အခုတစ်ပတ်မှာတော့... သမ္မတနဲ့ သွင် ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာမိုက်တီး ရိုက်ကူးတဲ့
'မာကြီးရှည်' ဟာသဇာတ်ကား ဆက်လက် ရုံတင်ထားပါတယ်။
မင်္ဂလာ(၁) ရုပ်ရှင်ရုံမှာတော့ "The Monkey King" သရီးဒီ တရုတ် အက်ရှင်ဇာတ်ကား စတင်
ရုံတင်ထားပါတယ်။
မင်္ဂလာ(၂) နဲ့ ရှေ့ဆောင်(၂) ရုင်ရှင်ရုံတွေမှာတော့ "3AM Part 2" သရီးဒီ ထိုင်းဇာတ်ကားကိုပဲ
ဆက်လက် ရုံတင်ထားပါတယ်။
ရှေ့ဆောင်(၁) နဲ့ တော့ရွိုင်ရယ် ရုပ်ရှင်ရုံ တွေမှာလည်း "Pompeii" သရီးဒီ ရောမစစ်ကားကို
ရုံတင်ထားပါတယ်။
နေပြည်တော်ရုံမှာတော့ "The Four 2" သရီးဒီ တရုတ်ဟောင်ကောင် အက်ရှင်ဇာတ်ကား စတင်
ရုံတင်လာပါတယ်။
ဂျန်းရှင်းမော်တင်က ရုပ်ရှင်ရုံမှာတော့ 'မာကြီးရှည်' ဇာတ်ကားနဲ့ "Jai Ho" တူးဒီ အိန္ဒိယအက်ရှင်
ဇာတ်ကားတို့ကို ပြသနေပြီး ဂျန်းရှင်းစကွဲက ရုပ်ရှင်ရုံမှာတော့ 'မာကြီးရှည်'၊ "Jai Ho" တူးဒီ
ဇာတ်ကားတို့အပြင် "Mischief Night" တူးဒီဇာတ်ကားကိုလည်း ရုံတင်ထားပါတယ်။
နေပြည်တော်ဂျန်းရှင်း Minitheatre မှာတော့ ဒါရိုက်တာမိုက်တီး ရိုက်ကူးတဲ့ 'ဟတ်ကော့'
ဇာတ်ကားကို စတင်ရုံတင်ထားပြီး မိုးအောင်ရင်၊ သက်မွန်မြင့်၊ မော့စ်၊ မိုးဒီနဲ့ ဟာသသရုပ်ဆောင်
များစွာ ပါ၀င်သရုပ်ဆောင်ထားပါတယ်။
