ပင်စိမ်းနှင့် ပုစွန်ဆိတ်ဆီပြန်ချက်

ပင်စိမ်းပုစွန်ဆိတ်ချက်။
ပင်စိမ်းပုစွန်ဆိတ်ချက်။

ပင်စိမ်းနှင့် ပုစွန်ဆိတ်ဆီပြန်ချက်

အမေက ဈေးမှာ ပုစွန်ဆိတ်ကောင်းကောင်းလေးတွေ တွေ့လို့ ၀ယ်လာပေးတာနဲ့ ဒီတစ်ပတ်
မှာတော့ ပုစွန်ဆီပြန်လေး ချက်စားဖြစ်ပါတယ်။

ဩဇီသားခင်ပွန်းသည်က ပုစွန်ဆိတ်ဆီပြန်ကို ငရုတ်ပွသီးလေးနဲ့ ခြောက်ခြောက်လေး ဆီလည်
ရေလည်လေးချက်တာကို ကြိုက်သလို ထမင်းနဲ့ ကောင်းကောင်းလေးနယ်ဖတ်ပြီး စားတတ်သူပီပီ
ခဏခဏလည်း ပွဲတောင်းတတ်ပါတယ်။

ဒါပေမဲ့ ဒီတစ်ခါတော့ ပုစွန်လေးတွေကို ပင်စိမ်းရွက် ခပ်များများလေးနဲ့ အနှစ်ခြောက်ခြောက်
ပုံစံလေး ချက်ဖြစ်သွားပါတယ်။

သူနဲ့လိုက်ဖက်အောင် ခရမ်းချဉ်သီးငပိချက်လေးလည်း ချက်ဖြစ်သွားပါတယ်။

အဲဒီတော့ သိပ်ပြီး ခြောက်ခြောက်ကြီးမဖြစ်တော့ဘဲ ထမင်းပွဲလေးလည်း စိုပြည်သွားတာပေါ့။

ပင်စိမ်း ပုစွန်ဆိတ်ဆီပြန်ချက်
ပါ၀င်ပစ္စည်းများ
(၆ ဦးစာ)

ပုစွန်ဆိတ် ၈၀၀ ဂရမ်
ကြက်သွန်နီ ၅ မြွှာ (နုတ်နုတ်စဉ်း/ ကြိတ်)
ကြက်သွန်ဖြူ ၂ မြွှာ (နုတ်နုတ်စဉ်း/ ကြိတ်)
ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
Paprika လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
နံနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
ဆား လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဟင်းသီးဟင်းရွက်ဆီ ၁/၄ ခွက်
ပင်စိမ်းရွက် ၁/၃ ခွက်

ပြင်ဆင်ပုံ

ပုစွန်ဆိတ်ကို ရေဆေး၊ ခေါင်းဖြုတ်၊ အမြီးဖြုတ်လုပ်ပြီး ရေစင်အောင်စစ်ထားပါ။

ပုစွန်ဆိတ်ကို အခွံသင်နေတုန်း အနံ့မထွက်အောင် ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက်ကို
ပုစွန်ပေါ်မှာ ဖြန်းထားပေးပါ။

အားလုံးပြီးရင် ပုစွန်ကို နံနွင်းမှုန့်နဲ့ ဆားလက်ဖက်ရည်ဇွန်း နောက်တစ်ဇွန်း ထပ်ထည့်ကာ
မိနစ် ၃၀ မျှ နှပ်ထားပါ။

ကြက်သွန်နီကို ခပ်နုပ်နုပ်လေးလှီးထားပါ။

နောက် ကြက်သွန်ဖြူကိုလည်း ညက်ညက်လေးထောင်း (သို့) ညှစ်ထားပါ။

ဒယ်အိုးထဲကို ဆီထည့်ကာ မီးပြင်းပြင်းလေးနဲ့ ဆီပူအောင်တည်ပါ။

နောက် မီးကို နည်းနည်းလျှော့ပြီး မီးမပြင်းတပြင်းနဲ့ ကြက်သွန်များကို ကြော်ပါ။

ကြက်သွန်များရွှေအိုရောင် သမ်းလာပြီး တော်တော်လေးကျွတ်လာပြီဆိုမှ ကြက်သွန်ဖြူ၊
ငရုတ်သီးမှုန့်နဲ့ စစေမငုေ အမှုန့်တို့ကိုထည့်ကာ တစ်မိနစ်မျှ ဆီသတ်ပါ။

နောက် ကြက်သွန်နီများ ခြောက်လာပြီး ညိုလာပြီဆိုရင် ပုစွန်ကိုထည့်ကာ နှံ့အောင် လုံးပါ။

