နိုင်ငံပိုင်လုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာ့လေကြောင်း (Myanmar Airways )ကို မြန်မာအမျိုးသား
လေကြောင်းလိုင်း (Myanmar National Airways) (အမ်အင်န်အေ) အဖြစ် ပြောင်းလဲပြီးဖြစ်ရာ
သီးခြားရပ်တည်သွား မည်ဖြစ်ပြီး အွန်လိုင်းမှ လက်မှတ်ရောင်းချ ခြင်းကဲ့သို့ ခေတ်မီဝန်ဆောင်မှု
လုပ်ငန်းများ ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
သို့သော် လေကြောင်းလိုင်းကို ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်တွင်မထားဘဲ သီးခြားရပ်
တည်ကာ လုပ်ငန်းလုပ်ကိုင်သွား မည်ဖြစ်သော်လည်း နိုင်ငံပိုင်လေကြောင်းလိုင်း အဖြစ် ဆက်
လက်တည်ရှိနေမည်ဖြစ်သည်ဟု အမ်အင်န်အေ၏ ဦးဆောင်ညွှန်ကြားရေးမှူး ကပ္ပတိန်ဦးသန်းထွန်း
က ဒီဇင်ဘာလ ၁၀ ရက် နေ့က ပြောကြားခဲ့သည်။
"ဒီလိုပြောင်းလဲလိုက်တဲ့အတွက် လေ ကြောင်းလိုင်းကို အရင်ကနဲ့ မတူအောင် ကျွန်တော်တို့
ဒါရိုက်တာဘုတ်အဖွဲ့နဲ့ ဖွဲ့စည်းနိုင် သွားစေပါတယ်" ဟု ၎င်းက ပြောသည်။ အမည်သစ်ပေးထား
သည့် လေကြောင်းလုပ်ငန်းသည် တိုးချဲ့ထားသည့် ပြည်တွင်းခရီး စဉ်များကို ဒီဇင်ဘာလ ၁၅ ရက်
နေ့မှစပြီး ပြေးဆွဲပေးလျက်ရှိသည်ဟု ကပ္ပတိန် ဦးသန်းထွန်းက ပြောသည်။ ထိုသို့ဆောင်ရွက်ခြင်း
ဖြင့် ဗျူရိုကရေစီ ယန္တရားကို ပျက်သုဉ်းစေမည်ဖြစ်ပြီး လေ ကြောင်းလိုင်းကို အခြားပုဂ္ဂလိကလေ
ကြောင်း လိုင်းများကဲ့သို့ ထိထိရောက်ရောက် လုပ်ငန်းလည်ပတ်နိုင်စေမည်ဟုဆိုသည့် ယခုခြေ
လှမ်း သစ်သည် မြန်မာအစိုးရကို ခုနစ်နှစ်နှင့် ရှစ်နှစ် ကျော်အတွင်း အမေရိကန်ဒေါ်လာ သန်း ၅၀၀
ဆုံးရှုံးနစ်နာစေမည်ဟု အမ်အင်န်အေ၏ စီးပွားဘက်ဖြစ်လာသည့် Avia Solution မှ အတိုင်ပင်ခံ
ပုဂ္ဂိုလ် Cronan Enright က ပြော သည်။
"ဒီလိုနိုင်ငံပိုင်ကနေ လွတ်လပ်တဲ့ကုမ္ပဏီ တစ်ခုအဖြစ် ပြောင်းလဲလိုက်တဲ့အတွက် အမ်အင်န်အေ
ကို တသီးတခြားနဲ့ အမှန် တကယ် တစ်ဟုန်ထိုးတိုးတက်စေမယ့် နိုင်ငံပိုင် လုပ်ငန်း မကျတကျ
စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သွားစေပါတယ်။ အစိုးရပိုင်လုပ်ငန်းဖြစ်နေ ပေမယ့်လည်း ကိုယ်ပိုင်
ဆုံးဖြတ်ချက်နဲ့ လုပ်ငန်း လုပ်ကိုင်လို့ ရပါတယ်"ဟု ၎င်းက ပြောသည်။ လေကြောင်းလိုင်းကို ယခု
ကဲ့သို့ ပြောင်းလဲ လိုက်ခြင်းသည် ကုမ္ပဏီအသစ်ဖွဲ့စည်း တည်ထောင်ခြင်း မဟုတ်သော်လည်း
လေယာဉ် အသစ်များနှင့် စီမံချက်အသစ်များဖြင့် လုပ်ငန်း လည်ပတ်မည် ဖြစ်သည်။
ရောက်ရှိလာမည့် ဘိုးရင်း ရ၃၇ လေယာဉ် ၁၀ စီး၊ အေတီအာရ် ရ၂၆၀၀ အမျိုးအစားလေယာဉ်
