ရန်ကုန်မြို့ လှည်းတန်းခုံးကျော်တံတားအနီး၊ ပြည်လမ်းပေါ်တွင် တည်ရှိသည့် နိုဗိုတယ် ရန်ကုန်
မက်စ် (Novotel Hotel Yangon Max) ဟိုတယ်၏ အခန်းများအားလုံးကို မတ်လ အတွင်း
ဖွင့်လှစ်သွားမည်ဟု သိရသည်။
ဇန်နဝါရီလက အကြိုဖွင့်လှစ်ခဲ့သည့် အဆိုပါဟိုတယ်တွင် အခန်း ၃၆၆ ခန်း၊ ဧည့်ခံ ပွဲများ
ကျင်းပနိုင်သည့် ခန်းမနှစ်ခု၊ စားသောက် ဆိုင်သုံးဆိုင်နှင့် ဘားလေးခုပါရှိမည်ဖြစ် သည်။
ထို့ပြင် ရုံးခန်းများနှင့် ဈေးဆိုင်များလည်း ပါ၀င်မည် ဖြစ်သည်။ "ကျွန်မတို့အနေနဲ့ အကောင်းဆုံး
၀န်ဆောင်မှုပေးနိုင်အောင် ကြိုးစားသွားမှာပါ။ သူများထက်မသာရင်တောင် အနည်းဆုံး တန်းတူ
ဖြစ်နေအောင် ဆောင်ရွက်ပေး သွားမှာပါ" ဟု ဟိုတယ်၏ လူမှုဆက်ဆံရေး လက်ထောက်
မန်နေဂျာ မစ်အမန်ဒါက မြန်မာတိုင်း(မ်)ကို ပြောသည်။
လက်ရှိအချိန်တွင် ဟိုတယ်၏ ခန်းမသည် မင်္ဂလာဆောင်မည့် စုံတွဲများကြား အကြိုက် များနေ
ကြောင်း သိရသည်။ "နိုဗိုတယ်ရဲ့ အဓိကခန်းမက လူအယောက် ၁,၀၀၀ ခန့်ကို တစ်ခါတည်း
ဧည့်ခံကျွေးမွေးနိုင် ပါတယ်။ အဲဒါကြောင့် စုံတွဲတွေရွေးချယ်ကြ တယ်လို့ထင်ပါတယ်"ဟု
အမန်ဒါက ပြော သည်။
နိုဗိုတယ်ရန်ကုန်မက်စ်ကို မက်စ်မြန်မာ ကုမ္ပဏီက ရင်းနှီးမြှုပ်နှံတည်ဆောက်နေခြင်းဖြစ်ကာ
နိုင်ငံတကာဟိုတယ်အဆင့်အတန်းသတ်မှတ်ချက်အရ ကြယ်ငါးပွင့်အဆင့်ဟိုတယ်ဖြစ်သည်။
ဟိုတယ်၏ လုပ်ငန်းလည်ပတ် မှုကိုမူ နိုင်ငံတကာဟိုတယ်စီမံခန့်ခွဲမှုကုမ္ပဏီကြီးဖြစ်သည့်
ပြင်သစ်နိုင်ငံအခြေစိုက် ဗခခသမ အုပ်စုက စီမံခန့်ခွဲမည်ဖြစ်သည်။





