ဗုဒ္ဓဂယာ ဘုရားဖူး နှစ်သောင်းခန့် တိုးနိုင်

ဗုဒ္ဓဂယာ ဘုရားဖူး နှစ်သောင်းခန့် တိုးနိုင်
ဗုဒ္ဓဂယာ ဘုရားဖူး နှစ်သောင်းခန့် တိုးနိုင်

ဗုဒ္ဓဂယာ ဘုရားဖူး နှစ်သောင်းခန့် တိုးနိုင်

မြန်မာနိုင်ငံမှ ဗုဒ္ဓဂယာသို့ ဘုရားဖူးခရီးသွား ဧည့်သည်များ ယခုနှစ်တွင် ၅၀,၀၀၀ ခန့် အထိ
တိုးတက်လာနိုင်ကြောင်း ဗုဒ္ဓဂယာ ဘုရားဖူး ပို့ဆောင်ရေးလုပ်ငန်း ကော်မတီမှ အတွင်းရေးမှူး
ဦးမောင်မောင်မြင့်က မြန်မာတိုင်း(မ်)ကိုပြောသည်။

"မနှစ်က ဗုံးပြဿနာကြောင့် သွားတဲ့သူ နည်းပေမယ့် ဒီနှစ်သွားတဲ့သူ တိုးလာပါတယ်။ လေကြောင်း
လိုင်းတွေလည်း အရင်ကထက်များလာပြီး လက်မှတ်ခတွေ သက်သာ လာတာ ကြောင့် ခရီးသွား
တွေတိုးလာတာပါ" ဟု ဦးမောင်မောင်မြင့်က ပြောသည်။

ယခင်က ရန်ကုန်နှင့် ဗုဒ္ဓဂယာကြား အဲအိန္ဒိယ လေကြောင်းလိုင်း တစ်ခုတည်း ကသာ ပျံသန်းပေး
နေခဲ့ရာမှ ၂၀၀၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း လိုင်း က စင်လုံးငှား လေယာဉ်
ခရီးစဉ်ကို စတင် ပျံသန်းပေးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ပုံမှန်ခရီးစဉ် များ ပျံသန်းပေးခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ရွှေမြန်မာ လေကြောင်းလိုင်းသည် စင်လုံးငှား လေယာဉ်ခရီးစဉ်များ စတင်ပျံသန်း
ပေးခဲ့ရာ ခရီးသွားများ ယခင်ကထက် လွယ်ကူစွာ သွားလာနိုင်ခဲ့ကြသည်။

"နယ်ကလူတွေ သွားတာပိုများတယ်။ အထူးသဖြင့် ရှမ်း၊ ပအိုဝ်းနဲ့ မွန်တိုင်းရင်းသား တွေ အများ
ဆုံးသွားကြတယ်။ ဘုရားဖူးခရီးစဉ် ဆိုတော့ အသက် ၆၀ ကျော် အသက်ကြီးတဲ့သူတွေသွားကြ
တယ်"ဟု ၎င်းကပြောသည်။

ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်တွင် ရ ညအိပ် ၈ ရက်နှင့် ၁၄ ညအိပ်၁၅ ရက်ကြာ ခရီးစဉ်များ ရှိရာ
ခရီးသွားများသည် နေရာစုံရောက်သော ၁၅ ရက်ခရီးစဉ်ဖြင့် ပိုမိုသွားရောက်လည်ပတ် ကြောင်း
သိရပြီး ၎င်းခရီးစဉ်အတွက် တစ်ဦးလျှင် ကျပ်ကိုးသိန်းသတ်မှတ်ထားပြီး ၈ ရက် ခရီးစဉ်အတွက်
ငွေကျပ်ရှစ်သိန်း ဖြစ်သည်ဟု သိရသည်။ လေကြောင်းလိုင်းများ၏ စရိတ်သက်သာမှု အပြင်
မိမိကြိုက်နှစ်သက်ရာ အဖွဲ့လိုက်ခရီးစဉ်ကို ရွေးချယ်ဝယ်ယူသွားရောက်နိုင် သောကြောင့်
ဂယာဘုရားဖူးခရီးသွား ဧည့်သည် များ တိုးတက်လာခြင်းဖြစ်သည်ဟု အပြည် ပြည်ဆိုင်ရာ
မြန်မာ့လေကြောင်း ဈေးကွက် မန်နေဂျာ ဒေါ်အေးမရသာက မြန်မာတိုင်း (မ်) ကို ပြောသည်။

