ခရီးသွားလုပ်ငန်းနဲ့ Bed and Breakfast

ခရီးသွားလုပ်ငန်းနဲ့ Bed and Breakfast

ရှမ်းပြည်နယ် အနောက်ပိုင်း ပင်းတယမြို့လေးရှိ ရွှေဥမင်လိုဏ်ူသို့ ခရီးသွားဧည့်သည်တွေ
ဟာ ခရီးသွားကုမ္ပဏီကားတွေ၊ ဘုရားဖူးကား တွေနဲ့ အများဆုံးလာရောက်ကြပြီး
သာယာလှပ သောရေကန် အနီးဝန်းကျင် စားသောက်ဆိုင် တွေမှာ နေ့လယ်စာ စားပြီး
ပြန်လည်ထွက်ခွာ လေ့ရှိကြပါတယ်။

နိုင်ငံခြားသား ခရီးသွား ဧည့်သည် အနည်းငယ်လောက်သာ ရက် အတော်ကြာ ည
အိပ်နေကြပြီး ဓနု၊ ပအိုဝ်း ရှမ်း စတဲ့ ရွာတွေရှိ တောင်တန်းတွေ၊ စိုက်ပျိုးရေးခြံထုတ်ကုန်တွေ
နဲ့ တိုင်းရင်းသား ရိုးရာအိမ်တွေ ကို သွားရောက်လေ့လာလေ့ရှိကြပါတယ်။ ဟိုတယ်
လုပ်ငန်းရှင် ဒေါ်ရင်မျိုးစုက စီးပွားရေးလုပ်ဖော်ကိုင်ဖက် ပင်းတယဒေသခံ တစ်ဦးနဲ့အတူ
နိုင်ငံခြားသားဧည့်သည် ၁၀ ဦး ခန့်နေလို့ရတဲ့ အခန်းငါးခန်းရှိ လယ်တဲအိမ် တစ်လုံးကို
တည်ဆောက်ထားပါတယ်။

နိုင်ငံခြားသားတွေအနေနဲ့ တဲအိမ်အနီးရှိ ရွာတွေမှာ စိုက်ခင်းတွေ၊ ဒေသထွက်ကုန်တွေ
(ဥပမာ ပျားရည်၊ သစ်သီး ဟင်းသီးဟင်းရွက်) ကို စက်ဘီးနဲ့ဖြစ်စေ၊ လမ်းလျှောက်၍
ဖြစ်စေ သွားရောက်လေ့လာနိုင်ပါတယ်လို့ ပြောပြ ပါတယ်။ "ပင်းတယမြို့လေးကို
ချစ်တယ်။ ပင်းတယ မြို့လေးက အီတလီနိုင်ငံအလယ်ပိုင်းTuscany  မြို့လေးအတိုင်း
သာယာလှပလို့ မြန်မာ့ Tuscany လို့ ကျွန်မပြောလေ့ရှိပါတယ်။

ပန်းသီးပင်တွေက သံလွင်ပင်လေးတွေအတိုင်း စိမ်းဝါရောင်လေးတွေမြေကြီးရဲ
့အရောင်ကလည်း အသက်ရှူမှားလောက်အောင် အရမ်းလှပါတယ်။ ပြီးခဲ့တဲ့အပတ်
ဟဲဟိုးကနေ ပင်းတယကိုသွားတော့ အဖြူ ရောင်၊ အဝါရောင်၊ အစိမ်းရောင် အနီရောင်
လယ်ကွင်းတွေက အပြာရောင်တောက်ပ နေ တဲ့ကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်း
အောင်လှပနေတယ်"လို့ ဒေါ်ရင်မျိုးစုက ပြောပြပါတယ်။