ရေ ၁/၄ ခွက် ခပ်လျော့လျော့လေး ထည့်ကာ ဆီလည်ရေလည် လည်းဖြစ်တဲ့အထိ ချက်ပါ။

အဖုံးလုံးဝမအုပ်ပါနဲ့။ ပုစွန်လေးတွေ ကွေးလာပြီး ရေခမ်းကာနီးချိန်မှာ မီးကိုပြန်တင်ကာ
ပင်စိမ်းရွက်များကို ထည့်မွှေပြီး သွက်သွက်လေးကြော်ပါ။

နှစ်မိနစ်လောက် ကြော်ပြီးရင် အိုးကိုချကာ စားသုံးနိုင်ပါပြီ။

အစပ်ကြိုက်တတ်သူတွေဆိုရင် ငရုတ်သီးစိမ်းလေးခွဲပြီး ပင်စိမ်းရွက်နဲ့ရောထည့်ကာ ကြော်လို့
ရပါတယ်။

ပွဲပြင်ပြီးရင် ထမင်းဖြူလေးနဲ့ အိုးလူးပြီးစားရင် ကောင်းမှ ကောင်းပါပဲ။

နောက်ထပ်ဟင်းတစ်မျိုးကတော့ ဆစ်ဒ်နီက dim sum ဆိုင်တွေမှာ ကိုက်လန်ရွက်သုပ်ဆိုပြီး
အရွက်ကို ရေလုံပြုတ်ပြီး အရသာအရည်လေးဆမ်းကာ ရောင်းလေ့ရှိပါတယ်။

အရွက်ထူထူကြီးတွေနဲ့မို့ သိပ်မကြိုက်တာနဲ့ ကိုယ့်ဘာသာကိုယ်လက်တည့် စမ်းထားရာက
ချက်ဖြစ်နေကျ ဟင်းလေးတစ်ခွက်ပါ။

ကိုက်လန်ရွက် ခရုဆီဆော့စ်သုပ်
ပါ၀င်ပစ္စည်းများ
(၆ ဦးစာ)

ကိုက်လန် ၄ စည်း
ကြက်သွန်ဖြူ ၂ မြွှာ (နုတ်နုတ်စဉ်း/ ကြိတ်)
ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နှမ်းလှော်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ခရုဆီ စားပွဲဇွန်း ၂ ဇွန်းခွဲ
ရေ စားပွဲဇွန်း ၄ ဇွန်း

ပြင်ဆင်ပုံ

ကိုက်လန်အရွက်၊ အဖူးနဲ့ အရိုးအနုလေးများကို ရွေးပြီး အပင်လိုက်ချိုးကာ ထားပါ။

အရွက်ရင့်များနှင့် အရိုးရင့်များကို လွှင့်ပစ်ပါ။

ပြီးရင် ရေဆေးကာ ရေစင်အောင် စစ်ထားပါ။

နောက် ရေတစ်လီတာခွဲနဲ့ ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်းကို အိုးတစ်လုံးထဲမှာထည့်ကာ
ရေဆူအောင် တည်ပါ။

ရေဆူရင် ကိုက်လန်အပင်လေးများကို ထည့်ပြုတ်ပါ။ သုံးမိနစ်ဝန်းကျင်လောက်ဆို ရပါပြီ။

ပြုတ်နေစဉ်အတွင်း ဇလုံအကြီးတစ်ခုထဲမှာ ရေနဲ့ရေခဲထည့်ကာ အေးစက်နေအောင် လုပ်ထားပါ။

ကိုက်လန်များရပြီဆိုရင် ချက်ချင်းဆယ်ယူကာ ရေခဲရေထဲမှာ ထည့်ပြီး စိမ်ပါ။

အကျက်ရပ်သွားအောင် ဖြစ်ပါတယ်။

လေးမိနစ်လောက် အနည်းဆုံးစိမ်ထားပါ။

ပြီးမှ ရေစစ်ကာ ရေပြောင်အောင် ညှစ်ယူပါ။ ဒယ်ပြားထဲမှာ ဟင်းသီးဟင်းရွက်ဆီနဲ့ နှမ်းလှော်ဆီကို
ထည့်ကာ ဆီနွေးလာအောင်တည်ပါ။

ပြီးရင် ခရုဆီဖျော်ရည်ကိုထည့်ပြီး မွှေပါ။

နောက် ကြက်သွန်ဖြူများကို ထည့်ကာ ၂ - ၃ မိနစ်လောက် တည်ပါ။

ပြီးရင်အိုးကို ချပါ။ ငရုတ်ကောင်းအဖြူမှုန့်အနည်းငယ်ကို ဖြူးပါ။

ကိုက်လန်များကို အလျားလိုက်စီကာ လေးစင်တီမီတာ အရှည်များဖြတ်ပြီး ပန်းကန်ပြားပေါ်မှာ
စီထည့်ပါ။

နောက် ခရုဆီဆော့စ်ကို လောင်းထည့်ပြီး စားသုံးနိုင်ပါပြီ။

 
[