မြန်မာပြည်တွင်းခရီးသွားများသည် အချိန်ကုန် သက်သာခြင်း၊ လမ်းခရီးကောင်းမွန်လာခြင်း၊
သွားလိုသည့်နေရာဒေသများသို့ တိုက်ရိုက်သွားနိုင်ခြင်းတို့ကြောင့် ခုနစ်ရက် ရှစ်ရက်ကြာ ခရီး
စဉ်များထက် စနေ၊ တနင်္ဂနွေရက်တိုခရီး စဉ်များကို ပိုမိုအသွားများလာကြောင်း ပြည်တွင်းဘုရား
ဖူးနှင့် ခရီးသွားဝန်ဆောင်မှု အသင်းဥက္ကဋ္ဌ ဦးသန်းဌေးက မြန်မာတိုင်း(မ်) ကိုပြောသည်။
"ကားတွေပေါလာတော့ ပြည်တွင်းခရီး သွားဝန်ဆောင်မှုတွေထက် ရပ်ကွက်ထဲက ကားတွေနဲ့စုပြီး
သွားတာများလာကြတယ်။ အရင်ကား ၁၀ စီးလောက်သွားရတဲ့ ကုမ္ပဏီ က အခုရှစ်စီးလောက်ပဲ
သွားရတော့တယ်။ အဲဒါကြောင့် ဒီနှစ်မှာ ပြည်တွင်းခရီးသွားတွေ တိုးတယ်ဆိုပေမယ့် ကုမ္ပဏီတွေ
အနေနဲ့ လျော့သွားပါတယ်"ဟု ၎င်းက ပြောသည်။
ရက်တိုခရီးအသွားများဆုံးနေရာများမှာ ပြည်က အကောက်တောင်၊ ကျိုက်ထီးရိုး၊ ကရင် ပြည်နယ်
ဂူငါးဂူခရီးစဉ်၊ ချောင်းသာ၊ ငွေ ဆောင်၊ မန္တလေး၊ မုံရွာအလောင်းတော် ကဿပခရီးစဉ်များဖြစ်ပြီး ၎င်း
တို့အနက် အကောက်တောင်ခရီးစဉ်ကို အသွားများ ဆုံးဖြစ်သည်ဟု ဦးသန်းဌေးက ပြောသည်။
"ကျွန်တော့်ကုမ္ပဏီကနေ ကျိုက်ထီးရိုး၊ ချောင်းသာ၊ ငွေဆောင်ခရီးစဉ်တွေကို နေ့စဉ် သွားပါတယ်။
ပြည်အကောက်တောင်ခရီးစဉ်ကိုတော့ အပတ်စဉ်ပိတ်ရက်တွေမှာ ထွက်ပါ တယ်။ အရင်က ရက်
တိုခရီးစဉ်မှာ ကားတစ်စီး မပြည့်ပေမယ့် အခုကားအပြည့်သွားနေရ ပါတယ်။ အချိန်ကုန်သက်သာ
တဲ့အတွက် လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းတော်တော်များက အပန်းဖြေခရီးအဖြစ် အများဆုံးသွားနေကြ
ပါတယ်" ဟု ရွှေမြင့်မိုရ် ပြည်တွင်းခရီးသွား ကုမ္ပဏီ Managing Partner ဦးကျော်မင်း လှိုင်က
မြန်မာတိုင်း (မ်) ကိုပြောသည်။
ပြည်တွင်းခရီးသွားများသည် တစ်နှစ် ထက် တစ်နှစ်သွားရောက်မှုပိုမိုများပြားလာ ပြီး ယခုနှစ်တွင်
ရက်တိုခရီးစဉ်ပိုများလာသည် ဟု ၎င်းက ပြောသည်။ "ရုံးဝန်ထမ်းတွေ၊ ကျောင်းသမားတွေက ခွင့်ယူ
စရာမလိုတဲ့အတွက် ရက်တိုခရီးအသွား များကြပါတယ်။ ပုံမှန်သွားနေကျ တစ်ပတ်ကြာ ခရီးသွားတဲ့
သူတွေလည်း ရှိပါတယ်။ ပြည်တွင်း ခရီးသွားတော်တော်များက မရောက်ဖူးသေး တဲ့ ခရီးစဉ်နေရာ
အသစ်တွေကိုအသွားများ ကြပါတယ်"ဟု စိန်ဝင်းနှင့်ရောင်းရင်းများ ပြည်တွင်းဘုရားဖူး ခရီးသွား
လုပ်ငန်းက ရောင်းတာဝန်ခံ ဒေါ်သဲစုက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ပြည်တွင်းဘုရားဖူးခရီးသွားရာသီတွင် ခရီးသွား ၄ ဒသမ ၂ သန်းရှိခဲ့ပြီး
ယခုနှစ်ရာသီတွင် ခရီးသွားငါးသန်းကျော်ရန်ခန့်မှန်းထားကြောင်း ဦးသန်း ဌေးက ပြောသည်။





