ငပလီဟိုတယ်များ မိုးရာသီ ဖွင့်မည်

ငပလီဟိုတယ်များ မိုးရာသီ ဖွင့်မည်

ယခုမိုးရာသီတွင် လျှပ်စစ်မီးရရှိမှု၊ လေကြောင်း လိုင်းများ နေ့စဉ်ပျံသန်းပေးမှုတို့ကြောင့်
ရခိုင်ပြည်နယ် ငပလီကမ်းခြေရှိဟိုတယ်များ ကို စတင်ဖွင့်လှစ်မည်ဟုဟိုတယ်လုပ်ငန်းရှင်
များအသင်း (ရခိုင်ပြည်နယ်) ဥက္ကဋ္ဌ ဦးအောင် မျိုးမင်းဒင်က ပြောသည်။

"ငပလီရဲ့ မိုးတွင်းက တော်တော်လှပါတယ်။ အထူးသဖြင့် စာရေးဆရာတွေအတွက် စိတ်ကူး
ယဉ်ပြီး စာရေးလို့ကောင်းတဲ့နေရာလည်းဖြစ်ပါတယ်။ ဒီနှစ်မှာ အစိုးရကလည်း လျှပ်စစ် မီးရရှိအောင် ဆောင်ရွက်ပေးထားပြီး မြန်မာ့ လေကြောင်းလိုင်းကလည်း နေ့စဉ်ပျံသန်းပေး
မယ်ဆိုတာကြောင့် ပထမဆုံးအနေနဲ့ ဟိုတယ် တစ်ဝက်ခန့် စတင်ဖွင့်လှစ်ခြင်းဖြစ်ပါတယ်" ဟု
၎င်းကပြောသည်။

ငပလီကမ်းခြေတွင် ဟိုတယ်၂၃ လုံးနှင့် အခန်းပေါင်း ၈၄၁ ခန်းရှိသည့်အနက် ယခုနှစ် မိုးရာသီ
တွင် ဟိုတယ် ၁၂ လုံးက အခန်းပေါင်း ၁၉၈ ခန်း စတင်ဖွင့်လှစ်မည်ဖြစ်သည်။ ယခုနှစ်မိုးရာသီ
တွင် Diamond Ngapali ဟိုတယ်ရှိအခန်းများ စတင်ဖွင့်လှစ်မည်ဟု ဟိုတယ်ဧည့်ကြိုဌာနမှ
မရတနာကဆိုသည်။ "မိုးရာသီဖြစ်တာကြောင့် ရာသီဥတုအခြေအနေအရ အင်တာနက်လိုင်း
မကောင်း သလို ပင်လယ်ထဲ ရေဆင်းကူးလို့ မရပါဘူး။ ဒါပေမဲ့ လာရောက်လိုတဲ့ ဧည့်သည်
များသလို ကြိုတင်အခန်းမှာထားတဲ့ သူတွေလည်း ရှိနေပါ ပြီ။ ရက်ရှည်နေချင်တဲ့ နိုင်ငံခြားသား
ခရီး သွားဧည့်သည်တွေလည်း ရှိပါတယ်"ဟု ၎င်း က ပြောသည်။

ဧည့်သည်များ၏ လုံခြံုရေးအတွက် နေ့စဉ် ရာသီဥတုအခြေအနေ သတိပေးပြောကြားခြင်း၊
ကမ်းခြေတွင် အလှည့်ကျ ကင်းလှည့်ခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ပြီ Second sea view
အခန်းကို တစ်ည အမေရိကန်ဒေါ်လာ ၉၇ နှင့် Garden view များကို တစ်ည ၆၈ ဒေါ်လာ
ဖြင့် ဖွင့်လှစ်မည်ဟုသိရသည်။ ကမ်းခြေရှိ Bay View ကလည်း မိုးရာသီအထူးဈေးနှုန်းများဖြင့်
တစ်ည ဒေါ်လာ ၆၀ မှ ၁၀၀ အထိရှိသော အခန်း ၂၅ ခန်းဖွင့်မည် ဟု ဟိုတယ်အုပ်ချုပ်ရေး
မန်နေဂျာ ဒေါ်ကလျာ က ပြောသည်။ "အေးအေးဆေးဆေး အနားယူအပန်းဖြေ ချင်တဲ့
ဧည့်သည်တွေကတော့ လာကြပါ တယ်"ဟု ၎င်းကပြောသည်။

Amazing Resort Ngapali ဟိုတယ်က လည်း ပြည်တွင်းခရီးသွားဧည့်သည်များကို
ကျပ် ၁၄၈,၀၀၀ မှ ငါးသိန်းအတွင်းရှိသော အခန်းများကို မိုးရာသီအထူးဈေးနှုန်းအနေ ဖြင့်
၃၀ ရာခိုင်နှုန်း ဈေးလျှော့ပေးမည်ဖြစ်ပြီး နိုင်ငံခြားသားများကို ဒေါ်လာ ၁၁၀ မှ ၃၅၀ အတွင်း
ဈေးလျှော့ပေးထားသည်ဟု အထွေထွေ မန်နေဂျာဒေါ်လှိုင်လှိုင်ဝင်းက ပြောသည်။

မန်းရတနာပုံလေကြောင်းလိုင်းနှင့် အဲကမ္ဘောဇလေကြောင်းလိုင်းတို့သည် မေလ မှ စက်တင်
ဘာလအတွင်း ရန်ကုန်ဈသံတွဲဈစစ် တွေ ရန်ကုန် ခရီးစဉ်များကို အကျိုးတူ ပူးပေါင်း ပျံသန်းပေး
မည်ဟု အဲကမ္ဘောဇလေကြောင်းလိုင်း၏ Chief Commercial officer ဦးမြတ်သူက
မြန်မာတိုင်း(မ်)ကိုပြောသည်။ "အရင်ကဟိုတယ်တွေပိတ်တာကြောင့် ဒီနှစ်မှ ပထမ
ဆုံးအကြိမ်ပူးပေါင်းပျံသန်းဖြစ် တာပါ။ ကျွန်တော်အနေနဲ့ သံတွဲကိုသွားမယ့် ခရီးသည်
များမယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ စစ်တွေက လိုက်မယ့် စီးပွားရေးလုပ်ငန်းရှင် တွေ ရှိပါ
တယ်"ဟု ၎င်းက ပြောသည်။

 
[