တစ်ပတ်တွင်း ရုပ်ရှင်

တစ်ပတ်တွင်း ရုပ်ရှင်

ဒီတစ်ပတ်တော့ သမ္မတ၊ သွင်၊ မင်္ဂလာ(၁) နဲ့ တော့ရွိုင်ရယ် ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာ ၀ိုင်းရိုက်ကူး
တဲ့ 'မာယာပရောဂျက်' ဇာတ်ကားကို စတင်ရုံတင်ထားပြီး အဲဒီကားထဲမှာ နေတိုး၊ ဖွေးဖွေး နဲ့
သက်မွန်မြင့်တို့ အဓိက ပါ၀င်သရုပ်ဆောင်ထားပါတယ်။

မင်္ဂလာ(၂) နဲ့ ရှေ့ဆောင်(၁) ရုင်ရှင်ရုံမှာလည်း "300: Rise of an Empire" သရီးဒီ ရောမစစ်ကား
ကို စတင်ရုံတင်လာပါတယ်။

ရှေ့ဆောင် (၂) ရုပ်ရှင်ရုံတော့ "Pom Peii" သရီးဒီရောမစစ်ကားကို ဆက်လက်ရုံတင်ထားပါ
တယ်။

နေပြည်တော်ရုံမှာလည်း "The Four 2" သရီးဒီ တရုတ်ဟောင်ကောင်အက်ရှင်ဇာတ်ကားကိုပဲ
ဆက်လက်ရုံတင်ထားပါတယ်။

ဂျန်းရှင်းမော်တင်က ရုပ်ရှင်ရုံတွေမှာတော့ 'မာယာပရောဂျက်' ဇာတ်ကားနဲ့ "Need for Speed"
သရီးဒီ အမေရိကန် အက်ရှင်ဇာတ်ကားတို့ကို ပြသနေပြီး ဂျန်းရှင်းစကွဲလ်က ရုပ်ရှင်ရုံတွေမှာတော့
'မာယာပရောဂျက်'နဲ့ "Need for Speed" သရီးဒီ ဇာတ်ကားတို့အပြင် "Machete Kills" တူးဒီ
အမေရိကန် အက်ရှင်ဟာသဇာတ်ကား တို့ကို စတင်ရုံတင်လာပါတယ်။

နေပြည်တော် ဂျန်းရှင်း Minitheatre မှာတော့ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင် ရိုက်ကူးတဲ့
'အချစ်များနှင့် ဖန်ဆင်းသော' ဇာတ်ကားကို စတင်ရုံတင်ထားပြီး ရန်အောင်၊ ရဲအောင်၊ ဟိန်းဝေယံ၊
ကောင်းခန့်၊ စူးရှ၊ သူရိယ၊ မေသန်းနု၊ ထွန်းအိန္ဒြာဗို၊ မေသဥ္ဇာဦး၊ မိုးယုစံ နဲ့ ဟာသသရုပ်ဆောင်
များစွာ ပါ၀င်သရုပ်ဆောင်ထားပါတယ်။

 
[