ခရီးသွားလုပ်ငန်းအထူးပြု ကျောင်းသား ကိုးဦးကို ပညာသင်ဆု ထောက်ပံ့

ခရီးသွားလုပ်ငန်းအထူးပြု ကျောင်းသား ကိုးဦးကို ပညာသင်ဆု ထောက်ပံ့

ရန်ကုန်မြို့ရှိ အမျိုးသားစီမံခန့်ခွဲမှုကောလိပ် ၌ ခရီးသွားလုပ်ငန်းအထူးပြု ၀ိဇ္ဇာဘွဲ B.A(Tourism)
အတွက်သင်ယူနေနသော ထူးချွန် ကျောင်းသားကိုးဦးကို မြန်မာနိုင်ငံခရီး သွားလုပ်ငန်းရှင်များ
အသင်းက ပညာသင် ဆုပေးအပ်ထောက်ပံ့ပေးထားသည်ဟု အသင်း ဗဟိုအလုပ်အမှုဆောင်
ဦးဖြိုးရာဇာ က မြန်မာတိုင်း(မ်)ကိုပြောသည်။ "အသင်းအနေနဲ့ အခုလိုပညာသင်ဆုပေး တာ
ပထမဆုံးပါ။ နောက်နှစ်တွေမှာလည်း ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ ရည်ရွယ်ထား ပါတယ်။
အဓိက ကိုယ့်ရဲ့စီးပွားရေးနယ်ပယ်မှာ စွမ်းရည်မြင့်လာအောင် တာဝန်ယူတဲ့ သဘော နဲ
့ ကျောင်းသားတွေကို ကြိုးစားချင်စိတ်ဖြစ် ပေါ်စေချင်တာပါ" ဟု ၎င်းက ပြောသည်။

အဆိုပါ ကျောင်းသားကိုးဦးကို ခရီး သွားကုမ္ပဏီရှစ်ခုက တစ်ဦးလျှင် တစ်နှစ်စာ
ကျပ်ရှစ်သိန်းထောက်ပံ့ပေးထားသည်။ အဆိုပါကျောင်းသားများအပြင် ခရီးသွား လုပ်ငန်း
ဘာသာရပ်အထူးပြု ကျောင်းသား၊ ကျောင်းသူအားလုံးသည် ခရီးသွားလုပ်ငန်း များတွင်
လက်တွေ့ကွင်းဆင်းလေ့လာသင်ယူခွင့်ရရှိကြမည် ဖြစ်သည်။

"ခရီးသွားလုပ်ငန်းကို အထောက်အပံ့ဖြစ် စေချင်တာကြောင့် ကျောင်းသားတွေအားလုံး
တကယ်လက်တွေ့ကွင်းဆင်းလေ့လာခွင့် ရ မှာပါ။ ခရီးသွားလုပ်ငန်း ရုံးလုပ်ငန်းပိုင်းမှာ
တစ်လနဲ့ လက်တွေ့ပိုင်းငါးလ အားလုံး ပေါင်းခြောက်လကို တတိယနှစ်နဲ့ စတုတ္ထ နှစ်တွေမှာ
ကွင်းဆင်းရမှာပါ" ဟု ဦးဖြိုးရာဇာ က ပြောသည်။ အမျိုးသားစီမံခန့်ခွဲမှုကောလိပ်တွင်
ခရီးသွားလုပ်ငန်းဘာသာရပ်ကို ပထမနှစ်ကျောင်းသား ၂၂၅ ဦး၊ ဒုတိယနှစ်ကျောင်း သား
ရ၈ ဦးနှင့် တတိယနှစ်ကျောင်းသား ၉၈ ဦး တို့ သင်ကြားနေသည်။

 
[