ဒီတစ်ပတ်မှာတော့... သမ္မတ၊ သွင်၊ မင်္ဂလာ(၁)နဲ့ တော့ရွိုင်ရယ် ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာဝိုင်း
ရိုက်ကူးတဲ့ 'မာယာပရောဂျက်' ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။
မင်္ဂလာ(၂)၊နဲ့ ရှေ့ဆောင်(၁) ရုပ်ရှင်ရုံမှာလည်း "300: Rise of an Empire" သရီးဒီ ရောမစစ်ကား
ကိုပဲ ဆက်လက် ပြသနေပါတယ်။
ရှေ့ဆောင်(၂) ရုံမှာလည်း "The Four II" သရီးဒီ ဟောင်ကောင်အက်ရှင်ဇာတ်ကားကိုပဲ ဆက်ပြီး
ရုံတင်ထားပါတယ်။
နေပြည်တော်ရုံမှာတော့ "Need for Speed" သရီးဒီ အက်ရှင်ဇာတ်ကား စတင်ရုံတင်လာပါတယ်။
ဂျန်းရှင်းမော်တင်က ရုပ်ရှင်ရုံတွေမှာတော့ 'မာယာပရောဂျက်'ဇာတ်ကား နဲ့ "Need for Speed"
သရီးဒီ ဇာတ်ကားတို့ကို ပြသနေပြီး ဂျန်းရှင်းစကွဲက ရုပ်ရှင်ရုံတွေမှာတော့ 'မာယာပရောဂျက်'နဲ့
"Need for Speed" ဇာတ်ကားတို့အပြင် "Machete Kills" တူးဒီဇာတ်ကားကိုလည်း ရုံတင်
ထားပါတယ်။
နေပြည်တော်ဂျန်းရှင်း Minitheatre မှာတော့ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင် ရိုက်ကူးတဲ့
'အချစ်များနှင့် ဖန်ဆင်းသော' ဇာတ်ကားကို ရုံတင်ထားပြီး အဲဒီကားထဲမှာ ရန်အောင်၊ ရဲအောင်၊
ဟိန်းဝေယံ၊ ကောင်းခန့်၊ စူးရှ၊ သူရိယ၊ မေသန်းနု၊ ထွန်းအိန္ဒြာဗို၊ မေသ ဉ္ဇာဦး၊ မိုးယုစံနဲ့ ဟာသ
သရုပ်ဆောင်များစွာ ပါ၀င်သရုပ်ဆောင်ထားကြပါတယ်။
