သင်္ကြန်တွင်း ပျင်းရင် ထွေလီကာလီလေးတွေ လုပ်စားနိုင်ဖို့ နည်းလေးတွေကို ဒီတစ်ပတ်မှာ
ရေးပေးဖို့ စီစဉ်ထားပါတယ်။
ပထမဆုံး ပန်းသီးလီမွန်ဆော့စ် လုပ်နည်းကို ရေးထားပါတယ်။ သူ့ကိုတော့ အချဉ်ဓာတ်လေး
ကဲချင်တာမို့ Granny smith လို့ခေါ်တဲ့ ပန်းသီးအစိမ်းရောင်လေးတွေနဲ့ ချက်ထားပါတယ်။
အချိုပဲတည်းတည်း၊ ဟင်းအတွဲအနေနဲ့ပဲစားစား ကြိုက်သလို တွဲဖက်နိုင်ပါတယ်။ နောက်ပြီး
ရေခဲသေတ္တာထဲမှာ ပုလင်းထဲကိုထည့်ပြီး လေလုံအောင်ထားရင် သုံးရက်လောက် ကောင်းကောင်း
ထားနိုင်ပါတယ်။
နောက်တစ်ခုကတော့ cranberry ဆော့စ်ပါ။ သူ့ကိုတော့ ရယ်ဒီမိတ် ၀ယ်လို့ရပေမယ့် ဖြိုးက
အမွှေးအကြိုင်လေးတွေပေါင်းစပ်ပြီး ကိုယ့်စိတ်ကြိုက် ပြန်ချက်လေ့ရှိပါတယ်။ သူလည်းပဲ
ချဉ်ဖြံုးဖြံုးလေးရှိတာမို့ အအီပြေအနေနဲ့ အချိုပွဲစာ လိုမျိုးပဲပြင်ပြင်၊ ဟင်းအတွဲအနေနဲ့ဖြစ်ဖြစ်
နှစ်မျိုးစလုံး အဆင်ပြေပါတယ်။
ပန်းသီးစိမ်း လီမွန်ဆော့စ်
ပါ၀င်ပစ္စည်းများ
Granny smith ပန်းသီးစိမ်း ၄ လုံး
သံပရိုသီး ၁ လုံး (အခွံကို ပါးပါးလေးခြစ်ယူပြီး အရည်ညှစ်ယူမယ်)
Brown သကြား (မုန့်ဖုတ်ရာမှာသုံးတဲ့ သကြား) (သို့) သဘာဝသကြား စားပွဲဇွန်း ၁ ဇွန်းခွဲ
ဆား လက်ဖက်ရည်ဇွန်း ၁/၈ ဇွန်း
ပြင်ဆင်ပုံ
ပန်းသီးစိမ်းတွေကို အခွံခွာ၊ အစေ့ထုတ်ပြီး အတုံးလေးတွေဖြစ်အောင် လှီးထားပါ။
နောက် သံပရိုသီးအရည် စားပွဲဇွန်းနှစ်ဇွန်းကို ရေနှင့်ဆတူရောကာ အိုးတစ်အိုးထဲမှာ ပန်းသီးများနှင့်
အတူ ရောထည့်ပြီး ပြုတ်ပါ။
မီးမပြင်းတပြင်းကိုသုံးပြီး အရည်များ ပွက်သည်အထိ တည်ပါ။
အိုးပွက်လျှင်ပွက်ချင်း မီးကိုလျှော့ကာ အဖုံးအုပ်ပြီး ပန်းသီးများ နူးအိလာသည်အထိ ပြုတ်ပါ။
နောက် ဆား၊ သကြားနှင့် လီမွန် အခွံလေးများကိုထည့်ပြီး မွှေကာ အအေးခံထားပါ။
ပန်းသီးဆော့စ် ခပ်နွေးနွေးလေးရှိလာချိန်မှာ blender ထဲသို့ ထည့်ပြီးမွှေပါ။
ပန်းသီးအနှစ် ပျစ်စေးစေးလေးဖြစ်လာရင် မွှေစက်ကိုရပ်ပြီး ဖန်ပုလင်းထဲသို့ ပြောင်းထည့်ကာ
အပူ၊ အအေး ကြိုက်နှစ်သက်သလို သုံးဆောင်နိုင်ပါတယ်။
ရိုးရိုးဘီစကွတ် နှစ်ခုအကြား၊ Sponge ကိတ်မုန့်နှစ်ခုအကြား ပန်းသီးလီမွန်ဆော့စ် အေးအေးလေး
ကိုညှပ်ပြီး စားရင်လည်း ကောင်းပါတယ်။
ဒါမှမဟုတ် ၀က်သားကင်တို့၊ roast လုပ်ထားတဲ့ ၀က်သားတို့နဲ့တွဲပြီး ပန်းသီးလီမွန်ဆော့စ်
