မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၏ (၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ကျင်းပပြုလုပ်

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၏ (၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ကျင်းပပြုလုပ်

မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်ရာ၌ အဓိကအခန်းတစ်ခုကဏ္ဍတစ်ခုပါ၀င်သည့်
ခရီးသွား လုပ်ငန်းသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်လျက်ရှိလျက်ရှိပြီး ခရီးသွားဦးရေဝင်ရောက်
မှုမှာလည်း တိုးပွား လျက်ရှိကြောင်း ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာစိုင်းကျော်အုန်းက
ဩဂုတ်လ (၉)ရက်နေ့တွင် ပြော ကြားသည်။

မြန်မာနိုင်ငံ၏ခရီးသွားဦးရေဝင်ရောက်မှုနှုန်းမှာ ၂၀၁၁ ခုနှစ်က (၈)သိန်းခန့်ရှိခဲ့ပြီး ၂၀၁၄ခုနှစ်
ဧပြီလကုန် အထိ တွင် ၁.၆ သန်းကျော်အထိ တိုးတက်လာပြီး ပြည်ပခရီးသွားဦးရေမှာလည်း
တိုးတက်လျက်ရှိကြောင်း ယုဇနဂါးဒင်းဟိုတယ်၌ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံခရီးသွားလုပ်
ငန်းရှင်များအသင်း၏ (၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် ၎င်းကပြောသည်။

စက်တင်ဘာလတွင် အီးဗီဇာစနစ်စတင်တော့မည်ဖြစ်ပြီး ၀န်ကြီးဌာနမှမျှော်မှန်းထားသည့်
ခရီးသွားဦးရေ သုံးသန်းကျော်အထိ တိုးပွားလာရေးသည် ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက
ပြောသည်။

မြန်မာနိုင်ငံခရီးသွားလုပု်ငန်းရှင်များအသင်း အနေဖြင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ
စေရန် ဆောင် ရွက်လျက်ရှိသည့်အပြင် သမ္မတထံသို့ အကြံုပြုတင်ပြချက် တင်သွင်းထားပြီး
ဒုတိယသမ္မတက အမျိုးသား ခရီး သွားဖွ့ံဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို အဖွဲ့ဝင်(၁၈) ဦး
ဖြင့် ဖွဲ့စည်းပေးထားပြီဖြစ်ကြောင်း UMTA မှ အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်က
ပြောသည်။

ယင်းခမ်းအနားသို့ ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာစိုင်းကျော်အုန်း၊နှင့် မြန်မာနိုင်ငံခရီး
သွားလုပ်ငန်းရှင် များအသင်းမှ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံခရီးသွားလုပ်
ငန်းရှင်များအသင်းကို ၂၀၀၂ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်စုစု ပေါင်း (၇၃၀)
ကျော်ခန့််ရှိကာ အဖွဲ့ဝင်(၂၀၀)ခန့်သည် အဖွဲ့ဝင်သစ်များဖြစ်သည်။

 
[