"အဓိက လေယာဉ်လက်မှတ်ခတွေ ဈေး လျော့လာတာပါတယ်။ ဗုဒ္ဓဘာသာတွေ အထွက်အမြတ်
ထားတဲ့ ဘုရားဖူးခရီးစဉ်ဖြစ် တဲ့အတွက် အဖွဲ့လိုက်ခရီးစဉ်တွေအနေနဲ့ ၅ ညအိပ် ၆ ရက်ခရီးစဉ်
အထိ သွားရောက်နိုင်ပြီး လေကြောင်းလိုင်းတွေကလည်း အဖွဲ့လိုက် လက်မှတ်ခတွေ ဈေးလျော့
ပေးပါတယ်။ အဲဒါကြောင့် သွားတဲ့သူတွေ ပိုများလာတာပါ" ဟု ဒေါ်အေးမရသာက ပြောသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်းသည် ရန်ကုန်ျွဂယာ ခရီးစဉ်များကို အပတ်စဉ် ဗုဒ္ဓဟူး၊
သောကြာနှင့် စနေနေ့များတွင် ရန်ကုန်လေဆိပ်မှ ဂယာသို့ ပျံသန်း ပေးလျက်ရှိပြီး ကြာသပတေး
နေ့တွင် မန္တလေး လေဆိပ်မှ ဂယာသို့ ပျံသန်းပေးနေသည်။ အသွား အပြန်လက်မှတ်ခမှာ တစ်ဦး
လျှင် အမေရိကန် ဒေါ်လာ ၄၀၀ ၀န်းကျင်ရှိပြီး ခရီးသွားလုပ်ငန်းရှင် ကိုယ်စားလှယ်များအတွက်
အဖွဲ့လိုက် လက်မှတ်နှုန်းထားများကို ဈေးလျော့ပေးကြောင်း ၎င်းကပြောသည်။

"ဒီနှစ်ထဲမှာ ဂယာကို ဗိိငအငသညေူ င်္ူငါ့အ အနေနဲ့ တိုးချဲ့ ပျံသန်းနိုင်ဖို့ စီစဉ်နေပါတယ်"ဟု
ဒေါ်အေးမရသာက ပြောသည်။ လေကြောင်းလိုင်းများ၏ တိုးချဲ့ပျံသန်းမှု ကြောင့် ဘုရားဖူး
ဧည့်သည် အရေအတွက် တိုးလာခြင်းဖြစ်သည်ဟု မဟာတိုး ဂယာဘုရား ဖူးပို့ဆောင်ရေးပိုင်ရှင်
ဦးမောင်မောင်အေးက မြန်မာတိုင်း(မ်)ကို ပြောသည်။

"အဲအိန္ဒိယလေကြောင်းလိုင်းက တနင်္လာ၊သောကြာအပြင် အင်္ဂါနေ့ကို တိုးချဲ့ပျံသန်း တယ်။ အဲဒါ
အပြင် အပြည်ပြည်ဆိုင်ရာမြန်မာ့ လေကြောင်းလိုင်းကလည်း တိုးချဲ့ပျံသန်း ပေးတယ်။ အဲဒါ
ကြောင့် ဘုရားဖူးသွားတဲ့သူ တိုးလာတာပါ"ဟု ဦးမောင်မောင်အေးက ပြောသည်။ လက်ရှိတွင်
မြန်မာနိုင်ငံ၌ ဗုဒ္ဓဂယာဘုရားဖူး ခရီးစဉ်ဆောင်ရွက်ပေးနေသော ကုမ္ပဏီပေါင်း ၁၀၄ ခုရှိပြီး ၂၀၁၃
ခုနှစ်တွင် မြန်မာနိုင်ငံမှ ဗုဒ္ဓဂယာသို့ ဘုရားဖူးခရီးသည် ၃၀,၀၀၀ သွားရောက်ခဲ့ရာ ယခုနှစ်တွင်
ဘုရားဖူး ခရီး သည် ၅၀,၀၀၀ ခန့်အထိ တိုးမြှင့်လာနိုင်သည်ဟု သိရသည်။