ပင်းတယမှာ နိုင်ငံခြားသားဧည့်သည်တွေ အတွက် မနက်စာနဲ့ ညအိပ်ရုံနေလို့ရတဲ့
အိပ်ရာနဲ့ နံနက်စာဝန်ဆောင်မှု B and Bs (Bed and Breakfast) စနစ် လယ်တဲနှစ်ထပ်
အိမ်တည်ဆောက်ထားပြီး အလယ်မှာ တောင်ဝှေးပင်၊ သရက်ပင်၊ ငှက်ပျောပင်နဲ့
ကော်ဖီပင်တွေ စိုက်ထားတယ်လို့ သူက ပြောပါတယ်။ အဲဒီလိုတည်ဆောက်ဖွင့်
လှစ်ထားပေမယ့် အခုအချိန်ထိ တရားဝင်လိုင်စင်မရသေးတာ က ပြဿနာဖြစ်နေပါတယ်။

မြန်မာနိုင်ငံဥပဒေအရ နိုင်ငံခြားသားဧည့်သည်တွေက ဟိုတယ်ခရီးသွားလုပ်ငန်း
၀န်ကြီးဌာနက ခွင့်ပြု ထားတဲ့ ဟိုတယ်မှာပဲ တည်းခိုခွင့်ရှိပါတယ်။ ဒါပေမဲ့
အိမ်အဆောက်အအုံတစ်ခုမှာ ဟိုတယ်လိုင်စင်ရရှိဖို့ အနည်းဆုံး အခန်း ၁၀
ခန်းပါရှိရမှာပါ။ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန က ၂၀၁၃ ခုနှစ်မှာ ပြည်သူလူထု၊
ပုဂ္ဂလိက ဟိုတယ်လုပ်ငန်းဦးဆောင်သူတွေနဲ့ နိုင်ငံအနှံ့ အလုပ်ရုံဆွေးနွေးပွဲ ရှစ်ခုကို
ကျင်းပပြုလုပ်ခဲ့ ပြီး ရရှိလာတဲ့ရလဒ်ကို အခြေခံကာ Community Involvement in
Tourism(CIT) မူဝါဒထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်မူဝါဒ အရ B and Bs စနစ်ကို လုပ်ငန်းရှင်အဖွဲ့နဲ့ဖြစ် စေ၊ တစ်ဦးချင်းဖြစ်စေ
အခန်းကိုးခန်းအထိဖွင့်လှစ်ထားပါက နိုင်ငံခြားသားဧည့်သည် လက်ခံနိုင်တယ်လို့
ဆိုပါတယ်။ B and Bs ၀ါဒအကြမ်းဟာ CITနောက် ဆက်တွဲမူဝါဒမှာ ပါ၀င်ပါတယ်။
မြန်မာနိုင်ငံ ဟာ ၂၀၂၀ ပြည့်နှစ် အာဆီယံ ံHomestay ဖော် ဆောင်နိုင်ရေးစံနှုန်းမှာ
လက်မှတ်ရေးထိုး ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်း အကောက်ခွန် နဲ့ ဘာသာရေးအယူကြောင့်
B and Bsစနစ် ကို ံHomestay ထက် ပိုမိုနှစ်သက်ကြပါတယ်။

B and Bs စနစ်က အလုပ်အကိုင်အခွင့် အလမ်းတွေကို ဖန်တီးပေးနိုင်ရုံမက ခရီးသွား
လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင် တွေ မွေးထုတ်ပေးနိုင်တယ်လို့ မြန်မာနိုင်ငံ
ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှာဂျာမနီအစိုးရ ကိုယ်စား အကြံပေးအဖြစ်ဆောင်ရွက်နေတဲ့
မစ္စNicole Haeusir ကပြောပြပါတယ်။

