မြန်မာ့အကြီးဆုံး အစားအသောက်နှင့် ဟိုတယ် ၀န်ဆောင်မှုဆိုင်ရာ နိုင်ငံတကာကုန်စည် ပြပွဲကို
ယခုလ ၁၅ ရက်မှ ၁၇ ရက်နေ့အထိ ရန်ကုန်မြို့ တပ်မတော်ခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံ ပေါင်း ၂၂
နိုင်ငံက ကုမ္ပဏီပေါင်း ၂၃၈ ခု ပါ၀င်ပြသခဲ့ကြသည်။
ပြပွဲတွင် ဟိုတယ်နှင့် စားသောက်ဆိုင်ဝန်ဆောင်မှု မီးဖိုချောင်သုံးပစ္စည်း၊ စားပွဲအလှဆင်ပစ္စည်း၊
ဟိုတယ်စီမံခန့်ခွဲမှုဆိုင်ရာ စနစ်များ၊ ကော်ဖီနှင့် ကော်ဖီဖျော်စက်များ စသည်တို့ကို ပြသခဲ့ခြင်းဖြစ်
သည်။
ပြပွဲတွင် ပါ၀င်ပြသခဲ့သည့် စင်ကာပူအခြေစိုက် Charles Wembley Myanmar ကုမ္ပဏီမှ ဒါရိုက်တာ
ဦးဖြိုးကျော်သူက နိုင်ငံ ခြားသား ၀င်ရောက်မှုများလာခြင်း၊ ပြည်တွင်း စားသောက်ဆိုင်နှင့် ဟိုတယ်
လုပ်ငန်းရှင်များ ၏ အသုံးပြုနိုင်အားမြင့်မားလာခြင်း၊ စားသုံး သူများ၏ အရည်အသွေးကောင်းမွန်မှု
ဦးစား ပေး စားသုံးလာခြင်းတို့ကြောင့် အစား အသောက်နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ နိုင်ငံတ
ကာကုန်စည်ပြပွဲသို့ ပထမအကြိမ် ၀င်ရောက်ပြသခြင်းဖြစ်ကြောင်း ပြောသည်။
"အရင်တုန်းက ဆိုင်ကောင်းကောင်းတွေ ထက် လမ်းဘေးဆိုင်တွေပိုများတယ်။ နိုင်ငံ ခြားသား
၀င်ရောက်မှု များလာတဲ့အတွက် အသုံးပြုနိုင်အား ကောင်းလာတယ်။ အစား အသောက်အရည်
အသွေးကောင်းမွန်ဖို့ အတွက် အသုံးပြုတဲ့ ပစ္စည်းအရည်အသွေးက လည်း ကောင်းသင့်လာပြီလို့
ထင်ပါတယ်။ မြန်မာနိုင်ငံက အချိန်တိုအတွင်းမှာ စင်ကာပူ၊ ကိုရီးယား့လိုပဲ ဘယ်သွားသွား အစား
အသောက်နဲ့ ဟိုတယ်ဝန်ဆောင်မှုက အတူတူ ပဲဖြစ်လာတော့မှာပါ" ဟု ၎င်းက ပြောသည်။
၎င်းတို့အနေဖြင့် ကော်ဖီဖျော်စက်၊ ရေခဲ မုန့်စက်၊ ရေခဲမုန့်ပါ၀င်ပစ္စည်းနှင့် ကော်ဖီမှုန့် များကို
အမေရိကန်၊ အီတလီနှင့် တရုတ်နိုင်ငံ တို့က အဓိကတင်သွင်းပြီး မြန်မာနိုင်ငံက သုံးစွဲသူများ
အတွက် လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်သည်ဟု ၎င်းကပြောသည်။ လေးကြိမ်မြောက်
၀င်ရောက်ပြသသည့် Grand Wynn Group of Companies မှ ဈေးကွက်မန်နေဂျာ
ဒေါ်နုနုရည်ကလည်း အစားအစာများတွင် အဓိကပါ၀င်သည့် စားသုံးဆီရွေးချယ်ရာတွင်
FDA အသိအမှတ်ပြုလက်မှတ်ပါရှိသော အရည်အသွေးမြင့် စားသောက်ကုန်များကိုသာ
ရွေးချယ်စားသုံး စေရန် ပြသခြင်းဖြစ်သည် ဟုဆိုသည်။
စားသောက်ဆိုင်နှင့် ဟိုတယ်ပိုင်းဆိုင်ရာ အဓိကဝန်ဆောင်မှုပေးချင်သည့်အတွက် အင်္ဂလန်
အမှတ်တံဆိပ် WiMax ဟိုတယ်နှင့် စားသောက်ဆိုင်သုံး မီးဖိုချောင်သုံးပစ္စည်း များကို ပထမ
အကြိမ် ၀င်ရောက်ပြသခြင်းဖြစ် ကြောင်း New World ကုမ္ပဏီမှ ဈေးကွက် ဒါရိုက်တာ ဦးအောင်
ကျော်ဇင်က ပြောသည်။
"မြန်မာနိုင်ငံက စားသောက်ဆိုင်နဲ့ ဟိုတယ် လုပ်ငန်းရှင်တွေအနေနဲ့ ရောင်းအားရော၊ သုံးအား
ရော အရင်ထက်အများကြီးမြင့်လာ တယ်။ ဈေးကလည်း အရမ်းဈေးမကြီးဘဲ မြန်မာဈေးကွက်
အတိုင်း ရောင်းပေးထားပါ တယ််"ဟု ၎င်းကပြောသည်။





