ဒီတစ်ပတ် ရုပ်ရှင်

Mischief Night ဇာတ်ကားမှ ဇာတ်ဝင်ခန်း တစ်ခန်း။
Mischief Night ဇာတ်ကားမှ ဇာတ်ဝင်ခန်း တစ်ခန်း။

ဒီတစ်ပတ် ရုပ်ရှင်

ဒီတစ်ပတ်တော့ သမ္မတ၊ သွင် နဲ့ မင်္ဂလာ(၁) ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်
ရိုက်ကူးတဲ့ '၃၉ ဗိုက်ပူ' ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။

မင်္ဂလာ(၂) ရုံမှာလည်း "Walking with Dinosaurs" သရီးဒီအက်ရှင်ဇာတ်ကားကို ဆက်လက်
ပြသနေပါတယ်။

ရှေ့ဆောင် ရုပ်ရှင်ရုံကတော့ ပြီးခဲ့တဲ့အပတ်ကစပြီး၊အဆောက် အဦးတစ်ခုတည်းမှာပဲ ရုံ(၁)နဲ့ ရုံ(၂)
ဆိုပြီး ခွဲပြီးပြသလာတာမို့ ရုံ(၁) မှာ "The Monkey King" သရီးဒီ တရုတ်အက်ရှင် ဇာတ်ကားကို
ပြသနေပြီး ရုံ(၂) မှာတော့ "Walking with Dinosaurs" သရီးဒီဇာတ်ကားကို ရုံတင်ထားပါတယ်။

နေပြည်တော် ရုပ်ရှင်ရုံမှာတော့ "Jack Ryan: Shadow Recruit" တူးဒီ အမေရိကန် စုံထောက်
အက်ရှင်ဇာတ်ကားကို စတင်ရုံတင်လာပါတယ်။

ဂျန်းရှင်းမော်တင် က ရုပ်ရှင်ရုံတွေမှာတော့ '၃၉ ဗိုက်ပူ' ဇာတ်ကားနဲ့ "Frankenstein" သရီးဒီ
ဇာတ်ကားတို့ကို ဆက်လက်ပြသနေပြီး ဂျန်းရှင်းစကွဲ က ရုပ်ရှင်ရုံတွေမှာတော့ '၃၉ ဗိုက်ပူ'၊
"Frankenstein" သရီးဒီဇာတ်ကားနဲ့ "Mischief Night" ဇာတ်ကားတို့ကို ရုံတင်ထားပါတယ်။

နေပြည်တော်က ဂျန်းရှင်း Minitheatre မှာတော့ ဒါရိုက်တာ မိုက်တီး ရိုက်ကူးတဲ့ 'မာကြီးရှည်'
ဇာတ်ကားကို ရုံတင်ထားပြီး ရဲအောင်၊ မိုးအောင်ရင်၊ စိုးမြတ်သူဇာ၊ ၀တ်မှုန်ရွှေရည်၊ မောစ့်၊
ကင်းကောင်၊ ကျော်ထူးနဲ့ တခြားဟာသသရုပ်ဆောင်များစွာ ပါ၀င်သရုပ်ဆောင်ထားကြပါတယ်။

 
[