အိန္ဒိယ - မြန်မာ နယ်စပ်ဈေးဖြစ်သော နန်းဖာလုံဈေး၏ နာမည်ကျော် ခြံုစောင်များ အစား လတ်
တလော ရာသီပေါ်ဖြစ်သည့် ကွမ်းသီးနှင့် အုန်းသီးခြောက်များသာ မြန်မာ နိုင်ငံဘက်မှ တင်ပို့
ရောင်းချနေပြီး ဈေး၏ နေရာအနှံ့တွင် အုန်းသီးခြောက်များ တွေ့ရ သည်။
"အခုလတ်တလော ကွမ်းသီးရာသီဆို တော့ အိန္ဒိယဘက်ကို အရမ်းပို့နေရတယ်။ မကောင်းတဲ့
ကွမ်းသီးတွေ၊ ပိုးကိုက်နေတဲ့ ကွမ်းသီးခြောက်တွေလည်း ပို့လို့ရတယ်။ သူတို့ က ကွမ်းပေါင်းဆိုပြီး
ပြန်ထုတ်တာလေ။ အခု မြန်မာနိုင်ငံက မြို့တော်တော်များများမှာ ၀ယ် လို့ရတယ်" ဟု နန်းဖာလုံ
ဈေးအတွင်း ကွမ်းသီး ကုန်သည်တစ်ဦးက ပြောသည်။
ကွမ်းသီးရာသီပြီးလျင် အုန်းသီး၊ မျောက်ငိုသီး၊ ဖရဲသီးစသည့် အိန္ဒိယဘက်သို့ တင်ပို့ ရောင်းချမည့်
ရာသီပေါ်သီးနှံကုန်များကို နန်းဖာ လုံဈေးတစ်ဝိုက်တွင် နေရာမလပ်အောင် တွေ့ရမည်ဟု ဒေသခံ
များက ရှင်းပြကြသည်။ ကုန်များရောင်းချဝယ်ယူရာတွင် အိန္ဒိယ ရူပီးငွေကိုသာ အသုံးပြုပြီး မြန်မာ
ငွေထက် ၁၅ ဆ (ပျမ်းမျှ) ပိုနည်းပြီး ဒေါ်လာဈေးအတက်အကျများပေါ်မူတည်ကာ ဈေးတက်လေ့
ရှိသော်လည်း ခရစ္စမတ်ကာလများတွင် ပုံမှန် ဈေးတက်လေ့ရှိကြောင်း ဒေသခံများက ပြော သည်။
နံ့သာဖြူ၊ နံ့သာနီနှင့် ကရမက် အမွှေးတုံး များကို မတွေ့ရသောကြောင့် မေးကြည့်ရာ အိန္ဒိယကုန်
သည်များက အများဆုံးသိမ်းဆည်း ရောင်းချသောကြောင့် အလွယ်တကူမတွေ့ နိုင်ပဲ ၎င်းတို့က
ဈေးလည်းသတ်မှတ်လေ့ရှိ ကြောင်းလည်း ဈေးသည်များက ရှင်းပြသည်။ တမူးမြို့ပေါ်တွင် မြို့မ၊
စော်ဘွားအင်း၊ စန္ဒာဖူးနှင့် ဈေးတန်းစသည့် ရပ်ကွက်ကြီး လေးခု ရှိပြီး အဓိကကုန်သည်လုပ်ငန်း
ကိုလုပ်ကိုင်ကြသော်လည်း အိန္ဒိယဘက်ကို သွားရောက်ရောင်းချခဲ့ရသဖြင့် ဈေးနှိမ်ခံရ သည်က
များကြောင်း ဒေသခံ ကိုကျော်ကျော် လင်းက ပြောသည်။ "ဟိုးအရင်တုန်းက ဒီဘက်က ကုန်သည်
တွေက မိုရေး (အိန္ဒိယနိုင်ငံဘက်မှ နယ်စပ်မြို့) ဘက်ကို သွားရောင်းကြတော့ ဟိုက ဈေးတွေ
နှိမ်ပြီး ၀ယ်ကြတယ်။