ခြောက်စီးနှင့် အတူ ၎င်း၏ လေယာဉ်အရေအတွက်ကို ၂၀၁၅ ခုနှစ် အလယ်ပိုင်းခန့်မှစတင်ကာ
၁၀ စင်းမှ ၂၆ စီးအထိ ထပ်မံတိုးမြှင့်သွားမည်ဖြစ် သည်။ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဦးဆုံး
အကြိမ်အဖြစ် ပြည်ပခရီးစဉ်များကို လာမည့်နှစ်ဆန်းပိုင်းမှ စတင်ပြီးပြန်လည် ပျံသန်း ပြေးဆွဲပေး
မည် ဖြစ်သည်။
Center for Asia Pacific Aviation မှ ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် Brendan Sovie က
"နိုင်ငံတကာလေကြောင်းပို့ဆောင်ရေးဈေးကွက်အတွင်း လုပ်ငန်းတိုးချဲ့လုပ်ကိုင်နေ ကြပြီး
အစိုးရက နောက်ခံကုမ္ပဏီက နိုင်ငံ တကာလေကြောင်းပို့ဆောင်ရေးဈေးကွက် ထဲ စတင်ဝင်
ရောက်လာတဲ့အပေါ် စိတ်အနှောင့် အယှက်ဖြစ်မယ်ဆို ဖြစ်လောက်တဲ့ ပြည်ပ ကုမ္ပဏီတွေနဲ့
မြန်မာပုဂ္ဂလိကကုမ္ပဏီတွေ အကြိတ်အနယ် ယှဉ်ပြိုင်နေကြတဲ့ နိုင်ငံတကာ လေကြောင်းပို့ဆောင်
ရေးဈေးကွက်အတွင်း အမ်အင်န်အေက ဈေးကွက်ချဲ့ထွင်ဝင်လာတဲ့ အတွက် အခက်အခဲတွေတော့
တွေ့ရမှာပါ" ဟု ၎င်းကပြောသည်။
ဖေဖော်ဝါရီလတွင် မြန်မာ့လေကြောင်း လိုင်းသည် လုပ်ငန်းကို ခေတ်နှင့်အညီလည်ပတ်လာနိုင်စေ
ရန် အမေရိကန်နိုင်ငံမှ General Electric ၏ လေကြောင်းဆိုင်ရာအတိုင်ပင်ခံလုပ်ငန်းနှင့် သဘော
တူညီမှုတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
မြန်မာ့လေကြောင်းလိုင်းသည် ပြည်ပခရီး စဉ်များကိုမြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ လေကြောင်း
(အမ်အေအိုင်) စတင်ဖွဲ့စည်းခဲ့ သည့် ၁၉၉၃ ခုနှစ် မတိုင်ခင်အထိ ပြေးဆွဲ ပျံသန်းခဲ့သည်။
လေကြောင်းလိုင်းသစ် အမ် အေအိုင်က ပြည်ပခရီးစဉ်များ စတင်ပျံသန်း ပေးခဲ့သည့်အတွက်မြန်မာ့
လေကြောင်းလိုင်း သည် ပြည်တွင်းခရီးစဉ်များကိုသာ အဓိက ထား ပျံသန်းပြေးဆွဲပေးခဲ့သည်။
၁၉၄၈ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ လေကြောင်းသယ်ယူပို့ဆောင်ရေး (Union of Burma
Airways) အဖြစ် လုပ်ငန်းလည်ပတ် လုပ်ကိုင်ခဲ့ပြီး မကြာမီတွင် မြန်မာ့လေကြောင်း ကော်ပိုရေးရှင်း
လုပ်ငန်း (Burma Airways Coporation )အဖြစ် အမည်ပြောင်းလဲခဲ့ကာ ၁၉၈၉ ခုနှစ်မှစပြီး မြန်မာ့
လေကြောင်းအဖြစ် လုပ်ငန်းလည်ပတ်ခဲ့သည်။ အမ်အင်န်အေသည် လေယာဉ်လက်မှတ် ၀ယ်ယူခြင်း
မှအစ လေယာဉ်ပေါ်တက်သည် အထိလုပ်ငန်းစဉ်များအတွက် ခေတ်နှင့်အညီ ၀န်ဆောင်မှုပေးနိုင်ရန်
ကြိုးပမ်းနေသည်။
သီရိမင်းထွန်း ဘာသာပြန်သည်။





