4TV ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပို့ဆောင်ရေး(က)အသင်းဗိုလ်စွဲ

ယူ-၁၆ နောက်ဆုံးဗိုလ်လုပွဲတွင် ရန်ကုန်အား/ကာသိပ္ပံ(က)အသင်း(၀ဲ)နှင့် ပို့ဆောင်ရေး(ခ)အသင်းတို့ ယှဉ်ပြိုင်နေကြစဉ်။ ဓာတ်ပုံ - အောင်ဌေးလှိုင်။မြန်မာတိုင်းမ်
ယူ-၁၆ နောက်ဆုံးဗိုလ်လုပွဲတွင် ရန်ကုန်အား/ကာသိပ္ပံ(က)အသင်း(၀ဲ)နှင့် ပို့ဆောင်ရေး(ခ)အသင်းတို့ ယှဉ်ပြိုင်နေကြစဉ်။ ဓာတ်ပုံ - အောင်ဌေးလှိုင်။မြန်မာတိုင်းမ်

4TV ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပို့ဆောင်ရေး(က)အသင်းဗိုလ်စွဲ

ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ သုဝဏ္ဏမိုးလုံလေလုံအားကစား ခန်းမတွင်
ကျင်းပပြုလုပ်ခဲ့သော 4 TV ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ အလွတ်တန်းပြိုင်ပွဲတွင် ပို့ဆောင်ရေး(က) က
အနိုင်ရဗိုလ်စွဲ ခဲ့သည်။

ဗိုလ်လုပွဲစဉ်တွင် ပို့ဆောင်ရေး (က)အသင်းနှင့် ပို့ဆောင်ရေး(ခ)အသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ပြီး
ပို့ဆောင်ရေး (က) အသင်းက ၂၅-၂၃၊ ၂၁-၁၃ ဖြင့် နှစ်ပွဲပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။ အသက် ၁၆
နှစ်အောက် လူသစ်တန်း ဗိုလ်လုပွဲစဉ်တွင် ရန်ကုန်အားကာသိပ္ပံ(က)အသင်းနှင့်ပို့ဆောင်ရေး (ခ)
အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ရန်ကုန်အားကာသိပ္ပံ(က)အသင်းက ၁၁-၂၁၊ ၂၁-၆၊ ၂၅-၂၄ ဖြင့်
အနိုင်ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲ၏ အလွတ်တန်းပြိုင်ပွဲတွင် ၅၈ သင်း၊ အသက် ၁၆ နှစ်အောက် လူသစ်တန်းပြိုင်ပွဲတွင်
၂၄ သင်း ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံလက်ရွေးစင်ပိုက်ကျော် ခြင်းကစားသမားများကို ၀င်ရောက်
ယှဉ်ပြိုင် ခွင့်မပြုခဲ့ကြောင်း သိရသည်။ အလွတ်တန်းပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော ပို့ဆောင်ရေး(က)
အသင်းကို ဆုငွေ ကျပ် ခုနစ်သိန်း၊ ဒုတိယရရှိသော ပို့ဆောင်ရေး (ခ)အသင်းကို ကျပ်ငါးသိန်း၊
တတိယရရှိ သော ရွှေကျွန်းသား(ခ)အသင်းကို ကျပ် သုံးသိန်း ပေးအပ်ချီးမြှင့်ခဲ့ပြီး ၁၆ နှစ်အောက်
ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော ရန်ကုန်အား/ကာ သိပ္ပံ(က)အသင်းကို ကျပ်ငါးသိန်း၊ ဒုတိယ ရရှိသော
ပို့ဆောင်ရေး(ခ)အသင်းကို ကျပ် သုံးသိန်း၊ တတိယရရှိသော ရန်ကုန်အား/ကာ သိပ္ပံ (ခ)
အသင်းကို ကျပ်နှစ်သိန်းပေးအပ် ခဲ့သည်။ ပြိုင်ပွဲ၏ အကောင်းဆုံးမျိုးဆက်သစ် လူငယ်ကစား
သမားဆုကို ကချင်လူငယ် အသင်းမှ စစ်လင်းထွဋ်က ရရှိခဲ့သည်။

"ဒီပြိုင်ပွဲရဲ့ အဓိကရည်ရွယ်ချက်က တော့ လက်ရွေးစင်အသင်းအတွက် မျိုးဆက် သစ်ကစား
သမားတွေ ပေါ်ထွက်လာရေးပါ။ဒါကြောင့် မျိုးဆက်သစ်တွေ အခွင့်အရေး ပိုရအောင်လက်ရွေးစင်
ကစားသမားတွေ ကို ၀င်ရောက်ယှဉ်ပြိုင်ခွင့် မပြုခဲ့ပါဘူး။ ဒီလိုပြည်တွင်းပြိုင်ပွဲတွေများများပြုလုပ်
ပေးတာဟာ မျိုးဆက်သစ်တွေ ထွက်ပေါ် လာစေပါတယ်။ နောက်နှစ်တွေလည်း ကျင်းပနိုင်အောင်
ကြိုးစားသွားပါမယ်"ဟု ပိုက် ကျော်ခြင်းအဖွဲ့ချုပ်အထွေထွေ အတွင်း ရေးမှူးဦးကျော်ဇင်မိုးက ပြောသည်။