"ကျွန်မအတွက် ဒီ B and Bs စနစ်က စံပြ စီးပွားရေးလုပ်ငန်းဖြစ်တဲ့အတွက် အရေးကြီး
ပါတယ်။B and Bsနစ်က ဒေသခံလူတွေကို စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဘယ်လိုဖြစ်
လာနိုင်တယ်ဆိုတာ သင်ပြပေးနိုင်ပါတယ်" လို့ သူက ပြောပါတယ်။ B and Bs ကလူ့အဖွဲ
့အစည်းမှာ စိတ်ဝင်စား မှုအားကောင်းနေပြီး တိုင်းရင်းသားဒေသ တစ်ခုချင်းစီရဲ့ ခရီးသွား
လုပ်ငန်းမြှင့်တင်နိုင်ဖို့ တစ်ခုတည်းသော လုပ်ငန်းဖြစ်ပါတယ်လို့ သူကပြောပြပါတယ်။
"ဥပမာအနေနဲ့ ကျွန်မတို့ကရင်ပြည်နယ် မှာ CIT မူဝါဒကို အလုပ်ရုံဆွေးနွေးပွဲကျင်းပ
ခဲ့တုန်းက တက်ရောက်ခဲ့တဲ့ဒေသခံတွေကB and Bs စနစ်ကိုနောက်လာမယ့် နှစ်တွေမှာ
စတင် လုပ်ကိုင်ချင်ကြောင်းပြောပါတယ်။ သူတို့အတွက် စီးပွားရေးအခွင့်အလမ်းဖြစ်လာ
နိုင်ပေမယ့် ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာတဲ့အခါ လုပ်ငန်းပြင်ပစီးပွားရေးလုပ်ငန်းရှင်တွေ
၀င်ရောက်လာမှာ စိုးရိမ်မိကြောင်း သူတို့ က ပြောပြတယ်" လို့ သူက ပြောပြပါတယ်။

"အတိအကျပြောရရင် သူတို့ဖော်ပြတဲ့အချက်တွေထဲမှာ လုပ်ငန်းခွင့်ပြုမိန့်အတွက်
နေပြည်တော်ရှိ ဟိုတယ်ခရီးဝန်ကြီးဌာနကို မသွားချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့
အရမ်းဝေးလို့ပါ။ သက်ဆိုင်ရာဒေသမှာ ဖြစ်ဖြစ်၊ မြို့နယ်မှာဖြစ်ဖြစ် လုပ်ငန်းမှတ်ပုံတင်
လုပ်ပေးသင့်တယ်လို့ပြောပါတယ်" လို့ မစ္စNicole Haeusir က ပြောပါတယ်။
ဟိုတယ်ခရီးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့်က အစိုးရအနေနဲ့ B and Bs
စနစ်ခွင့်ပြု ပေးပါက ခရီးသွားဝင်ငွေနဲ့ အလုပ် အကိုင်အခွင့်အလမ်း တိုးလာနိုင်တဲ့အပြင်
ဟိုတယ်အခန်းခ ဈေးကြီးမှုတွေကို ကာကွယ်ဖို့လည်း အထောက်အကူဖြစ်စေနိုင်တယ်
လို့ ပြောပြပါတယ်။

"ကျွန်တော်တို့အနေနဲ့ ဒေသခံတွေကို နိုင်ငံ ခြားဧည့်သည်တွေနဲ့ အတူနေထိုင်တဲ့အခါ
ယဉ်ကျေးမှုကွာဟချက်အပေါ် နေသားမကျ မဖြစ်ရအောင် ကာကွယ်ဖို့လိုပါတယ်။ ဒါပြင်
ဒေသခံတွေရဲ့ရှိပြီးသား ယဉ်ကျေးမှုကို မထိခိုက် အောင်လည်း ကာကွယ်ဖို့ လိုအပ်ပါတယ်"
လို့ ဦးမျိုးဝင်းညွန့်က ပြောပါတယ်။ B and Bs စနစ်ခွင့်ပြုပေးခြင်းက ဟိုတယ်လုပ်ငန်းရှင်တွေ
ရဲ့ စီးပွားရေးအပေါ်ထိခိုက်မှု မရှိနိုင်ဘူးလို့ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင် များအသင်း (ပုံ)
အတွင်းရေးမှူး ဦးဇော်ဝိတ် က ပြောပြပါတယ်။ "ဒီစနစ်ခွင့်ပြုပေးမယ်ဆိုရင် ခရီးသွား
တွေအနေနဲ့ ဈေးသက်သက်သာသာ တည်းခို နိုင်တဲ့အတွက် ကောင်းပါတယ်။
သူတို့အတွက် ရွေးချယ်စရာတွေပေါလာပါတယ်"လို့ ဦးဇော်ဝိတ်က ပြောပြပါတယ်။

 
[