ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ စိတ်ဝင်စား မှုများလာပြီး လာရောက်လည်ပတ်မှုတိုးလာ
သည့် တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်ကျွန်းစု သည် အနာဂတ်တွင် နိုင်ငံခြားခရီးသွား
ဧည့်သည်အမြောက်အမြားဆွဲဆောင်နိုင်သော ခရီးသွားနေရာတစ်ခုဖြစ်လာနိုင်သည်
ဟု မြိတ်မြို့ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး
ဦးလွှမ်း မိုးက မြန်မာတိုင်း(မ်)ကိုပြောသည်။
လူဦးရေ ၁၄၀,၀၀၀ သောင်းကျော်ရှိသည့် မြိတ်မြို့သည် နိုင်ငံခြားဧည့်သည် တစ်သန်းခန့်
ဆွဲဆောင်နိုင်ပါက ဒေသခံများ၏ စီးပွားရေး ထွက်ပေါက်တစ်ခုဖြစ်လာနိုင်ပြီး မြိတ်ကျွန်းစု
သည် ထိုင်းနိုင်ငံ ဖူးခက်ကျွန်းနှင့်လည်း နယ် နိမိတ်ချင်းနီးစပ်သောကြောင့်ခရီးသွားလုပ်
ငန်းများ ဖွ့ံဖြိုးတိုးတက်ရန် အလားအလာများ စွာရှိသည်ဟု ဦးလွှမ်းမိုးက ပြောသည်။
၂၀၁၄ ခုနှစ်တွင် ဖူးခက်သို့ ကမ္ဘာလှည့် ခရီးသွားနှင့် ပြည်တွင်းခရီးသွား ၁၂ ဒသမ ရ
သန်းခဲ့ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအနေနှင့် လည်း နယ်နိမိတ်ချင်း နီးစပ်သောကြောင့်
မြိတ်ကျွန်းစုသို့ လာရောက်လိုသည့် ခရီးသွား ဧည့်သည်များ အဆင်ပြေစွာလာရောက်နိုင် ရန် သက်ဆိုင်ရာ နှစ်ဖက်အာဏာပိုင်များ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နေသည်ဟု ဦးလွှမ်းမိုးကပြောသည်။
"ရာသီဥတုနဲ့ စည်းကမ်းမဲ့ ငါးဖမ်းမှုတွေ ကြောင့်ရေသယံဇာတတွေ လျော့နည်းလာပါ ပြီ။
အဲဒါကြောင့် ခရီးသွားလုပ်ငန်းက ဒေသ စီးပွားရေးအတွက် ထွက်ပေါက်တစ်ခုဖြစ် လာပါတယ်။
ခရီးသွားလုပ်ငန်းတစ်ခုတည်းနဲ့ မှီခိုနိုင်တာကြောင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်လာအောင်
အဓိကအားထားဆောင် ရွက်နေပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက် တဲ့
အသိပညာပေးဟောပြောပွဲတွေ၊ အလုပ်ရုံ ဆွေးနွေးပွဲတွေကျင်းပနေပေမယ့် အခုထိဒေသခံ
များ အားလုံးနားလည် လက်ခံနိုင်အောင် ကြိုးစားဖို့ လိုပါသေးတယ်"ဟု ၎င်းက ပြော သည်။
မြိတ်ကျွန်းစုသည် ခရီးသွားလုပ်ငန်းများ ဖွ့ံဖြိုးတိုးတက်ရန် အလားအလာများစွာရှိသော ကြောင့်
ဟိုတယ်ခရီးနှင့် သက်ဆိုင်ရာအဖွဲ့ အစည်းများက ဒေသခံများကို ခရီးသွားလုပ်ငန်း အသိပညာ
တိုးတက်လာစေရန်သင်တန်းများ ပေးသော်လည်း လိုက်နာသူနည်းနေသေး ကြောင်း
ဦးလွှမ်းမိုးကပြောသည်။ အခုလက်ရှိအချိန်တွင် ခရီးသွားလုပ်ငန်း နှင့်ပတ်သက်ပြီး
ဒေသခံများအဖို့ သိသာထင် ရှားသည့်အကျိုးမရှိသေးသောကြောင့် ခရီးသွား လုပ်ငန်း
