ပြည်တွင်းလေကြောင်း လိုင်းသစ်နှစ်ခု ဖြစ်သည့် အက်ဖ်အမ်အိုင် လေကြောင်းလိုင်းနှင့် အေးပက်စ်
လေကြောင်းလိုင်းတို့ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က လုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုလိုက်ပြီ
ဖြစ်သည်။
အောက်တိုဘာလ တတိယပတ်တွင် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး နေပြည်တော် အပြည်ပြည်ဆိုင်ရာ
လေဆိပ်အခြေပြု၍ ပြည်တွင်း ပြည်ပ လေကြောင်းသယ်ယူ ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်ရန်
ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
အက်မ်အမ်အိုင် လေကြောင်းလိုင်းကို Serge Pun and Associates (Myanmar) Ltd. ၏
လုပ်ငန်းခွဲတစ်ခုဖြစ်သည့် FMI Air Ltd. က လုပ်ကိုင်မည်ဖြစ်ပြီး အေးပက်စ် လေကြောင်းလိုင်းကို
တနင်္သာရီတိုင်းဒေသကြီး အခြေစိုက် လုပ်ငန်းစု တစ်ခုဖြစ်သည့် APEX Airline Public Company
Limited. က လုပ်ကိုင်မည်ဖြစ်သည်။
အက်ဖ်အမ်အိုင် လေကြောင်းလိုင်းသည် ရန်ကုန် - နေပြည်တော်ခရီးစဉ်ကို စတင်ပြေးဆွဲလျက်ရှိပြီး
အေးပက်စ် လေကြောင်းလိုင်း က ပြေးဆွဲရန် စီစဉ်လျက်ရှိသည်။





