ဘုရားဆင်းတုတော်တို့ ကိန်းဝပ် စံမြန်းရာမြေ

မုံရွာမြို့ရှိ လျောင်းတော်မူ၊ ရပ်တော်မူ ရုပ်ပွားတော်ကြီးများ။ ဓာတ်ပုံ - သန်းနိုင်စိုး။မြန်မာတိုင်းမ်
မုံရွာမြို့ရှိ လျောင်းတော်မူ၊ ရပ်တော်မူ ရုပ်ပွားတော်ကြီးများ။ ဓာတ်ပုံ - သန်းနိုင်စိုး။မြန်မာတိုင်းမ်

ဘုရားဆင်းတုတော်တို့ ကိန်းဝပ် စံမြန်းရာမြေ

နွေရာသီရဲ့မနက်ခင်းဟာ ညို့မှိုင်းအုံ့ဆိုင်း နေရာကနေ မိုးက သဲသဲမဲမဲရွာချလိုက်တယ်။
ဒီမိုးကြောင့်ပဲ ကျွန်တော့်ရဲ့ မန္တလေးကနေ မုံရွာကိုဆိုင်ကယ်နဲ့သွားဖို့
အစီအစဉ်ကို ပြောင်းလိုက်ရတယ်။

ချက်ချင်းပဲ ကားလက်မှတ်ဝယ်ပြီး မှန်လုံကားနဲ့ပဲ သွားဖြစ်ခဲ့တယ်။ ကျွန်တော့်ခရီးစဉ်ရဲ့အစပိုင်းမှာ
ကောင်းကင်ပြင်ကြီးက မည်းမှောင်နေပေမယ့် မုံရွာကို ရောက်ခါနီးလာလေလေ
ကောင်းကင်ကြီးက လင်းလင်းကျင်းကျင်း ဖြစ်လာလေပါပဲ။ တကယ်တော့ ဒီရာသီဥတုအတွက်
ကျွန်တော် အရမ်းပဲ စိုးရိမ်ခဲ့ရပါတယ်။

မုံရွာကိုရောက်တဲ့ အချိန်မှာ မိုးက အဆက်မပြတ်ရွာနေမယ်ဆို ရင် မုံရွာမှာ လည်ပတ်ဖို့
ကျွန်တော်ရဲ့အစီအစဉ် တွေဟာ လွဲချော်သွားဖို့ သေချာနေပါတယ်။ ဒါပေမဲ့ ကံကြမ္မာက
ကျွန်တော့်ဘက်မှာ ရှိနေခဲ့တယ်။ ကျွန်တော်မုံရွာကို ရောက်တဲ့ အချိန်မှာ ရာသီဥတုက သာယာလို
့နေပါ တယ်။ မန္တလေးနဲ့ မုံရွာက မိုင် ၈၀ ကျော်သာသာ ဝေးပေမယ့် ကျွန်တော်နဲ့
မုံရွာက အနေစိမ်း လှပါတယ်။ မုံရွာကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် က အလည်အပတ်အနေနဲ့
တစ်ခေါက်သာ ရောက်ဖူးပါတယ်။

ကျန်တာကတော့ ဖြတ် သွား ဖြတ်လာသဘောပဲ သွားဖြစ်ခဲ့တယ်။ ကျွန်တော့်ရဲ့
လည်ပတ်တဲ့ခရီးစဉ် မစခင် မှာ မုံရွာက မိတ်ဆွေတချို့နဲ့ လက်ဖက်ရည် ဆိုင်ထိုင်ပြီး
မုံရွာအကြောင်းကို မေးမြန်းဖြစ်ခဲ့ ပါတယ်။ မုံရွာဟာ အရင် ကျွန်တော်ရောက်ခဲ့ တဲ့အခေါက်တွေနဲ
့ မတူတော့ဘူးဆိုတာ သတိထားမိပါတယ်။ "မုံရွာရဲ့ တိုးတက်မှုက မြန်တယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်က မြင်ကွင်းနဲ့ အခုမြင်ကွင်းတွေက တော်တော်လေး ပြောင်းလဲနေပြီ"
လို့ မုံရွာမြို့ခံ မိတ်ဆွေတစ်ဦးက ပြောပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မုံရွာမြို့ရဲ့ လူဦးရေက
သုံးသိန်းကျော်ရှိလာပါပြီ။

