ကယားပြည်နယ်၌ ယခုနှစ်အစောပိုင်းက ရှေးဟောင်းကျောက်ဂူ သချႋုင်းတစ်ခု ထပ်မံ တွေ့ရှိ
ထားကာ ဂူထဲတွင် ရှေးဟောင်း အခေါင်း ၁၅ လုံးခန့် တွေ့ရှိခဲ့ရကြောင်း သွား ရောက်လေ့လာ
ခဲ့သည့် သုခမိန်ပြည်တွင်း ခရီးသွားလုပ်ငန်းက ဦးမျိုးက ပြောသည်။ လွိုင်ကော်မြို့မှ ၁၀ မိုင်ခန့်
အကွာတွင် တည်ရှိသော ၎င်းကျောက်ဂူထဲတွင် ရှေးဟောင်း လူသေအလောင်းများထည့်သည့်
အလျားကိုး ပေခန့်အရှည်ရှိသော အခေါင်းများကို တွေ့ရှိ ရသည့်အတွက် ဒေသခံများက
'ကျတ်ဂူ' ဟု အမည်ပေးထားကြောင်း ၎င်းက ပြောသည်။
သို့သော် ရှေးဟောင်းသုတေသနဌာနက သုတေသနလုပ်ငန်းများ မပြုလုပ်ရသေးသည့်အတွက်
၎င်းကျတ်ဂူ၏ သက်တမ်း၊ တွေ့ရှိရသည့် အခေါင်းများထဲတွင်ရှိသည့် လူမျိုးများသည် မည်သည့်
လူမျိုးများဖြစ်နိုင်ကြောင်း၊ ဘာကြောင့်၎င်းကျောက်ဂူထဲတွင် မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြောင်းအစရှိသည်
များကို မည်သူမှ တိတိကျကျ မသိရှိရသေးကြောင်း ၎င်းက ပြောသည်။
"စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကိုယ့်နိုင်ငံ မှာ ဒီလိုရှေးဟောင်းအမွေအနှစ်ဂူတွေ ရှိနေသေးတယ်
ဆိုတာ ၀မ်းသာဂုဏ်ယူဖို့ ကောင်း ပါတယ်။ ရှေးဟောင်းသုတေသနဌာနက သေသေချာချာလေ့
လာဆန်းစစ်မှုတွေ ပြုလုပ် ပြီးသွားရင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာ တစ်ခုဖြစ်လာနိုင်တယ်
လို့ထင်ပါတယ်"ဟု ဦးမျိုးက ပြောသည်။
ပင်လယ်ရေမျက်နှာပြင်မှအထက် ပေ ၁၀၀ ခန့်တွင် တည်ရှိနေသော ၎င်းကြပ်ဂူ၏ အဝင်ဝသည်
ပေ ၈၀ ခန့်အကျယ်ရှိပြီး အမြင့် မှာ ပေ ၃၀ မှ ၃၅ ပေခန့် အထိရှိကြောင်း သိရ သည်။
လာရောက်လေ့လာသူ နည်းနေသေး သော ကြပ်ဂူတွင် လျှပ်စစ်မီးတပ်ဆင်ထားခြင်း မရှိသေး
သည့်အတွက် သစ်သားဖြင့် ပြုလုပ်ထားသော အခေါင်းများကို ဓာတ်မီး အလင်းရောင်ဖြင့်သာ
ကြည့်ရှုလေ့လာခဲ့ရကြောင်း ဦးမျိုးက ပြောသည်။
မြန်မာလူမျိုးများ၏ ရှေးဟောင်းသမိုင်း ၀င်အမွေအနှစ် နေရာများနှင့် ပစ္စည်းများ အပေါ် စိတ်ပါ၀င်
စားမှုအားနည်းခြင်း၊ အသိ ပညာပေးမှုအားနည်းခြင်းတို့သည် ရှေးဟောင်း သမိုင်းဝင်နေရာများ
ပျက်စီးရခြင်း၏ အကြောင်းအရင်းတစ်ရပ်ဖြစ်ကြောင်း ဦးမျိုး က ပြောသည်။
"ခရီးစဉ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေက မရောက်ဖူးတဲ့ နေရာဒေသတစ်ခုမို့ လာရောက်ခြင်း
သာဖြစ်ပြီး သမိုင်းနဲ့ပတ် သက်ပြီး လေ့လာမှုအားနည်းတာ ၀မ်းနည်း စရာ ကောင်းပါတယ်။
နိုင်ငံခြားသားတွေရဲ့ ခရီးစဉ်တစ်ခုအပေါ် လေ့လာမှုအားနဲ့ နှိုင်း ယှဉ်ကြည့်မယ်ဆိုရင် လိုက်မမီဘူး
လို့ ထင်ပါ တယ်"ဟု ၎င်းက ပြောသည်။





