ယခုနှစ်ခရီးသွားရာသီတွင် ပြည်တွင်းဘုရားဖူးခရီးသွားအရေအတွက် ငါးသန်းကျော်အထိ
တိုးတက်လာနိုင်သည်ဟု ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းမှ အထွေထွေ
အတွင်းရေးမှူး ဦးကျော်မင်းလှိုင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
"ခရီးသွားတဲ့ ပြည်သူတွေရဲ့စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ကောင်းလာ တယ်။ ဒီနှစ်
ပိတ်ရက်တွေကလည်း စနေ၊ တနင်္ဂနွေနဲ့ မတိုက်ဘူးဆိုတော့ ပိတ်ရက်တွေ လည်း များတယ်။
အဲဒါကြောင့် ခရီးပိုသွားလာ ကြတယ်"ဟု ၎င်းကပြောသည်။ ပြည်တွင်းခရီးသွားများ အများဆုံး
သွား လေ့ရှိသော ခရီးစဉ်များမှာ ကျိုက်ထီးရိုး၊ ပုဂံ၊ တောင်ကြီး၊ မန္တလေး၊ ကျိုက်က္ခမီ၊ အပန်းဖြေ
စရာ ခရီးစဉ်များအဖြစ် ချောင်းသာ၊ အကောက် တောင် နေရာများသို့ သွားလေ့ရှိကြောင်း သန်းဌေး
နှင့်ရောင်းရင်းများ ဘုရားဖူးပို့ ဆောင်ရေးပိုင်ရှင် ဦးသန်းဌေးက မြန်မာ တိုင်း(မ်)ကို ပြောသည်။
"ဈေးနှုန်းပြောင်းလဲတာမျိုးမရှိပါဘူး။ တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ချိန်မျိုးမှာ ဟိုတယ်အခန်းခ
တွေ တက်တာကြောင့် ဈေးနှုန်း အပြောင်းအလဲမျိုး ရှိတတ်တယ်။ ကျန်တာ ပြောင်းလဲတာမျိုးမရှိဘူး"
ဟု ၎င်းကပြောသည်။
တဖြည်းဖြည်းတိုးပွားလာသော ဘုရားဖူး ခရီးသွားများနှင့် ပြည်တွင်းဘုရားဖူး ပို့ဆောင် ရေးဂိတ်
များကြောင့် ပြည်တွင်းဘုရားဖူး ဧည့်သည်အရေအတွက် ငါးသန်းမှာ ပြည့်နိုင် သည်ဟု သုခမိန်
ပြည်တွင်းဘုရားဖူး ပို့ဆောင်ရေးပိုင်ရှင် ဦးမျိုးက ပြောသည်။
"တောင်ပြုန်းပွဲတုန်းက ဘုရာဖူးပို့ဆောင် ရေးကားတွေနဲ့ လာကြတဲ့အပြင် ရပ်ကွက်ထဲက ကိုယ်ပိုင်
ကားတွေနဲ့လည်း အများကြီးလာ ကြတယ်။ အဲလို ခရီးသွားတွေများလာတဲ့ အတွက် ဒေသခံတွေ
အပေါ် အများကြီး အကျိုးသက်ရောက်စေတယ်။ ဒေသတွင်း ဖွံ့ဖြိုးမှုတွေ၊ စီးပွားရေး၊ လူုမှုဆက်ဆံ
ရေး တွေ တိုးတက်ကောင်းမွန်လာတယ်" ဟု ဦးမျိုးက ပြောသည်။
ဘုရားဖူးများ တိုးတက်လာခြင်းကြောင့် ဒေသတွင်း တည်းခိုနိုင်သောဟိုတယ်နှင့် ဒေသ ထွက်ကုန်
များ အမြဲတမ်းရောင်းချနေရသည့် အတွက် ဒေသခံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုး တက်စေသလို
ဘုရားဖူးများက စည်းကမ်းမဲ့ စွန့်ပစ်သော အမှိုက်နှင့် ထမင်းဟင်းအကျန်များ ကြောင့် ပတ်ဝန်းကျင်
ညစ်ညမ်းမှုများလည်း ရှိသည်ဟု ၎င်းကပြောသည်။ "အဆိုးနဲ့ အကောင်းကတော့ အမြဲဒွန်တွဲ နေ
ပါတယ်။ အကောင်းချည်းမရှိသလို အဆိုး ချည်းသတ်မှတ်လို့မရပါဘူး။ ဘုရားဖူးခရီးသွား တွေရဲ့
စိတ်သဘောထား ပြုပြင်ပြောင်းလဲလာ ဖို့ ပြည်တွင်းဘုရားဖူးနဲ့ ခရီးသွားဝန်ဆောင် မှု အသင်းမှာ
တာဝန်ရှိပါတယ်။ သူတို့ကိုယ်တိုင် လှုပ်ရှားမှရမှာပါ" ဟု ၎င်းကပြောသည်။
ပြည်တွင်းဘုရားဖူး ခရီးသွားအရေအတွက် မှာ ပြီးခဲ့သည့်နှစ် ဘုရားဖူးရာသီက ၄ ဒသမ ၈ သန်း
ခန့်အထိ ရှိခဲ့ရာ ယခုနှစ်တွင် ငါးသန်း ကျော်အထိရှိလာရန် ခန့်မှန်းထားခြင်း ဖြစ်သည်။





