဲ့ဒီအချိန်က မျိုးတုန်းသတ်ဖြတ်မှုတွေကို ပြန်လည်သင်ခန်းစရာ ယူစရာပါ။' ဟု
ဆိုသည်။ ထိုမှတ်တမ်းရှပ်ရှင်မှာ Chagrin Falls Film Festival 2013 တွင် အကောင်းဆုံးနိုင်ငံ
တကာ မှတ်တမ်းရုပ်ရှင်ဆု အပါအဝင် နိုင်ငံတကာရုပ်ရှင်ဆုပေါင်း ၅ဆုကိုဆွတ်ခူးနိုင်ခဲ့သော
ဇာတ်လမ်းတစ်ခုလည်းဖြစ်သည်။