ကုန်တွေကို သွားမရောင်း တော့လည်း အိန္ဒိယကုန်သည်တွေက ဒီဘက် ကို လာမဝယ်ကြဘူး။
အဲဒီတော့ နောက်ဆုံးသူ တို့ဘက်ကို သွားရောင်း၊ သူတို့သတ်မှတ်တဲ့ ဈေးနဲ့ အနှိမ်ခံခဲ့ကြရတာ
ပေါ့" ဟု ကိုကျော် ကျော်လင်းက ပြောသည်။
နန်းဖာလုံ ဈေးအဆုံးတွင် မြန်မာဈအိန္ဒိယ နယ်စပ်မှ တာဝန်ရှိသူများကြီးကြပ်နေသည့် သံဆူးကြိုး
ခတ်ထားပြီး အဝင်၊ အထွက် ဂိတ် သတ်မှတ်ထားသောကြောင့် ဖြတ်သန်းပြီး အိန္ဒိယနိုင်ငံနယ်စပ်၊
မိုရေးမြို့သို့ ၀င်ခဲ့သော် လည်း နေအလွန်ပူပြီး အချိန်မရသောကြောင့် ကြာကြာမနေပဲ ပြန်လှည့်ခဲ့
ရသည်။ မိုရေး မြို့ဘက်ကို ၀င်ရောက်လျှင် လူဝင်ခ မပေး ရပဲ အလွယ်တကူဝင်ရောက်ခွင့်ပြုထား
သော် လည်း ကုန်ပစ္စည်းများသယ်ဆောင်မည်ဆို လျှင် လက်ရှိကုန်ဝယ်ထားသည့် ပိုင်ရှင်က
ဂိတ်ကြေးပေးရမည် ဖြစ်သည်။
နယ်မြေထိစပ်နေသည့် အိန္ဒိယဈမြန်မာ နယ်စပ်တစ်လျှောက်တွင် အတည်မပြုသေး သည့် နယ်နိ
မိတ်ဧရိယာများအတွက် မကြာ ခဏ အငြင်းပွားမှုများဖြစ်ပေါ်နေဆဲဖြစ်ကြောင်း ဒေသခံများကို
ပြောပြီး အိန္ဒိယနိုင်ငံ ဘက် အခြမ်းမှ ကသည်း၊ အိန္ဒိယ၊ နီပါလီ (နီပေါ) လူမျိုးများအခြေချနေထိုင်
ကြောင်း သိရသည်။
"တမူး-ကလေး-ဘုတ်ကန် တစ်လျှောက် က တောထူတဲ့ နေရာတွေမှာ နယ်နိမိတ်ဆူးကြိုးခတ်ဖို့
အခက်အခဲရှိတုန်းပဲ။ အရင်ကတော့ ဟိုဘက် ဒီဘက် သေနတ်သံတွေကြား ရတတ်ပေမယ့်
ခုနောက်ပိုင်းတော့ ငြိမ်နေ ပါတယ်။ ဒါပေမဲ့ ညနေဘက်ဆိုရင်တော့ မိုရေးဘက်က အိန္ဒိယလေ့
ကျင့်ရေးစခန်းရှိတာလားမသိဘူး ပစ်ခတ်သံတွေ ပြန်ကြား နေရတယ်" ဟု ဒေသခံတစ်ဦးက
ပြောသည်။
ယခင် နန်းဖာလုံဈေး မဖွင့်မီအချိန်များ တွင် ချင်း၊ ကူကီးနဲ့ ဗမာများသာ နေထိုင်ကြ သော်လည်း
နောက်ပိုင်း ကုန်သွယ်ရေးနှင့် ဆက်စပ်ကာ ဂေါ်ရခါး လူမျိုးများပါ ထူထပ် စွာ နေထိုင်လာသော
အိန္ဒိယ ဈ မြန်မာ နယ်စပ် တမူးမြို့သည် နေ့လယ်ပိုင်းအချိန် စာရေးသူ ပြန်လည်မထွက်ခွာခင်
အထိ ကုန်သည်များ ၏ ဈေးစကားပြောသံများနှင့်သာ ပြည့်နှက် နေတော့သည်။





