ပြင်သစ်အခြေစိုက် နိုင်ငံတကာဟိုတယ် လုပ်ငန်း စီမံခန်ခွဲရေး အုပ်စုဖြစ်သည့် Accor က
မြန်မာနိုင်ငံ၏ ပထမဆုံးသော Novotel ဟိုတယ်အဖြစ် ကြယ်လေးပွင့်အဆင့် Novotel အင်းလေး
မြတ်မင်းဟိုတယ်ကို အောက် တိုဘာလ ၆ ရက်နေ့က တရားဝင် ဖွင့်လှစ်လိုက်သည်။
အင်းလေးကန်၏ အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိနေသည့် အဆိုပါဟိုတယ်ကို အမေရိကန်
ဒေါ်လာ ၂၅ သန်းခန့် ရင်းနှီးမြှုပ်နှံ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ဟိုတယ်တွင် Junior Suit အမျိုးအစား အခန်း ၆၀ ၊ Lake Villas အမျိုးအစား အခန်း ၆၀ နှင့်
သီးသန့် ရေကူးကန်ငယ်၊ ဧည့်ခန်းနှင့် အိပ်ခန်းသီးခြားစီ အဆင့်မြင့်ပြင်ဆင်ထားသည့် Presidential
Villas နှစ်ခန်း၊ စုစုပေါင်း အခန်း ၁၂၂ ခန်းပါရှိပြီး အခြားဝန်ဆောင်မှုများအဖြစ် စားသောက် ဆိုင်
သုံးဆိုင်၊ ဘားနှစ်ခု၊ ခန်းမဆောင်၊ အစည်း အဝေးခန်း နှစ်ခန်း၊ စီးပွားရေးစင်တာ၊ ရေကူးကန်၊
ကိုယ်ကာယလေ့ကျင့်ခန်းမနှင့် စပါးတို့ ပါ၀င်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလက Accor နှင့် မြတ်မင်းကုမ္ပဏီတို့ ချုပ်ဆိုခဲ့သော အကျိုးတူ ပူးပေါင်းမှု
စာချုပ်အရ ယခု Novotel အင်းလေး မြတ်မင်းဟိုတယ်အပြင် ရန်ကုန် မြို့၊ မရမ်းကုန်းမြို့နယ်တွင်
ကြယ်ငါးပွင့် အဆင့် Pullman ရန်ကုန်ဟိုတယ်နှင့် ှနဘနူ ရန်ကုန် မြတ်မင်းခေါ် အဆင့်မြင့်
၀န်ဆောင်မှု ပါ Serviced Residence တစ်လုံးကိုပါ တည် ဆောက်မည် ဖြစ်သည်။
"ကျွန်တော်တို့ရဲ့ စတုတ္ထမြောက် ဟိုတယ်ကိုလည်း ပုဂံမှာဆောက်ဖို့ စီစဉ်နေပါတယ်။ ပုဂံမှာ
ဆောက်မယ့်ဟိုတယ်ကိုလည်း Accor နဲ့ပဲ ဆက်ပူးပေါင်းဖို့ များပါတယ်။ ပုဂံမှာ တည်ဆောက်
ခွင့်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ခွင့်ပြုမိန့်တွေလည်း ရထားပြီးဖြစ်တဲ့အတွက် ကျွန်တော်တို့
ရှေ့နှစ်မှာ စဆောက်မှာပါ"ဟု မြတ်မင်းကုမ္ပဏီအုပ်ချုပ်ရေး ဒါရိုက်တာ ဦးဖြိုးလှဝေက ပြော
သည်။
ထို့အပြင် Accor အုပ်စုသည် စီးပွားရေး လုပ်ငန်းရှင် ဦးဇော်ဇော်ပိုင်သည့် မက်စ်မြန်မာ
ကုမ္ပဏီနှင့် ပူးပေါင်းကာ ပြည်လမ်းပေါ်ရှိ တည်ဆောက်နေဆဲ သြလသအနူ ဟိုတယ်
