အိန္ဒိယ - မြန်မာနယ်စပ် တမူးမြို့မှာတစ်ရက်တာ - ၁

တမူးမြို့က အိန္ဒိယ - မြန်မာနယ်စပ်အနီး တစ်နေရာ။ ဓာတ်ပုံ -  ငြိမ်းအိအိထွေး
တမူးမြို့က အိန္ဒိယ - မြန်မာနယ်စပ်အနီး တစ်နေရာ။ ဓာတ်ပုံ - ငြိမ်းအိအိထွေး

အိန္ဒိယ - မြန်မာနယ်စပ် တမူးမြို့မှာတစ်ရက်တာ - ၁

စိမ်းစိုနေသည့် လယ်ကွင်းများနှင့် မြန်မာနိုင်ငံ အနောက်မြောက်ဘက်အဆုံး တောင်တန်း များကြား
တွင် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး လမ်းက ကွေ့ကောက်သလောက် ဖြူးဖြူး ဖြောင့်ဖြောင့်ချောမွေ့
စွာ ခင်းပေးထား တာ ပထမဆုံးအကြိမ် ခရီးဝေးမော်တော် ဆိုင်ကယ်မောင်းဖူးသည့် စာရေးသူ
ကိုပင် သက်သောင့်သက်သာ ဖြစ်စေသည်။

ချိုင့်ခွက် တစ်ခုမှ မရှိသလို ပျက်နေသည့် လမ်းပိုင်းနေရာလည်း မရှိသောကြောင့် ကလေးမြို့
အထွက်မှ စတင်ကာ မိုင် ၈၀ ကျော် ကွာဝေးသည့် တမူးမြို့သို့ မော်တော်ဆိုင်ကယ်ဖြင့် လူအများ
သွားလာလေ့ရှိသော်လည်း တံတားများကိုတော့ သတိထားရသည်။ သို့သော်လမ်းကွေ့တစ်ခု
မချိုးခင် သစ်သား ဖြင့်ခင်းထားသည့် တံတားအတို နှစ်စင်း လောက် ဖြတ်မောင်းရသဖြင့် အရှိန်
အနိမ့်အမြင့် ပြန်ဂရုစိုက်ရသည်မို့ မွန်းလွဲ ၂ နာရီတွင် စတင်မောင်းနှင်လာသော စာရေးသူ၏
မော်တော်ဆိုင်ကယ်သည် ည ရ နာရီ ၀န်းကျင် မှသာ တမူးမြို့သို့ရောက်သည်။

လမ်းခရီးတစ်လျှောက် မြို့ငယ် ခမ်းပတ် မြို့ အပါအဝင် ရွာပေါင်းများစွာကို ကျော်ဖြတ်သွား
လာရပြီး ချောမွေ့သော လမ်းတစ်လျှောက် အဆင်ပြေခဲ့သော်လည်း လမ်းဘေးဝဲယာတွင်
အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် အိန္ဒိယ နိုင်ငံဘက်မှ နှိုးဆော်စာများ (ဥပမာ - ဘဝမှာ
ခရီးများစွာဖြတ်သွားရဦးမယ် ဒါကြောင့် အရှိန် လျှော့မောင်းနှင်ခြင်းဖြင့် သင့်နောက်ဆုံး ခရီးမဖြစ်
အောင် ထိန်းသိမ်းပါ) ကို ဆက်တိုက် စိုက်ထူထားသောကြောင့် ထိုစာများကို ဘာသာပြန်နေရင်း
ဖြင့်ကားလမ်းပေါ်မှ ချော်မ ဆင်းမသွားရအောင် သတိပြန်ထိန်းရသည်။

တမူးမြို့မှ ကြိုဆိုပါ၏ ဆိုသည့် ဆိုင်းဘုတ် ကို မှောင်မည်းနေသဖြင့် အသေအချာမတွေ့ ရသော်
လည်း လမ်းတစ်လျှောက်လုံး ညနေ စောင်းကတည်းက မှောင်ကျသွားပြီမို့ မျက်လုံး က ကျင့်သား
ရနေပြီဖြစ်ကာ မြို့ထဲဘက်သို့ ညွှန်ပြထားသည့် ဆိုင်းဘုတ်အသေးအတိုင်း မောင်းဝင်သွားခဲ့သည်။