အပေါ်စိတ်ဝင်စားမှုနည်းနေခြင်း ဖြစ်သည်ဟု Elegant Myanmar Travel and Tours
ခရီးသွားကုမ္ပဏီ ဒါရိုက်တာ ဦးသော် တာညွန့်က မြန်မာတိုင်း(မ်)ကိုပြောသည်။
"ဒေသခံတွေအနေနဲ့ကလည်း သူတို့ အတွက် ဘာမှအကျိုးမရှိဘူးဆိုရင် စိတ်ဝင် စားမှုရှိမှာ
မဟုတ်ပါဘူး။ အဲဒါကြောင့် သူတို့ ၀င်ငွေရမယ့် ခရီးသွားလုပ်ငန်းလေးတွေ ဖန်တီးပေးဖို့
လိုပါတယ်။ ကျွန်းပေါ်ရှိရွာတွေ မှာ နိုင်ငံခြားသားတွေ တည်းခိုနိုင်လောက်တဲ့Band B
(Breakfast and Bed) တည်းခိုဆောင် ခွင့်ပြုပေးတာမျိုး၊ ဒေသထွက်အမှတ်တရ
လက်ဆောင်ပစ္စည်းဆိုင်မျိုး စတဲ့အခွင့် အလမ်းတွေဖန်းတီးပေးနိုင်မယ်ဆိုရင် စိတ်ပါ၀င်စား
လာမှာပါ"ဟု ဦးသော်တာ ညွန့်က ပြောသည်။
ကျွန်းပေါင်း ၈၀၀ ကျော်ရှိသည့် မြိတ် ကျွန်းစုသည် သဘာဝသယံဇာတများ၊ မပျက် စီးသေး
သည့် သန္တာကျောက်တန်းများ၊ ရိုးရာ ယဉ်ကျေးမှုများ ပေါကြွယ်ဝခြင်းတို့ကြောင့် နိုင်ငံခြားသား
ဧည့်သည်များကို ဆွဲဆောင်နိုင် သော်လည်း လမ်းပန်းဆက်သွယ်ရေးအခက် အခဲ၊ နိုင်ငံခြားသား
များအဖို့ ဟိုတယ်ခရီးသို့ ကြိုတင်ခွင့်ပြုချက်တောင်းယူရခြင်းစသည် တို့ကြောင့် လာရောက်ရန်
အခက်အခဲဖြစ်နေ သေးသည်ဟု ၎င်းက ပြောသည်။ "မြိတ်ကျွန်းစုကို အရင်ကထက်သိတဲ့သူ
များလာပြီး လာလည်တဲ့သူလည်းများလာပါ တယ်။ ဒါပေမဲ့ တစ်ပတ်ခန့် ကြိုတင်ခွင့်ပြုချက်
ယူရတာကြောင့် ဗီဇာရှိပြီးသားလူက ခွင့်ပြု ချက်ထပ်လိုသေးတာလားဆိုပြီး စိတ်ပျက် သွားတဲ့
နိုင်ငံခြားသားတွေလည်းရှိပါတယ်။ ဧည့်သည်ဝင်ရောက်မှုက နှစ်စဉ်တိုးလာ ပေမယ့်ခွင့်ပြုချက်
အဆင့်ဆင့်တောင်းခံရ တာပြေလျော့သွားမယ်ဆိုရင် အခုထက် ဧည့်သည်ပိုမိုဝင်ရောက်လာမှာပါ"
ဟု ၎င်းက ပြောသည်။
ခရီးသွားလုပ်ငန်းအတွက် အလားအလာ များစွာရှိသည့် မြိတ်ကျွန်းစုရှိ သဘာဝသယံ
ဇာတများ မပျက်စီးသွားစေရန် ဒေသခံများ၏ လွဲမှားသည့် ငါးဖမ်းနည်းများ၊ စည်းကမ်းမဲ့
အမှိုက်ပစ်ခြင်း သန္တာကျောက်တန်းနှင့် ပင်လယ်ရေကိုထိခိုက်ပျက်စီးစေသည့် ငါးဗုံးခွဲ
ငါးဖမ်းခြင်းများစသည်တို့ကို ကြိုတင်ထိန်း သိမ်းကာကွယ်သင့်သည်ဟု ဦးသော်တာ ညွန့်က
ပြောသည်။ မြိတ်ကျွန်းစုသို့ နိုင်ငံခြားခရီးသွားဧည့်သည် ၀င်ရောက်မှု သည်၂၀၁၂ ခုနှစ်တွင်
၁,၁၅၈ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၂,၁၆၃ ဦး၊ ၂ ၀၁၄ ခုနှစ်တွင် ၂,၅၆၂ ဦး ရှိခဲ့ပြီး မြိတ်မြို့နယ်တစ်မြို့နယ်
လုံးအတိုင်းအတာနှင့်ဆိုပါက ၂၀၁၄ ခုနှစ် တွင် ခရီးသွားနှစ်သိန်းကျော်ဝင်ရောက်ခဲ့ သည်ဟု ဆိုသည်။





