ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ်ရုပ်ရှင်

အခုတစ်ပတ်မှာတော့... သမ္မတ၊ သွင်၊ မင်္ဂလာ(၁) နဲ့ တော့ရွိုင်ရယ် ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာ
မိုက်တီး ရိုက်ကူးထားတဲ့ 'မာကြီးရှည်' ဟာသဇာတ်ကားကိုပဲ ဆက်လက် ရုံတင်ထားပါတယ်။

မင်္ဂလာ(၂) နဲ့ ရှေ့ဆောင်(၂) ရုင်ရှင်ရုံမှာ လည်း "3AM Part 2" သရီးဒီ ထိုင်းဇာတ်ကားကိုပဲ
ဆက်လက် ရုံတင်ထားပြီး ရှေ့ဆောင်(၁) ရုပ်ရှင်ရုံမှာတော့ "Pon Peii" သရီးဒီ ရောမစစ်ကား
စတင်ရုံတင်လာပါတယ်။

နေပြည်တော် ရုံမှာတော့ အမေရိကန်-တောင်ကိုရီးယား စိတ်ကူးယဉ်သိပ္ပံ တူးဒီအက်ရှင်ဇာတ်ကား
"Snowpiercer" ကိုပဲ ဆက်ရုံတင်ထားပါတယ်။

ဂျန်းရှင်းမော်တင် ရုပ်ရှင်ရုံမှာတော့ 'မာကြီးရှည်' ဇာတ်ကားနဲ့ "Lego Movie" သရီးဒီကာတွန်း
ဇာတ်ကားတို့ကို ဆက်လက်ပြသနေပြီး ဂျန်းရှင်းစကွဲ ရုပ်ရှင်ရုံမှာတော့ 'မာကြီးရှည်'၊ "Jai Ho"
တူးဒီအိန္ဒိယအက်ရှင် ဇာတ်ကားနဲ့ "Lego Movie" သရီးဒီကာတွန်းဇာတ်ကားတို့ကို ရုံတင်ထားပါ
တယ်။

နေပြည်တော်ဂျန်းရှင်း Minitheatre မှာ ဒါရိုက်တာ ၀ိုင်း ရိုက်ကူးပြီး နေတိုး၊ ဖွေးဖွေး၊ သက်မွန်မြင့်
တို့ အဓိကပါ၀င် သရုပ်ဆောင်ထားတဲ့ 'မာယာပရောဂျက်' ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပြီး
ပါတယ်။

 
[