မြန်မာနိုင်ငံရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာသည်ကို အထောက်အကူပေးသည့်အနေဖြင့် ဟိုတယ်နှင့်
ခရီးသွားလာရေး ၀န်ကြီးဌာနက ခရီးသွား လုပ်ငန်း လိုင်စင်များကို တစ်နေရာတည်းအပြီးပြုလုပ်
ပေးတော့မည်ဖြစ်သည်။
ယခင်က ခရီးသွားကုမ္ပဏီတည်ထောင်လို လျှင် တင်ပြထားသည့် လိပ်စာတွင် အမှန် တကယ်
ကုမ္ပဏီရုံးခန်း ရှိ/မရှိ၊ လုံလောက်သော ၀န်ထမ်းများ ရှိ/မရှိ နှင့် လုပ်ငန်းဆောင်ရွက် ရန် အသင့်
ဖြစ်/မဖြစ်တို့ကို အစစ်ဆေးခံပြီးမှ သာ လုပ်ငန်းလိုင်စင် ရရှိခဲ့သည်။
ယခုအခါ ခရီးသွားလုပ်ငန်းလိုင်စင်လျှောက် ရန် လိုအပ်သည့်စာရွက်စာတမ်းအပြည့်အစုံဖြင့်
လျှောက်ထားပါက လိုင်စင်ကို ဦးစွာထုတ် ပေးသည့် စနစ်သို့ ပြောင်းလဲလိုက်ပြီဖြစ်ပြီး လိုင်စင်
ထုတ်ပေးပြီးနောက်မှ ရုံးခန်းလိပ်စာ အတိုင်း သွားရောက်စစ်ဆေးပြီး အမှန်တကယ် လုပ်ငန်း
လုပ်ဆောင်မှုမရှိလျှင်မူ လိုင်စင်ကို ပြန်လည်သိမ်းဆည်းမည်ဖြစ်သည်။ လိုင်စင်လျောက်ထားရာ
တွင်မူ ယခင်က အတိုင်း ရန်ကုန်မြို့၊ သစ္စာလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းထောင့်ရှိ ရင်းနှီးမြှုပ်နှံ
မှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနတွင်သာ ဆက်လက် လျှောက်ထားရမည် ဖြစ်သည်။
လုပ်ငန်း လိုင်စင်များကိုမူ တစ်နေရာတည်းအပြီး လုပ်ဆောင်ပေးရန် ဟိုတယ်ခရီး ၀န်ကြီးဌာနမှ
အရာရှိများနှင့်ဝန်ထမ်းများက ဇန်နဝါရီလ ၁၉ ရက်နေ့မှစတင်၍ ထိုရုံးတွင် သွားရောက်ပူးတွဲ
ရုံးထိုင်ကာ ဆောင်ရွက်ပေးနေသည်ဟု သိရသည်။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းမှ
အချက်အလက်များအရ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း နှစ်စဉ် ခရီးသွားကုမ္ပဏီ ၃၀၀ ခန့်တိုးပွားလာ
နေပြီး ၂၀၁၄ ခုနှစ် နှစ်ကုန် တွင် ကုမ္ပဏီစုစုပေါင်း ၁,၅၀၀ ခန့်ရှိပြီနေဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍမှာ လည်း နှစ်စဉ်တိုးတက်နေရာ ပြီးခဲ့သည့်နှစ် က ပြည်ပ
ဧည့်သည် သုံးသန်းကျော်လာရောက် လည်ပတ်ခဲ့ပြီး ထိုကဏ္ဍတစ်ခုတည်းမှ အမေ ရိကန်ဒေါ်လာ
သန်း ၁,၁၀၀ ကျော် ၀င်ငွေရရှိ ခဲ့သည်ဟု ဟိုတယ်/ခရီးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထိုသို့ဖွံ့ဖြိုးမှုများရှိနေသော်လည်း ကျွမ်း ကျင်ဝန်ထမ်းရှားပါးမှု၊ ဟိုတယ်ဈေးနှုန်း ကြီး မြင့်မှုနှင့်
ခရီးသွားဆွဲဆောင်ရာနေရာများ တိုးချဲ့ဖော်ထုတ်ရာတွင် အားနည်းမှုစသည့် လိုအပ်ချက်များ
ရှိနေဆဲဖြစ်သလို၊ ပြည်ပ ခရီးသွားများကို ဆိုက်ရောက်ဗီဇာထုတ်ပေးခြင်းရပ်တန့်ရန် ဆောင်
ရွက်နေခြင်းကို လည်း ခရီးသွားလုပ်ငန်းရှင်အချို့က ဝေဖန် နေကြသည်။