နွေးနွေးလေးနဲ့ စားရင်လည်း ကောင်းပါတယ်။
အဲဒီလို စားမယ်ဆိုရင်တော့ သကြားကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက်သာ ထည့်ပါ။
သကြားကို သဘာဝသကြား သုံးပါတယ်။ သူက အရောင် ညိုညစ်ညစ် ဖြစ်နေတတ်ပါတယ်။
သန့်စင်ထားတဲ့ သကြားအဖြူတွေကို သုံးမယ်ဆိုရင်တော့ ဓာတုဗေဒဆိုးဆေးများကိုသုံးပြီး
သန့်စင်ခြင်းမရှိဘူးဆိုတဲ့ ထောက်ခံချက်မျိုး ပါတာမျိုးကို ၀ယ်ယူသင့်ပါတယ်။
ခရမ်ဘယ်ရီဆော့စ် (Cranberry)
ပါ၀င်ပစ္စည်းများ
SW တံဆိပ် ခရမ်ဘယ်ရီဆော့စ် ဘူးတစ်ဝက်
ထောပတ်စားပွဲဇွန်း ၂ ဇွန်း
ဖာလာစေ့ ၃ စေ့
လေးညှင်း ၄ ပွင့်
ဆား အနည်းငယ်
ပြင်ဆင်ပုံ
ထောပတ်ကို ညသညnon stick fried pan (မတူးနိုင်တဲ့ ဒယ်အိုး) ထဲထည့်ကာ မီးအေးအေးဖြင့်
အရည်ပျော်အောင် တည်ထားပါ။
ပြီးရင်် ဖာလာစေ့နဲ့ လေးညှင်းပွင့်များကို ထည့်ကာ ဆီသတ်ပါ။
တစ်မိနစ်လောက် ဆီသတ်ပြီးရင်် ခရမ်ဘယ်ရီဆော့စ်များကို လောင်းထည့်ကာ မီးအေအေးလေး
ဖြင့် နှံ့အောင် မွှေပါ။
အချိုပွဲအတွက်ဆိုရင်တော့...
သကြား စားပွဲဇွန်းနှစ်ဇွန်းကို ရေနွေး စားပွဲဇွန်းတစ်ဇွန်းနဲ့ ပျော်အောင် ဖျော်ပြီး ထည့်ပါ။
နောက် မီးအေးအေးနဲ့ ၄ - ၅ မိနစ်လောက် အိုးကို တည်ထားကာ မွှေပြီး မီးဖိုမှချကာ အအေးခံပါ။
ပြီးရင်် သူ့ကိုလည်း sponge ကိတ်မုန့်လိုမျိုး ကိတ်မုန့်များနဲ့ ညှပ်ပြီး တွဲစားလို့ရပါတယ်။
စိတ်ရှည်ပြီး အလှအပလေးတွေ၊ ကိုယ်ပိုင်ဟန်လေးတွေနဲ့ ကိတ်မုန့်ကို အလှဆင်ချင်တယ်
ဆိုရင်တော့ ကိတ်မုန့်နှစ်ခုကြားမှာ ခရမ်ဘယ်ရီဆော့စ်ကို ထူထူလေးသုတ်ပြီး ကိတ်မုန့်အပေါ်မှာ
ခပ်ပါးပါးလေး သုတ်လိမ်းပြီး အသီးအနှံ လတ်လတ်ဆတ်ဆတ်လေးတွေကို အစီအရီ စီထည့်နိုင်
ပါတယ်။
အသားကင်နဲ့ တွဲစားမယ်ဆိုရင်...
၀က်သားကင်တို့၊ မသေျအ လုပ်ထားတဲ့ ၀က်သားတို့နဲ့ တွဲပြီး စားချင်တယ်ဆိုရင်တော့
ဆော့စ်ထဲကို အသားအရည်လေးထည့်ပေးဖို့ လိုပါတယ်။
သကြားထည့်စရာ မလိုတော့ပါဘူး။
၀က်သားနဲ့ တွဲစားဖို့ ဆော့စ်ကို ချက်မယ်ဆိုရင်တော့ ၀က်သားကို ကင်တုန်း၊ ကြော်ချက်တုန်း
ထွက်လာတဲ့ အသားထဲကအရည်ကို ခပ်ထားပြီး ဆော့စ်ထဲကိုထည့်ကာ ရောမွှေပေးပါ။
Gravy လို့ခေါ်တဲ့ အနှစ်လိုမျိုးဖြစ်အောင် ချက်တာပါ။
ပြီးမှ ခရမ်ဘယ်ရီဆော့စ်ကို အသားပေါ်က လောင်းထည့်ပါ။
အပေါ့အငန်အတွက် ဆားကိုသာ ထည့်ပါ။
