ဒီတစ်ပတ်မှာတော့... သမ္မတ ရုပ်ရှင်ရုံမှာ ဒါရိုက်တာ ၀ိုင်း ရိုက်ကူးတဲ့ 'မာယာပရောဂျက်'
ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။
သွင်နဲ့ မင်္ဂလာ(၁) ရုပ်ရှင်ရုံတွေမှာတော့ "Still II" တူးဒီထိုင်းသရဲကားကို ရုံတင်ထားပါတယ်။
မင်္ဂလာ(၂) ရုပ်ရှင်ရုံမှာတော့ "300: Rise of an Empire" သရီးဒီရောမ စစ်ကားကိုပဲ ဆက်လက်
ပြသနေပါတယ်။
ရှေ့ဆောင်(၁) ရုပ်ရှင်ရုံမှာလည်း "Divergent" အမေရိကန်အက်ရှင် ဇာတ်ကားကိုပဲ ဆက်လက်
ရုံတင်ထားပြီး ရှေ့ဆောင်(၂) ရုပ်ရှင်ရုံမှာတော့ "Need for Speed" သရီးဒီဇာတ်ကားကို
ရုံတင်ထားပါတယ်။
နေပြည်တော်နဲ့ တော့ရွိုင်ရယ် ရုပ်ရှင်ရုံတွေမှာတော့ "Noah" သရီးဒီဇာတ်ကားကို စတင်ရုံတင်
လာပါတယ်။
ဂျန်းရှင်းမော်တင် က ရုပ်ရှင်ရုံတွေမှာတော့ 'မာယာပရောဂျက်' ဇာတ်ကားနဲ့ "Need for Speed"
သရီးဒီဇာတ်ကားတို့ကိုပဲ ဆက်လက်ပြသနေပြီး ဂျန်းရှင်းစကွဲက ရုပ်ရှင်ရုံတွေမှာတော့
'မာယာပရောဂျက်' နဲ့ "Need for Speed" သရီးဒီ ဇာတ်ကားတို့အပြင် "Non Stop" တူးဒီ
ဇာတ်ကားကိုလည်း ရုံတင်လာပါတယ်။
နေပြည်တော် ဂျန်းရှင်း Minitheatre မှာတော့ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ 'စေတန်ရဲ့ ကချေသည်'
ဇာတ်ကားကို စတင်ရုံတင်ထားပြီး နေတိုး၊ သက်မွန်မြင့်၊ ဇင်ဝိုင်း၊ မင်းသစ်နဲ့ တခြား
သရုပ်ဆောင်များစွာ ပါ၀င်သရုပ်ဆောင်ထားပါတယ်။