ထိုမြို့သည် အိန္ဒိယ - မြန်မာ နယ်စပ်မြို့ဖြစ် ကာ နိုင်ငံ၏ တခြားနယ်စပ်များကဲ့သို့ တောင် တန်း၊
မြစ်၊ ပင်လယ်၊ ချိုင့်ဝှမ်းစသည်တို့ နှင့် ထိစပ်နေခြင်းမဟုတ်ဘဲ နှစ်နိုင်ငံကြား တစ်ဆက်တည်းသော
မြေပြန့်ကို သံဆူးကြိုး တစ်ခုသာ ခြားထားပြီး နယ်နိမိတ်အဖြစ် သတ်မှတ်ထားသည်။

တမူးမြို့အတွင်းသို့ ရောက်သည်နှင့် အိန္ဒိယနိုင်ငံသား တချို့တွေ့နိုင်ပြီး ဗမာ၊ ချင်း၊ ကူကီး၊ ဂေါ်ရခါး
စသည့် မျိုးနွယ်ခြား တိုင်းရင်းသားများ ပေါင်းစည်းနေထိုင်ကြောင်း အတူပါလာသည့် သူငယ်ချင်းများ
က ရှင်းပြ သည်။ လျှပ်စစ်မီးပျက်နေသည့် နေရာများတွင် မှောင်မည်းနေသော်လည်း နယ်စပ်မြို့
တစ်မြို့ ၏ ဂုဏ်အင်္ဂါအဖြစ် အင်တာနက်လိုင်းများ အလွန်ကောင်းပြီး အိမ်ကြီးအိမ်ကောင်းများ ဖြင့်
သာ ပြည့်နှက်နေသည်ကို တွေ့ရသည်။ အစားအစာလွယ်ကူစွာ ရှာဖွေဝယ်ယူနိုင် သော တမူးမြို့
၏ ညစာ သည် အိန္ဒိယနယ်စပ် မြို့ဖြစ်သော်လည်း ထိုင်းနှင့် တရုတ်ဟင်းလျာ များကိုသာ ဦးစား
ပေးရောင်းချပြီး အိန္ဒိယ ထမင်းဟင်းဆိုင်တစ်ဆိုင်မျှ မတွေ့ရသလို ချင်းအစားအစာရောင်းချသည့်
ဆိုင်များကို လည်း ရှာမတွေ့ပါ။

နောက်တစ်နေ့ မနက်စောစော တမူးမြို့က နာမည်ကျော် နန်းဖာလုံစျေးသို့ စိတ်အားထက်သန်စွာ
အရောက်သွားသော်လည်း အုန်းသီးခြောက်များနှင့် ပဲမျိုးစုံ၊ ကွမ်းသီး၊ အိမ်သုံးပစ္စည်းများကိုသာ
ဦးစားပေးရောင်းချ နေသည့် နန်းဖာလုံစျေးသည် နယ်စပ်မဟုတ် သည့် မြို့ငယ်တစ်မြို့က သာမန်
တစ်ခုနှင့် သာ တူတော့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက နန်းဖာလုံစျေး တစ်ဖက်ခြမ်း အိန္ဒိယနိုင်ငံအတွင်းသို့ ဖြတ်
သန်းဝင်ရောက်နိုင်သည့် ဂိတ်ကို အကြောင်းရင်းတိကျစွာဖော်ပြခြင်း မရှိဘဲ သီတင်းနှစ်ပတ်မျှ
ပိတ်ထားခဲ့သော် လည်း ဖြစ်ရိုးဖြစ်စဉ်သဘောအဖြစ်နေသားကျနေသည့် ဒေသခံများနှင့် ကုန်
သည်များ အတွက် စားဝတ်နေရေး ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း တမူးမြို့ခံ ကိုဘူဟဲန်းက
ပြောသည်။

"ဂိတ်က ဒီလိုပဲ ခဏခဏပိတ်တတ်တယ်။ အချိန်အကြာကြီးတော့ မဟုတ်ဘူး။ အများ ဆုံး
သီတင်းနှစ်ပတ် သုံးပတ်လောက်ပါပဲ။ ပြီးရင် စျေအတက်အကျ နည်းနည်းပါးပါးဖြစ် တယ်" ဟု
ပြောသည့် ကိုဘူဟဲန်းသည် သူ ကိုယ်တိုင် အိန္ဒိယသို့ ကုန်သွယ်သည့်လုပ်ငန်း ကို လုပ်ကိုင်သူ
တစ်ဦးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်