ဒီတစ်ပတ်မှာတော့... သမ္မတနဲ့ သွင် ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာ ၀ိုင်း ရိုက်ကူးတဲ့
'မာယာပရောဂျက်' ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။
မင်္ဂလာ(၁) နဲ့ တော့ရွိုင်ရယ် ရုပ်ရှင်ရုံတွေမှာတော့ "Still II" တူးဒီထိုင်းသရဲကားကို ရုံတင်ထား
ပါတယ်။
မင်္ဂလာ(၂) ရုင်ရှင်ရုံမှာတော့ "300: Rise of an Empire" သရီးဒီ ရောမစစ်ကားကိုပဲ ဆက်လက်
ပြသနေပါတယ်။
ရှေ့ဆောင်(၁) ရုင်ရှင်ရုံမှာတော့ "Divergent" အမေရိကန် အက်ရှင်ဇာတ်ကားကို ပြသနေပြီး
ရှေ့ဆောင်(၂) နဲ့ နေပြည်တော် ရုပ်ရှင်ရုံ တွေမှာတော့ "Need for Speed" သရီးဒီ ဇာတ်ကားကို
ရုံတင်ထားပါတယ်။
ဂျန်းရှင်းမော်တင်က ရုပ်ရှင်ရုံမှာတော့ 'မာယာပရောဂျက်' နဲ့ "Need for Speed" ဇာတ်ကား
တို့ကို ဆက်လက်ပြသနေပြီး ဂျန်းရှင်းစကွဲက ရုပ်ရှင်ရုံတွေမှာတော့ 'မာယာပရောဂျက်'၊
"Need for Speed" နဲ့ "Non–Stop" တူးဒီ အမေရိကန်အက်ရှင်ဇာတ်ကားတို့ကို ရုံတင်ထားပါ
တယ်။
နေပြည်တော် ဂျန်းရှင်း minitheatre မှာတော့ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ 'စေတန်ရဲ့ ကချေသည်'
ဇာတ်ကားကို စတင်ရုံတင်ထားပြီး နေတိုး၊ သက်မွန်မြင့်၊ ဇင်ဝိုင်း၊ မင်းသစ်နဲ့ တခြားသရုပ်ဆောင်
များစွာ ပါ၀င်သရုပ်ဆောင်ထားပါတယ်။
