၀ါဟာရကြွယ်ကြွယ် သုံးကြမယ် (၁)

၀ါဟာရကြွယ်ကြွယ် သုံးကြမယ် (၁)

အင်္ဂလိပ်စာရေးရေး၊မြန်မာစာရေးရေး အသုံးအနှုန်းတစ်ခုတည်းကိုဘဲ ထပ်ကာတလဲလဲ သုံးရင်
ဖတ်လို့မကောင်းသလို အရေးအသား မကျွမ်းကျင်ရာလည်း ရောက်ပါတယ်။

ကာလရှည်ဒါမှမဟုတ် ရောဂါဆိုရင်လည်း နာတာရှည် ဆိုတာမျိုးကို ရည်ညွှန်းပြောချင်ရေးချင်ရင်
long-standing ဒါမှမဟုတ် long-term တို့ကို ရေလဲသုံးနိုင်ပါတယ်။ Telegraph သတင်းစာမှာ
ရေးထားတာကို လေ့လာကြည့်ရအောင်။

A study found that one in three people from white families
had long-standing
illnesses, compared to only one in five of those
from non-white ethnic groups.
Telegraph, April 01,2014
လူဖြူမိသားစုတွင် သုံးဦးလျှင် တစ်ဦးနှုန်း နာတာရှည်ရောဂါရှိကြပြီး လူဖြူမျိုးနွယ်စုဝင်မဟုတ်သူ
များတွင် ငါးဦးလျှင်တစ်ဦးနှုန်းသာ အဆိုပါရောဂါမျိုး ရှိကြကြောင်း လေ့လာမှုတစ်ခုတွင်
တွေ့ရသည်။

White people were almost twice as likely as black and
Asian people to have long-term illnesses, the research suggests.
Telegraph, April 01,2014

လူဖြူများသည် လူမည်းနှင့်အာရှမျိုးနွယ်စုများထက် နာတာရှည်ရောဂါရရန် အလားအလာနှစ်ဆ
ခန့် ပိုများသည်။

Long-standing နဲ့ Long-Termဟာ အဓိပ္ပာယ် ဆင်တူတာကြောင့် ရေလဲသုံးတတ်အောင်
မှတ်ထားဖို့လိုပါတယ်။

နောက်ပြီး Long-standing illness, Long-term illness လို့ပြောလိုက်ရင် အဲဒီရောဂါဟာ လူကိုအချိန်တိုအတွင်း သေစေတဲ့ ရောဂါမျိုးမဟုတ်ဘဲ ဝေဒနာသည်ရဲ့ မူလ ဘဝဟန်အတော်
များများကို စွန့်လွှတ်လိုက်ရပြီး လူစဉ်မမှီတဲ့ဘဝနဲ့ နေသွားရအောင် ဒုက္ခပေးတဲ့ရောဂါမျိုး
ဖြစ်တယ်ဆိုတာကိုလည်း သိထားဖို့လိုပါတယ်။

 
[