အခုတစ်ပတ်မှာတော့... သမ္မတ၊ သွင် နဲ့ မင်္ဂလာ(၁) ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာ ညွန့်မြန်မာ
ညီညီအောင် ရိုက်ကူးတဲ့ '၃၉ ဗိုက်ပူ' ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။
မင်္ဂလာ(၂) ရုင်ရှင်ရုံမှာတော့ "3AM Part 2" သရီးဒီထိုင်းဇာတ်ကား စတင်ရုံတင်လာပါတယ်။
ရှေ့ဆောင်(၁) ရုပ်ရှင်ရုံမှာတော့ "The Monkey King" သရီးဒီ တရုတ်အက်ရှင်ဇာတ်ကားကို
ဆက်လက်ပြသနေပြီး ရှေ့ဆောင်(၂) မှာတော့ "3AM Part 2" သရီးဒီထိုင်းကား စတင်ရုံတင်
ထားပါတယ်။
နေပြည်တော်ရုံမှာတော့ "Jack Ryan: Shadow Recruit" အမေရိကန် စုံထောက်အက်ရှင်
ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။
ဂျန်းရှင်းမော်တင် က ရုပ်ရှင်ရုံတွေမှာတော့ '၃၉ ဗိုက်ပူ' နဲ့ "Frankenstein" သရီးဒီဇာတ်ကား
တို့ကိုပဲ ဆက်လက်ပြသနေပါတယ်။
ဂျန်းရှင်းစကွဲ က ရုပ်ရှင်ရုံတွေမှာတော့ '၃၉ ဗိုက်ပူ'၊ "Frankenstein" သရီးဒီဇာတ်ကားတို့အပြင်
"Lego Movie" သရီးဒီကာတွန်း ဇာတ်ကားကိုလည်း ရုံတင်ထားပါတယ်။
နေပြည်တော်ဂျန်းရှင်း Minitheatre မှာတော့ ဒါရိုက်တာမိုက်တီး ရိုက်ကူးတဲ့ 'မာကြီးရှည်'
ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။