ရန်ကုန် အပြင် မန္တလေးနှင့် နေပြည်တော်မြို့တို့တွင် ဟိုတယ်များဖွင့်လှစ် ဆောက်ရွက်ရန်
နှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးပြီးဖြစ်သည်။
Accor အုပ်စု၏ ထိုင်း၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင် နှင့်
မြန်မာနိုင်ငံများဆိုင်ရာ စီမံခန့်ခွဲမှု အရာရှိချုပ်ဖြစ်သူ မစ္စတာ ပက်ထရစ်ဘက် ဆတ်က Novotel
အင်းလေး မြတ်မင်းဟိုတယ် သည် ဗခခသမ အုပ်စု၏ မြန်မာနိုင်ငံတွင် ရှေ့နှစ် အတွင်းဖွင့်လှစ်
မည့် ဟိုတယ် ၁၀ ခုအနက် တစ်ခုဖြစ်ကြောင်း ပြောသည်။
"ကျွန်တော်တို့ Novotel နဲ့ မြတ်မင်းကုမ္ပဏီ တို့ ပူးပေါင်းပြီး ကြယ်ငါးပွင့်အဆင့် Pullman ရန်ကုန်
ဟိုတယ်ကို တည်ဆောက်နေပါတယ်။ အခုတော့ အဲဒီစီမံကိန်းရဲ့ ဒုတိယပိုင်း အဆင့် ကို ရောက်
နေပါပြီ။ ပြီးခဲ့တဲ့ စက်တင်ဘာလ ထဲမှာ နေပြည်တော်က ကြယ်ငါးပွင့်အဆင့်မီ M-Gallery ဟိုတယ်
ကို ဖွင့်လှစ်ခဲ့ပါတယ်။ ရန်ကုန်မှာ မက်စ်မြန်မာကုမ္ပဏီနဲ့ တည်ဆောက် နေတဲ့ Novotel ဟိုတယ်
ရန်ကုန်ကိုလည်း လာမယ့် ဒီဇင်ဘာလမှာ အကြိုဖွင့်လှစ်ဖို့ ရှိပါတယ်။နောက် မန္တလေးမြို့နဲ့ မူဆယ်
မှာလည်း ဖွင့်လှစ်ဖို့ ရှိပါတယ်။
Accor အနေနဲ့ မြန်မာ နိုင်ငံမှာ အဆင့်မြင့်ဇိမ်ခံဟိုတယ်နဲ့ ဈေး သက်သာတဲ့ ဟိုတယ်အသေးတွေ
ထပ်တိုးချဲ့ တည်ဆောက်မယ့် အစီအစဉ်တွေ ရှိပါသေး တယ်"ဟု မစ္စတာ ပက်ထရစ်ဘက်ဆတ်
က မြန်မာတိုင်း(မ်)ကို ပြောသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်
စုဝန်ကြီး ဦးဌေးအောင်ကလည်း ဗခခသမ အုပ်စု မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည်ကို
၎င်းအနေဖြင့် ကြိုဆိုကြောင်း ပြောကြားသည်။
"Novotel ဟိုတယ်ဆိုတာ ကျွန်တော်တို့ နိုင်ငံကို အခုမှ ရောက်လာတာ မဟုတ်ပါဘူး။ လက်ရှိ
Mandalay Hill Resort က ၁၉၉၆ ခုနှစ် ကတည်းက Novotel ဟိုတယ်မန္တလေးအဖြစ် ဖွင့်ခဲ့တာ
ပါ။ "ဒါပေမဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပိတ်ဆို့မှု တွေကြောင့် တခြားနိုင်ငံတကာ ကုမ္ပဏီတွေ လိုပဲ
Accor လည်း မြန်မာနိုင်ငံကနေထွက်သွား ပါတယ်။ အစိုးရသစ် ပြုပြင်ပြောင်းလဲမှုတွေ ကြောင့်
အခုတစ်ဖန်ပြန်ဝင်လာတဲ့အတွက် ကျွန်တော့်အနေနဲ့ ကြိုဆိုပါတယ်" ဟု ၎င်းက ပြောကြားသည်။





