ဒီတစ်ပတ်ရုပ်ရှင်

"Snowpiercer" တောင်ကိုရီးယား သိပ္ပံစိတ်ကူးယဉ် တူးဒီအက်ရှင် ဇာတ်ကား။
"Snowpiercer" တောင်ကိုရီးယား သိပ္ပံစိတ်ကူးယဉ် တူးဒီအက်ရှင် ဇာတ်ကား။

ဒီတစ်ပတ်ရုပ်ရှင်

အခုတစ်ပတ်မှာတော့... သမ္မတ၊ သွင်၊ မင်္ဂလာ(၁) နဲ့ တော့ရွိုင်ရယ် ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာ
မိုက်တီးရိုက်ကူးတဲ့ 'မာကြီးရှည်' ဟာသ ဇာတ်ကား စတင်ရုံတင်လာပါတယ်။

ဒီဇာတ်ကားထဲမှာ ရဲအောင်၊ မိုးအောင်ရင်၊ စိုးမြတ်သူဇာ၊ ၀တ်မှုံရွှေရည်၊ မော့စ်၊ ကင်းကောင်၊
ကျော်ထူးနဲ့ တခြားဟာသ သရုပ်ဆောင်များစွာ ပါ၀င် သရုပ်ဆောင်ထားကြပါတယ်။

မင်္ဂလာ(၂) ရုင်ရှင်ရုံမှာတော့  "3 AM Part 2" သရီးဒီ ထိုင်းဇာတ်ကားကို ဆက်လက် ရုံတင်ထား
ပါတယ်။

ရှေ့ဆောင်(၁) ရုပ်ရှင်ရုံမှာ "The Monkey King" သရီးဒီ တရုတ်အက်ရှင်ဇာတ်ကားကိုပဲ
ဆက်လက်ပြသနေပြီး ရှေ့ဆောင်(၂) ရုံမှာလည်း "3AM Part 2" သရီးဒီ ထိုင်းကားကိုပဲ
ဆက်လက်ရုံထားပါတယ်။

နေပြည်တော် ရုံမှာတော့ "Snowpiercer" တောင်ကိုရီးယား သိပ္ပံစိတ်ကူးယဉ် တူးဒီအက်ရှင်
ဇာတ်ကား စတင် ရုံတင်လာပါတယ်။

ဂျန်းရှင်းမော်တင် ရုပ်ရှင်ရုံမှာလည်း 'မာကြီးရှည်' ဇာတ်ကားနဲ့ "Lego Movie" သရီးဒီ ကာတွန်း
ဇာတ်ကားတို့ကို စတင်ပြသနေပြီး ဂျန်းရှင်းစကွဲ ရုပ်ရှင်ရုံမှာတော့ 'မာကြီးရှည်'၊ "Jai Ho" တူးဒီ
အိန္ဒိယအက်ရှင်ဇာတ်ကားတို့အပြင် "Lego Movie" သရီးဒီ ကာတွန်းဇာတ်ကားတို့ကို စတင်
ရုံတင်ထားပါတယ်။

နေပြည်တော်ဂျန်းရှင်း Minitheatre မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ 'မာယာပရောဂျက်' ဇာတ်ကား
စတင်ရုံတင်ထားပြီး နေတိုး၊ ဖွေးဖွေး၊ သက်မွန်မြင့်တို့ အဓိက ပါ၀င်သရုပ်ဆောင်ထားပါတယ်။

 
[