ရှေးမြို့တော်များကို တပေါင်း တည်းသွားနိုင်မည့်ခရီးစဉ် အီတလီတက္ကသိုလ်ရေးဆွဲ

မန္တလေးမြို့ ဦးပိန်တံတားသို့ လာရောက်လည်ပတ်နေကြသူများအား မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ အေအက်ဖ်ပီ
မန္တလေးမြို့ ဦးပိန်တံတားသို့ လာရောက်လည်ပတ်နေကြသူများအား မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ အေအက်ဖ်ပီ

ရှေးမြို့တော်များကို တပေါင်း တည်းသွားနိုင်မည့်ခရီးစဉ် အီတလီတက္ကသိုလ်ရေးဆွဲ

မြန်မာပြည်အထက်ပိုင်းရှိ ရှေးဟောင်းမြို့များ ကို ခရီးလမ်းကြောင်းတစ်ခုတည်းအဖြစ်
တစ်စုတစ်စည်းတည်းလည်ပတ်နိုင်ရန် စီမံကိန်း တစ်ခုအား အီတလီနိုင်ငံ ဖလော့ရင့်
တက္ကသိုလ်မှ ပါမောက္ခများက ရေးဆွဲရန်အတွက် မန္တလေးမြို့သို့ မတ်လဆန်းက ရောက်
ရှိနေကြ ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနက ထုတ်ပြန်သည်။

"ပေါင်းစည်းခရီးစဉ်ဒေသစီမံကိန်း"ဟု အမည်ပေးထားသော အဆိုပါအစီအစဉ်ကိုရေးဆွဲ
မည့်အဖွဲ့ကို ပါမောက္ခမာစီမိုပရီတာ က ဦးဆောင်ပြီး ပါမောက္ခ မန်ဖရက်ထ်ဟိန့်ဇ်၊
ဒေါက်တာ ခရစ္စတီနာလို ပရစ္စတီတို့နှင့် ဗိသုကာပညာရှင် မစ္စဂစ်ဘရီလာမာခ်ရော့ခ်
ကိုတို့ ပါ၀င်သည်။ ၎င်းတို့သည် မန္တလေး၊ အမရ ပူရ၊ အင်းဝ၊ စစ်ကိုင်းနှင့် မင်းကွန်းသို့
ခရီးစဉ် ဒေသတစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ရန် စီမံကိန်းရေးဆွဲမည်ဖြစ်သည်။

၎င်းစီမံကိန်း တွင် ထိုဒေသများအတွင်း ခရီးသွားလုပ်ငန်း ဆိုင်ရာ စီမံခန့်ခွဲမှုပုံစံ တိုးတက်
လာစေရန်နှင့် ထိုဒေသရှိ ခရီးသွားအရင်းအမြစ်များကို မြှင့်တင်ပေးခြင်းဖြင့် ဒေသခံများ၏
လူမှု စီးပွားဘဝကိုကူညီမြှင့်တင်ပေးမည့် စီမံချက် များ ပါ၀င်မည်ဖြစ်သည်။ ထို့ပြင်
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် လာမှုကြောင့် ထိုဒေသကို ဆိုးကျိုးများမသက်
ရောက်စေရန်လည်း တစ်ပါတည်း ထည့်သွင်း စဉ်းစားပြီး ရေးဆွဲသွားမည်ဟု သိရသည်။

စီမံကိန်းအတွက် စတာလင်ပေါင် ခုနစ်သိန်း ခန့် (ကျပ်သိန်းပေါင်း တစ်သောင်းကျော်)
ကုန်ကျမည်ဖြစ်ရာ ၎င်းတို့ကပင် အကုန်အကျခံမည်ဖြစ်ပြီး စီမံကိန်းရေးဆွဲသည့်ကာလ
တစ်နှစ်ခန့် ကြာမြင့်မည်ဖြစ်သည်။ အဆိုပါ တစ်နှစ်တာကာလအတွင်း ခရီးသွား
လုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် သင်တန်းများပေးရန် လည်း
စီစဉ်မည်ဖြစ်ပြီး ကုန်ကျစရိတ်ကို ထိုငွေ ထဲမှ စိုက်ထုတ်ကာ သုံးစွဲမည်ဖြစ်သည််။
စီမံကိန်းရေးဆွဲသော ဒေသရှိ ရှေးမြို့ဟောင်း များသည် ယူနက်စကို၏ ရှေးဟောင်းအမွေ
အနှစ်စာရင်းသို့ ထည်သွင်းရန် လျာထားခံ ထားရသည့်မြို့များလည်း ဖြစ်သည်။