မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွား ရေးကောင်းမွန်လာမှုနှင့် လူကြိုက်များ ထင်ရှား
လာသော နေရာများကြောင့် ကမ္ဘာလှည့် အပျော်စီးသင်္ဘောများဖြင့် လာရောက်သည့် ခရီးသွား
ဧည့်သည်အရေအတွက် တစ်နှစ်ထက် တစ်နှစ် တိုးလာသည်ဟု Myanmar Voyages ခရီးသွား
ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက ပြောသည်။
"အတိအကျ မပြောနိုင်သေးပေမယ့် ဒီနှစ် မှာ ကမ္ဘာလှည့်နိုင်ငံကူးအပျော်စီးသင်္ဘော အစင်း ၂၀
ကျော် ၀င်ရောက်လာဖို့ မျှော်မှန်းထား ပါတယ်"ဟု ဦးသက်လွင်တိုးက ပြောသည်။
"အနောက်နိုင်ငံတွေထဲမှာဆို အမေရိကန် က အများဆုံးလာတယ်။ ပြီးရင် ဗြိတိန်၊ ဂျာမန် နဲ့
ယူကရိန်းတို့အများဆုံး လာပါတယ်။ ပြီးခဲ့ တဲ့ ၂၀၁၄ ခုနှစ်မှာ အပျော်စီးသင်္ဘော ၁၈ စင်း နဲ့
ခရီးသွားဧည့်သည် ၁၈,၆၁၁ ဦးလာရောက်ခဲ့ ပါတယ်" ဟု ၎င်းက ပြောသည်။
သို့သော် ကမ္ဘာလှည့်အပျော်စီးသင်္ဘော များဆိုက်ကပ်ရန် ဆိပ်ကမ်းသီးသန့်မရှိသေး သဖြင့်
အခက်အခဲများရှိနေသည်ဟု ၎င်းက ပြောသည်။ သီလဝါ နိုင်ငံတကာ သင်္ဘောဆိပ်ကမ်း တွင်
ကုန်တင်သင်္ဘောများဖြင့် အမြဲအလုပ်ရှုပ် နေသလို အပျော်စီးသင်္ဘောများမှာလည်း ကုန်တင်
သင်္ဘောလောက် အခွန်မရရှိသည့် အပြင် ခရီးသည်များပါရှိသဖြင့် လုံခြံုရေး တင်းကျပ်မှုများ
ကြောင့် ကုန်တင်သင်္ဘောကို သာ ဦးစားပေးသည်ဟု ဦးသက်လွင်တိုးက ပြောသည်။
"ခရီးသည်တင်သင်္ဘောဆိုရင် ဦးစားမပေး ချင်ကြဘူး။ လုံခြံုရေးအရရော၊ စကားပြောစရာ မလိုတဲ့
ကုန်တင်သင်္ဘောတွေကိုပဲ ဦးစားပေးကြပါတယ်" ဟု ၎င်းကပြောသည်။
"ဆိပ်ကမ်းပိုင်းဆိုင်ရာ ၀န်ဆောင်မှု အပြည့်အဝမရှိတဲ့အတွက် ပုဂ္ဂလိက သင်္ဘော ဆိပ်ကမ်းတွေ
ဆောက်ပေးနိုင်ဖို့ တောင်းဆို ချင်ပါတယ်။ ဒေါ်လာသန်းချီ ကုန်ကျမှာဖြစ် ပေမယ့် ပိုမိုကောင်းမွန်
တဲ့ ၀န်ဆောင်မှုနဲ့ သင်္ဘောဆိပ်ကမ်းကောင်းကောင်းရှိမယ်ဆိုရင် နိုင်ငံခြားအပျော်စီးသင်္ဘောတွေ
ဒီထက်မက ရောက်လာကြမှာပါ" ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံသို့ နိုင်ငံခြားအပျော်စီး
သင်္ဘော များ ၁၉၉၅ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် ပိုမိုဝင်ရောက်
လာသည်ဟု ဆိုသည်။





