အင်းလေးရိုးရာ အစားအသောက်တွေကို မြည်း စမ်းရင်း အင်းသားမိသားစုတစ်ခုရဲ့ အမွေ
အနှစ်တွေကို လေ့လာခွင့်ရနိုင်တဲ့ နေရာက တော့ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ နယ်
ရှိ အင်းလေးကန်ထဲက အင်းသားအမွေ အနှစ်လို့ အမည်ပေးထားတဲ့ စားသောက်ဆိုင်
ပဲဖြစ်ပါတယ်။
စားသောက်ဆိုင်အပြင် ဧည့်သည်များ တည်းခိုနိုင်တဲ့ ဘန်ဂလို ခြောက်လုံးနဲ့ အင်းလေး
ကန်အနီးတစ်ဝိုက်ရှိ ရွာတွေက လူငယ်တွေအတွက် ဟိုတယ် လုပ်ငန်းအတတ်သင်ကျောင်း
ပါ ဖွင့်လှစ် ထားပါတယ်။
"အင်းလေး ဓလေ့ထုံးစံအတိုင်းချက်တဲ့ အစားအသောက် ဟင်းအမျိုးအစားတွေ ရောင်း
ချင်တာရယ်၊ မိသားစုအမွေကိုထိန်း သိမ်းချင်တာကြောင့် အဘိုးအဘွားတွေနေ ခဲ့တဲ့
အိမ်ပုံစံအတိုင်း အင်းပေါခုံရွာမှာ ပြန် ဆောက်ထားပါတယ်။ ငွေကြေးမတတ်နိုင်တဲ့
အင်းလေးကန် အနီးတစ်ဝိုက်မှာရှိတဲ့ ကလေး တွေအတွက်လည်း ဟိုတယ်သင်တန်းကျောင်း
ဖွင့်လှစ်ထားပါတယ်"လို့ တည်ထောင်သူ ဒေါ်ရင်မျိုးစုက ပြောပြပါတယ်။
အင်းသားအမွေအနှစ် ဟိုတယ်သင်တန်း ကျောင်းကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလမှာ
ကျောင်းသား ၄၀ ဦးနဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး အားလုံးနီးပါး ပညာသင်ထောက်ပံ့ကြေးပေး
ထားပါတယ်လို့ သိရပါတယ်။ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်တွေ အမြောက်အမြား
လာ ရောက်တဲ့ အင်းလေးကန်အတွက် လိုအပ် လျက်ရှိတဲ့ လူသားအရင်းအမြစ်
ဖွ့ံဖြိုးတိုးတက် စေဖို့နဲ့ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်ဖို့
ရည်ရွက်ချက် နဲ့ ဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်လို့ ဒေါ်ရင်မျိုးစုက ပြောပြပါတယ်။ "ပညာအရည်အချင်း
ကန့်သတ်မထားပါ ဘူး။ အနည်းဆုံး တက္ကသိုလ်ဝင်တန်း အရည် အချင်းရှိပြီး သင်တန်းကို
တကယ်စိတ်ဝင် စားတဲ့၊ ၀င်ခွင့်စာမေးပွဲဖြေဆိုအောင်မြင်တဲ့ ကျောင်းသားတိုင်း
တက်လို့ရပါတယ်။ သင်တန်းကြေးက တစ်နှစ်ကို ၁၅ သိန်း သတ်မှတ်ထားပေမယ့်
ပိုက်ဆံမတက်နိုင်တဲ့ ကျောင်းသားတွေကို ပညာသင်ထောက်ပံ့ ကြေးပေးပါတယ်။
ဟိုတယ်လုပ်ငန်းအပြင် အင်္ဂလိပ်စာနဲ့ အထွေထွေ ဗဟုသုတတွေကိုပါ သင်ကြားပေးပြီး
စားသောက်ဆိုင်၊ ဘန်ဂလို တွေနဲ့ တွဲဖွင့်ထားတာကြောင့် ကျောင်းသား တွေအတွက်
