Asean Pass အစီအစဉ် အဲအေးရှားက မိတ်ဆက်

လေကြောင်းလိုင်း၏ Asean Pass အစီအစဉ်အား မိတ်ဆက်နေစဉ်။ ဓာတ်ပုံ -  အိအိသူ
လေကြောင်းလိုင်း၏ Asean Pass အစီအစဉ်အား မိတ်ဆက်နေစဉ်။ ဓာတ်ပုံ - အိအိသူ

Asean Pass အစီအစဉ် အဲအေးရှားက မိတ်ဆက်

အဲအေးရှားလေကြောင်းလိုင်းသည် အာဆီယံ ၁၀ နိုင်ငံအတွင်း လေယာဉ်ဈေးနှုန်းသက်သာ စွာ
သွားရောက်နိုင်ရန်နှင့် ဒေသတွင်းခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်
ဖြင့် Air Asia Asean Pass နှငAir Asia Asean Pass + တို့ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင်
စတင်မိတ်ဆက် ရောင်းချပေး နေသည်ဟု လေကြောင်းလိုင်း၏ အမှုဆောင် အရာရှိချုပ် မစ္စတာ
တိုနီ ဖာနန်ဒက်စ် (Mr. Tony Fernandes) က ဖော်ဖော်ဝါရီလ ၂၃ ရက်နေ့က ဘန်ကောက်မြို့
တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

"အခုလို Air Asia Asean Pass ကို မိတ် ဆက်ပေးရတဲ့အတွက် အရမ်းဂုဏ်ယူပါတယ်။ Air Asia
Asean Pass က လက်မှတ်ဈေးနှုန်း ပိုမိုသက်သေစေမယ့်အပြင် အာဆီယံဒေသ တွင်းနိုင်ငံတွေ
ကို ခရီးသွားဖို့ အားပေးရာရောက် ပါတယ်။ ဒေသတွင်းပေါင်းကူးတံတားဖြစ်စေတဲ့အပြင် နိုင်ငံခြား
ခရီးသွား ဧည့်သည်တွေကို ပိုမိုဆွဲဆောင်နိုင်မှာပါ" ဟု မစ္စတာတိုနီက ပြောသည်။

အမှုဆောင်အရာရှိချုပ် တိုနီဖာနန်ဒက်စ်ရှင်းလင်းပြောကြားနေနေစဉ်။ ဓာတ်ပုံ -  အိအိသူ

ခရီးသွားများသည် Air Asia Asean Pass ၏ 10 Credits ကို ထိုင်းဘတ်ငွေ ၅၃၀၀ (မြန်မာ ငွေ
၁၇၄,၉၀၀ ကျပ်)နှင့် Air Asia Asean Pass + ၏ 20 Credits ကို ထိုင်းဘတ်ငွေ ၉,၃၀၀ (မြန်မာ
ငွေ ၃၀၆,၉၀၀ ကျပ်)ဖြင့် ၀ယ်ယူနိုင်သည်။ ၎င်းခရက်ဒတ်ကက် ကိုင်ဆောင်ထားသော ခရီးသွား
များသည် ခရက်ဒစ်ကတ် မကုန်မချင်း အာဆီယံ ၁၀ နိုင်ငံသို့သွားရောက်နိုင်ပြီး အဆို ပါ ခရက်
ဒစ်ကတ်များကို အသုံးပြုကာ လေယာဉ် လက်မှတ် ကြိုတင်မှာယူနိုင်မည်ဖြစ်သည်။

နှစ်နာရီ အောက်ခရီးစဉ်တစ်ခုကို တစ်ခရက် ဒစ်နှင့် နှစ်နာရီနှင့်အထက် ခရီးစဉ်များ အတွက်
သုံးခရက်ဒစ်ဖြတ်မည်ဖြစ်ကြောင်း သိရသည်။

Air Asia Asean Pass ကိုင်ဆောင်ထား သော ခရီးသွားများသည် မိမိစတင်အသုံးပြု သည့် ရက်
၃၀ အတွင်း ၁၀ ခရက်ဒစ်ကုန် အောင်သွားရောက်ရမည်ဖြစ်ပြီး Air Asia Asean Pass + ၀ယ်ယူ
ထားသောခရီးသွား များအတွက် ရက် ၆၀ အတွင်းသုံးရမည်ဟု သိရသည်။

လေဆိပ်အခွန်အခ အပါအဝင် အခြားသော အခွန်အခများကိုမူ သီးခြားပေးရ မည်ဖြစ်သည်။
"အာဆီယံဒေသတွင်း နိုင်ငံများအပြင် အာရှနိုင်ငံများအထိ တိုးချဲ့ပြုလုပ်နိုင် ဖို့ ဆောင်ရွက်နေပါ
တယ်။ ခရီးသွားတွေ ကို Air Asia Asean Pass က အာဆီယံ ဒေသတွင်း ခရီးစဉ် ၁၄၈ ခုကို
ဈေးနှုန်းသက်သာ စွာနဲ့ သွားရောက်နိုင်တာကြောင့် ပျော်ရွှင်စေ မှာပါ"ဟု မစ္စတာ တိုနီက ပြော
သည်။

Air Asia Asean Pass နှင့် Air Asia Asean Pass + သည် မလေးရှားအဲအေးရှား (AK)၊
ထိုင်းအဲအေးရှား (FD)၊ အဲအေးရှား အင်ဒိုနီးရှား (QZ) နှင့် ဖိလစ်ပိုင်အဲအေးရှား (Z2) တို့တွင်
အသုံးပြုနိုင်မည်ဖြစ်သည်။