အပျော်စီးသင်္ဘောကုမ္ပဏီတစ်ခုဖြစ်သည့် Royal Green River ကုမ္ပဏီသည် နိုင်ငံခြားသား
ခရီးသွားနှင့် ပြည်တွင်းခရီးသွားများ ရန်ကုန် မြစ်အတွင်း ညနေ နေဝင်ဆည်းဆာ သဘာဝ ရှုခင်း
များ ကြည့်ရှုခံစားနိုင်ရန် ခရီးသည် ၁၂၀ လိုက်ပါစီးနင်းနိုင်သည့် Royal Green River Prince
အပျော်စီးင်္ဘောကို အပတ်စဉ် သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့တို့တွင် တိုးချဲ့ ပြေးဆွဲပေးလျက်
ရှိသည်။
"မြစ်အတွင်း ဒင်နာအပျော်စီးသင်္ဘောကို သင်္ဘောအကြီးကြီးနဲ့ ပြေးဆွဲပေးချင်တာ ကြောင့်
အခုလိုထပ်တိုးပြေးဆွဲတာပါ။ ဈေးနှုန်းကလည်း အရင်နှစ်အတိုင်း ပြောင်းလဲ မှု မရှိပါဘူး။
ဒီနှစ်ပြေးဆွဲတဲ့ သင်္ဘောက ပိုကြီးတဲ့အတွက် ၀န်ဆောင်မှုကိုမြှင့်ထားပါ တယ်။ ခရီးသွား
တွေလည်း အရင်နှစ်ကထက် ပိုများလာမယ်လို့ ယုံကြည်ပါတယ်" ဟု အရောင်းစီမံခန့်ခွဲရေး
အရာရှိ ဒေါ်ဆုဆုဝေ အောင်က မြန်မာတိုင်း(မ်)ကိုပြောသည်။
အဆိုပါသင်္ဘောကို ယခုလ ၄ ရက်နေ့က စတင်ထပ်တိုးပြေးဆွဲပေးနေခြင်းဖြစ်ကာ သင်္ဘောပေါ်၌
ညနေစာ ဘူးဖေးသုံးဆောင်နိုင် သည့် ခရီးစဉ်ကို နိုင်ငံသား တစ်ဦးလျှင် ကျပ် ၂၅,၀၀၀ နှင့် နိုင်ငံခြား
သားတစ်ဦးကို အမေရိကန်ဒေါ်လာ ၃၀ သတ်မှတ်ထားသည်။ ှကညျနအ ဃမကငျန ခရီးစဉ်များကို
လည်း အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များတွင် အပတ်စဉ်ပြေးဆွဲပေးလျက်ရှိပြီး နိုင်ငံခြားသားတစ်ဦးကို ဒေါ်လာ
၂၀ နှင့် နိုင်ငံသား တစ်ဦးကို ကျပ် ၁၅,၀၀၀ သတ်မှတ်ထားသည်။ နှစ်နာရီခန့်လိုက်ပါစီးနင်းရမည့်
ခရီးစဉ်အားလုံးကို ဗိုလ်တထောင်ဆိပ်ကမ်းမှစတင်ထွက်ခွာပြီး သန်လျင်တံတားအနီးအထိ
ခုတ်မောင်းပေးသည်။





