ကမ္ဘာ့လေယာဉ်ဆီဈေးသည် ပြီးခဲ့သည့်နှစ်က ထက်တစ်ဝက်နှုန်းကျဆင်းနေသောကြောင့်
နိုင်ငံတကာလေကြောင်းလိုင်းအချို့ဈေးနှုန်းပြောင်းလဲကောက်ခံနေသော်လည်း ပြည် တွင်း
လေကြောင်းလိုင်းများ ဈေးနှုန်းပြောင်းလဲ မှုမရှိသေးကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း က ခရီးသွားရာသီအထူးအစီအစဉ်အနေဖြင့် ဆီဈေး
မကျမီကတည်းက လက်မှတ်ဈေးနှုန်း များ လျော့ထားသောကြောင့် ယခုအချိန်တွင် ဈေးနှုန်း
ပြောင်းလဲရန် မရှိသေးကြောင်း ဈေးကွက်နှင့် လူမှုဆက်ဆံရေးမန်နေဂျာ ဒေါ်အေးမရသာက
ပြောသည်။
"နိုင်ငံတကာလေကြောင်းလိုင်းက အပြိုင်အဆိုင်လုပ်ရတာဖြစ်တဲ့အတွက် ဈေးနှုန်းကို အနည်း
ဆုံးဖြစ်အောင် ချပေးထားတာပါ။ အခုချိန်မှာ အနည်းဆုံးချပေးထားတဲ့အတွက် ဈေးနှုန်းပြောင်းဖို
့မရှိသေးပါဘူး။ ဆီဈေးက ဒီထက်ပိုကျရင် စမသာသအငသည မဟုတ်တဲ့ဈေးနှုန်း နဲ့ လုပ်ပေးနိုင်
မှာပါ" ဟု ၎င်းက ပြောသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း သည် ဘန်ကောက်နှင့် စင်ကာပူလေဆိပ်တို့ အပြင်
မြန်မာ့ရေနံထွက်ကုန်လုပ်ငန်းတို့ တွင် လေယာဉ်ဆီအများဆုံးဝယ်ယူသည်ဟု ၎င်းက ပြောသည်။
ပြည်တွင်းလေကြောင်းလိုင်းများသည် ကမ္ဘာ့ဆီဈေးနှုန်းကျဆင်းနေသော်လည်း ခရီး သွားကုမ္ပဏီ
များအတွက် လက်မှတ်ဈေးနှုန်း ပြောင်းလဲပေးခြင်းမရှိသေးကြောင်း မြန်မာ နိုင်ငံခရီးသွားလုပ်ငန်း
ရှင်များအသင်း တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးမင်းသိန်းက ပြောသည်။
"အခုထိတော့ လေကြောင်းလိုင်းတွေက ဈေး လျှော့ပေးတာမျိုးမရှိသေးပါဘူး။ နောက်ပိုင်း ဈေး
လျှော့လာမယ်ထင်ပါတယ်။ မြန်မာ ပြည်တွင်းပျံသန်းနေတဲ့ လေယာဉ်အစင်းရေ နည်းနေသေး
တာရယ်၊ ပြေးဆွဲတဲ့လေယာဉ် တွေက သေးနေတာရယ်ကြောင့် လက်မှတ် ဈေးနှုန်းတွေကြီး
တာပါ" ဟု ဦးမင်းသိန်းက ပြောသည်။





