မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်းအပြင် မြန်မာလူမျိုးများ ဂျပန်
အစားအစာနှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာခြင်း တို့ကြောင့် ရန်ကုန်မြို့တွင် ဂျပန်စားသောက်ဆိုင်များ
ယခင်ကထက် များပြားလာသည်ဟု မြန်မာ နိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဒုတိယ
ဥက္ကဋ္ဌ ဦးနေလင်းက ပြောသည်။
"ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ များလာ တဲ့အတွက် သူတို့နိုင်ငံသားတွေ စားဖို့ဖြစ်စေ၊ မြန်မာနိုင်ငံ
သားတွေ စားဖို့ဖြစ်စေ စားသောက်ဆိုင်တွေများလာပါတယ်။ ရန်ကုန်တစ်မြို့ လုံးမှာ ဂျပန်စား
သောက်ဆိုင် ၁၂၀ ခန့်ရှိနေ ပါပြီ" ဟု ၎င်းက ပြောသည်။
"မြန်မာလူမျိုးအများစုက ဂျပန်စာကိုတော်တော်သိပြီးဖြစ်နေပါပြီ။ မြန်မာနိုင်ငံမှာ က တရုတ်စာနဲ့
ထိုင်းစာပြီးရင် ဂျပန်စာကို အများဆုံး စားကြပါတယ်။ စားသုံးသူများလာတာနဲ့အမျှ ဂျပန်စားသောက်
ဆိုင်တွေ များလာ ပါတယ်" ဟု ၎င်းကပြောသည်။ သို့သော် ပြည်တွင်း၌ ဖွင့်လှစ်ထားသည့် ဂျပန်
စားသောက်ဆိုင်များသည် လက်ရှိတွင် ဆိုင်ခန်းခ ဈေးကြီးခြင်း၊ စားသောက်ကုန်တင်သွင်းမှု
အခက်အခဲနှင့် ဂျပန်စားဖိုမှူး ရှားပါးသည့်ပြဿနာများနှင့် ရင်ဆိုင်နေရ သည်ဟု ၎င်းက ပြောသည်။
နှစ်နိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များ အကြား အချင်းချင်းရင်းနှီးမှုရရှိစေရန် ရည်ရွယ်ချက်ရှိသည်
ဟု Japan Foodservice Association ဒုတိယဥက္ကဋ္ဌ မစ္စတာ တာကာရအာဝါတက
မြန်မာတိုင်း(မ်)ကိုပြောသည်။
"အခုလောလောဆယ် မြန်မာနိုင်ငံမှာ ဆိုင် ဖွင့်ဖို့ အစီအစဉ်မရှိသေးပါဘူး။ ဒါပေမဲ့ နောင်တစ်ချိန်
မှာ ဆိုင်ခွဲတွေအများကြီး ဖွင့်နိုင်ဖို့ ရည်မှန်းထားပါတယ်။ ကျွန်တော်တို့ဆီက နည်းပညာပိုင်း လာ
ရောက် လေ့လာချင်တဲ့ စားသောက်ဆိုင် လုပ်ငန်းရှင်တွေကိုလည်း ဖိတ်ခေါ်ချင်ပါတယ်" ဟု ၎င်း
က ပြောသည်။
မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင် များအသင်းသည် ဂျပန်နိုင်ငံမှ စားသောက် ဆိုင်လုပ်ငန်း
ရှင်များအဖွဲ့အစည်း RO (The Organization to Promote Japanese Restaurants
Abroad) နှင့် JF (Japan Foodservice Association)တို့ကို ဖိတ်ခေါ်ကာ မြန်မာနိုင်ငံရှိ
ဂျပန်စားသောက်ဆိုင်လုပ်ငန်း ရှင်များနှင့် ဖေဖော်ဝါရီလ ၅ ရက်နေ့က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်
ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။ "
ဒီလိုပွဲမျိုးလုပ်ပေးခြင်းအားဖြင့် နှစ်နိုင်ငံ ရှိ စားသောက်ဆိုင်လုပ်ငန်းရှင်တွေအနေနဲ့ အတွေ့အကြံု
ကောင်းတွေ ဖလှယ်လို့ရပါ တယ်။ သူတို့ဆီက နည်းပညာပိုင်းကိုလည်း လေ့လာလို့ရတဲ့အတွက်
မြန်မာစားသောက် ဆိုင်လုပ်ငန်းရှင်တွေအတွက် ကောင်းပါ တယ်" ဟု ဦးနေလင်းက ပြောသည်။ မြန်မာနိုင်ငံသို့ နိုင်ငံခြားစားသောက်ဆိုင်ခွဲများဝင်လာခြင်းကြောင့်
မြန်မာစားသောက်ဆိုင်ပိုင်ရှင်များ အနေဖြင့် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ၎င်းက ပြော
သည်။
"အခုလို ပွဲတွေကျင်းပပေးတဲ့အတွက် သူတို့ဆီက စားသောက်ဆိုင်ခွဲတွေအများကြီး ကို ထိန်းချုပ်
တဲ့ နည်းပညာပိုင်းဆိုင်ရာတွေလေ့လာခွင့်ရပါတယ်။ သူတို့တွေ့ကြံုခဲ့တဲ့ အခက်အခဲတွေကိုလည်း
လေ့လာခွင့် ရခဲ့တဲ့အတွက် ကောင်းပါတယ်" ဟု ဆူရှီဟောက်စ် ပိုင်ရှင် ဦးလှစိုးက ပြောသည်။
မြန်မာလူမျိုးများသည် ဂျပန်အစားအစာ ကိုစိတ်ဝင်စားလာကြပြီး ဂျပန်နိုင်ငံက ပြန်လာ သည့် စီးပွား
ရေးသမားများကလည်း ဂျပန် စားသောက်ဆိုင်လုပ်ငန်းကို လုပ်ကိုင်လာကြသည့်အတွက် စား
သောက်ဆိုင်များ တိုးလာ ခြင်းဖြစ်သည်ဟု ဆိုသည်။
"ဂျပန်အစားအစာက ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာရှိတာကြောင့် လူကြိုက် များပါတယ်။
အဲဒါကြောင့် ဂျပန်စားသောက် ဆိုင်တွေ နောက်ပိုင်းပိုများလာမယ်လို့ မျှော် လင့်မိပါတယ်" ဟု
ဦးလှစိုးက ပြောသည်။





