ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ်ရုပ်ရှင်

ဒီတစ်ပတ်မှာတော့ ... သမ္မတ နဲ့ သွင် ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာ ၀ိုင်းရိုက်ကူးတဲ့
'မာယာပရောဂျက်' ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။

မင်္ဂလာ(၁) နဲ့ တော့ရွိုင်ရယ် ရုပ်ရှင်ရုံတို့မှာတော့ "Still 2" တူးဒီထိုင်းသရဲကားကို စတင်ပြီး
ရုံတင်လာပါတယ်။

မင်္ဂလာ(၂) ရုင်ရှင်ရုံမှာတော့ "300: Rise of an Empire" သရီးဒီ ရောမစစ်ကားကိုပဲ ဆက်လက်
ပြသနေပါတယ်။

ရှေ့ဆောင်(၁) ရုင်ရှင်ရုံမှာတော့ "Divergent" အမေရိကန်အက်ရှင်ဇာတ်ကားကို စတင်ရုံတင်လာ
ပါတယ်။

ရှေ့ဆောင်(၂) နဲ့ နေပြည်တော် ရုပ်ရှင်ရုံတို့မှာတော့ "Need for Speed" သရီးဒီဇာတ်ကားကို
ရုံတင်ထားပါတယ်။

ဂျန်းရှင်းမော်တင် က ရုပ်ရှင်ရုံတွေမှာလည်း 'မာယာပရောဂျက်' နဲ့ "Need for Speed" သရီးဒီ
ဇာတ်ကားတို့ကို ဆက်လက်ပြသနေပြီး ဂျန်းရှင်းစကွဲ က ရုပ်ရှင်ရုံတွေမှာတော့ 'မာယာပရောဂျက်'၊
"Need for Speed" သရီးဒီဇာတ်ကားတို့အပြင် "Machete Kills" တူးဒီဇာတ်ကားတို့ကို
ဆက်လက် ရုံတင်ထားပါတယ်။

နေပြည်တော်က ဂျန်းရှင်း minitheatre မှာတော့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးတဲ့
'ကိုယ့်အထာနဲ့ကိုယ်' ဇာတ်ကားကို စတင်ရုံတင်ထားပြီး ခန့်စည်သူ၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊
မိုးဟေကို၊ မိုးယုစံ၊ မိုးပြည့်ပြည့်မောင်နဲ့ တခြားဟာသသရုပ်ဆောင်များစွာ ပါ၀င်သရုပ်ဆောင်ထား
ပါတယ်။

 
[