လက်တွေ့ သင်ကြားပေးလို့ရပါ တယ်"လို့ ဒေါ်ရင်မျိုးစုက ပြောပြပါတယ်။
"ကိုယ့်မွေးရပ်မြေကို တစ်ခုခုပြန်ပြီးလုပ် ပေးချင်တယ်။ ကိုယ်တိုင်က ကလေးနှစ်ယောက်မိခင်ဖြစ်တဲ့
အတွက် သူတို့ဆီက ယုံကြည်လေးစားမှု ပိုလိုချင်တယ်။ အဲဒါ ကြောင့် ဒီအလုပ်လေးလုပ်ဖြစ်ခဲ့တာပါ"
လို့ သူက ပြောပါတယ်။ "ဒီသင်တန်းက လူငယ်တွေအတွက် အလုပ်အကိုင်
အခွင့်အလမ်းဖန်တီးပေးနိုင် ပါတယ်။ ဟိုတယ်လုပ်ငန်းမှ မဟုတ်ဘဲ အထွေ ထွေ
ဗဟုသုတနဲ့ အင်္ဂလိပ်စာလည်း သင်ရတဲ့ အတွက် အတွေ့အကြံုရပါတယ်" လို့ ပညာသင်
ထောက်ပံ့ကြေးအပြည့်နဲ့ တက်ရောက် သင်ကြားနေတဲ့ သင်တန်းသူ မရွှေဇင်တိုးကပြောပြပါတယ်။
ညောင်ရွှေမြို့နယ်၊ ကြံပုံ့ကြီးကျေးရွာမှ အသက် ၂၁ နှစ်အရွယ် မရွှေဇင်တိုးက နေပြည်တော်မှာ
လက်ကမ်းစာစောင်တွေ့ခဲ့ ရာမှ လျှောက်လွှာတင်ခဲ့ခြင်းဖြစ်တယ် လို့ ပြောပြပါတယ်။
"နိုင်ငံခြားက ဟိုတယ်တွေမှာ အလုပ်လုပ် ချင်ပါတယ်။ သူတို့တွေ အလုပ်ဘယ်လိုကြိုး
စားတယ်၊ နေ့စဉ် ဘယ်လိုနေထိုင် စားသောက် တယ်ဆိုတာကို လေ့လာချင်ပါတယ်။
ရရှိခဲ့တဲ့ အတွေ့အကြံု၊ ဗဟုသုတတွေကို မွေးရပ်မြေ မှာ ပြန်လည်မျှဝေချင်ပါတယ်" လို့
အင်းသား အမွေအနှစ်မှာ ရ၅ ရာခိုင်နှုန်း ပညာသင် ထောက်ပံ့ကြေးနဲ့ တက်ရောက်သင်ကြား
နေတဲ့ ခွန်လှဘော်ကပြောပြပါတယ်။ နိုင်ငံတကာ ဟိုတယ်လုပ်ငန်းအတွေ့ အကြံုရှိ
ဒေသခံဆရာတွေက သင်တန်းပို့ချ ပေးနေပြီး သင်တန်းကာလ ပြီးဆုံးသွားပါက အင်းလေး
ကန်ရှိ ဟိုတယ်လုပ်ငန်းရှင်များကို ဖိတ်ကာ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ ပြုလုပ်ပေးပါတယ်
လို့ ဒေါ်ရင်မျိုးစုက ပြောပါတယ်။
"သင်ကြားပေးတဲ့ဆရာတွေက ဒေသခံ တွေဖြစ်တဲ့အတွက် နိုင်ငံခြားသားဆရာတွေ ထက်
ကျောင်းသားတွေရဲ့ ဘဝလိုအပ်ချက် ကို ပိုပြီးနားလည်မယ်လို့ထင်ပါတယ်" လို့ ဒေါ်ရင်မျိုးစု
ကပြောပါတယ်။ အင်းသားအမွေအနှစ်မှာ အင်းသားဒေသ အစားအစာများ မြည်းစမ်း
စားသောက်နိုင်တဲ့ အပြင် မိသားစုပိုင် အမွေအနှစ်ပြခန်း၊ အင်းလေးကန်ရှိငါး မျိုးစိတ်များ
ပြသထားတဲ့ ငါးပြတိုက်၊ ကမ္ဘာ့အဖိုးတန်ကြောင်စာရင်း ၀င်တဲ့ မြန်မာကြောင်ရွာ၊
သင်တန်းသားတွေရဲ့ ၀န်ဆောင်မှုစွမ်းရည် စတာတွေကိုလည်း လေ့လာနိုင်ပါတယ်။