စက်မှုဇုန် တွေ၊ ကားကြီးကွင်းတွေ၊ ဈေးတွေ၊ စားသောက် ဆိုင်ကြီးတွေ၊ ဟိုတယ်တွေ၊
တက္ကသိုလ်တွေရှိ တဲ့အတွက် မုံရွာဟာ စီးပွားရေးလုပ်ကိုင်လိုသူ၊ အလုပ်လုပ်ချင်သူနဲ့
ပညာရှာချင်သူတွေစုဝေးရာအရပ်တစ်ခုလို ဖြစ်လာပါတယ်။ ကျွန်တော်ကတော့ လှည့်လည်သွား
လာလို သူတစ်ယောက်အနေနဲ့ မုံရွာကို ရောက်လာခဲ့ ပါတယ်။ မိတ်ဆွေတစ်ယောက်အကူအညီနဲ့
ဆိုင်ကယ်တစ်စီးငှားပြီး ကျွန်တော့်ရဲ့ ခရီးစဉ် ကို စတင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ပထမဆုံး
ခရီးစဉ်အဖြစ် မိုးညှင်းသမ္ဗုဒ္ဓေစေတီတော် ကို သွားရောက်ခဲ့ပါတယ်။ ကျွန်တော်ရောက်
သွားတဲ့အချိန်မှာ ဘုရားဖူးကားကြီးနှစ်စင်း ရှေ့ဆင့် နောက်ဆင့်ဝင်လာတဲ့အတွက်
ဘုရားဖူးတွေနဲ့ ပြည့်သွားပါတယ်။ ရွှေရောင် တဝင်းဝင်းရှိလှတဲ့ သမ္ဗုဒ္ဓေစေတီတော်ကြီး
ဟာ ဗိသုကာပညာအရ အပြင်ပိုင်းရော အတွင်းပိုင်းမှာပါ ထူးခြားဆန်းကျယ်လှပါ တယ်။
"တကယ့်ကို အံ့ဩစရာပါပဲ။ နေရာအနှံ့ အပြားဘုရားဖူးသွားဖြစ်ပေမယ့် ဒီလိုစေတီမျိုး မမြင်ဖူးဘူး"
လို့ မန္တလေးမြို့က လာရောက်ဖူး မျှော်တဲ့ဦးခင်မောင်ဝင်း က ပြောပါတယ်။

၁၉၃၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့က မိုးညှင်း တောရ ဆရာတော်ကြီးက ရွှေအုတ်ချပ်ကိုင်ပြီး
သမ္ဗုဒ္ဓေစေတီတော်ကို အုတ်မြစ်ချတည်ဆောက် ခဲ့ပါတယ်။ ထူးဆန်းတာက စေတီတော်
တည်ဆောက်တုန်းက ခေတ်သစ်အင်ဂျင်နီယာ ပညာရှင်တွေ မပါ၀င်ခဲ့ပါဘူး။
ဆရာတော်ကြီးကိုယ်တိုင်စေတီတော်ရဲ့ မူလပန္နက်ပုံစံတော်ကို ရေးဆွဲခဲ့ပြီး
အမြင့်စံပြကျးရွာက ပန်းရံဆရာဦးဟံကြီးနဲ့အဖွဲ့၊ ပန်းပဲ ပညာရှင်ဆရာကြီး ဦးဘစိန်နဲ့အဖွဲ့၊
အောင်သာ ရွာလက်သမားပညာရှင် ဆရာဦးစိုးဘအဖွဲ့ နဲ့ မင်းရွာက ဦးဘရင်အဖွဲ့တို့က တာဝန်ယူ
တည်ဆောက်ခဲ့ကြပါတယ်။ သမ္ဗုဒ္ဓေစေတီတော်ကြီးတည်ဆောက်မှု ဟာ ၁၉၅၂ ခုနှစ်၊
မတ်လ ၂ ရက်နေ့မှာ ပြီးစီးခဲ့ ပါတယ်။

စေတီတော်ရဲ့အပြင်ဘက်မှာ မဏ္ဍိုင် စေတီတော်ကြီး နှင့် စေတီရံပေါင်း ၈၄၄ ဆူရှိပြီး
အတွင်းဘက်မှာ အရွယ်အမျိုးမျိုးရှိတဲ့ ဆင်းတု တော်ပေါင်း ငါးသိန်းရှစ်သောင်းကျော် (၅၈၂,၃၆၃ ဆူ)
ရှိတယ်လို့ သိရပါတယ်။ "လွန်ခဲ့တဲ့နှစ်နှစ်လောက်ကစပြီး ဘုရားဖူး
အရေအတွက်က သိသိသာသာ တိုးလာတယ်။ အထူးသဖြင့် ပခုက္ကူဘက်က ဧရာဝတီမြစ်ကူး
တံတားကြီးပြီးသွားတော့ မြန်မာနိုင်ငံအောက် ပိုင်းဒေသက ဘုရားဖူးတွေများလာတယ်။
အခုဆို နေ့ချင်းရောက်နိုင်ပြီလေ"လို့ ဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

သမ္ဗုဒ္ဓေစေတီတော်မှာ များပြားလှတဲ့ဘုရားတွေကို စိတ်ကြိုက်ဓာတ်ပုံရိုက်ပြီး
ဗောဓိတစ်ထောင်ကို ဆက်သွားခဲ့ပါတယ်။ ကျွန်တော့်ရှေ့က မောင်းနေတဲ့ သုံးဘီးဆိုင်ကယ်ရဲ့စက်သံက
ဆူညံပေမယ့် ဒီလိုသုံးဘီးမျိုးကို လည်း မုံရွာမှာပဲ တွေ့နိုင်တဲ့အတွက် အမြင် ဆန်းနေပါတယ်။
ဆိုင်ကယ်ကို ၁၀ မိနစ်လောက်မောင်းပြီး တဲ့အချိန်မှာ လျောင်းတော်မူ၊ ရပ်တော်မူနဲ
့ အောင်စင်္ကြာစေတီတော်ကြီးတို့ကို အဝေးက နေ လှမ်းဖူးတွေ့နေရပါတယ်။