ဒမတ်စကတ် - ဒီဇင်ဘာလ ၁၂ ရက်နေ့က ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ် မြို့တော်အတွင်းနှင့်
မြို့၏ အရှေ့ တောင်ဘက် ဆင်ခြေဖုံးဒေသတစ်ခု၌ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ရာ အနည်းဆုံးလူတစ်ဦး
နှင့် အခြားလူအချို့ဒဏ်ရာရရှိ ခဲ့ကြောင်း နိုင်ငံတော်သတင်းဌာန SANA က ပြောသည်။
"ဒမတ်စကတ်မြို့တော်ရဲ့ အလယ် ပိုင်း ကာနာဝပ်ခရိုင်က တရားရုံးတော် ကြီးအနောက်မှာ
ဖောက်ခွဲရေးပစ္စည်း တွေနဲ့ ဗုံးနှစ်လုံးကို အကြမ်းဖက်သမား တွေက ဖောက်ခွဲခဲ့ကြတယ်" ဟု
သတင်းဌာနက ဆိုသည်။
မြို့တော်အရှေ့တောင်ဘက်ရှိ ခရစ် ယာန်နှင့် ဒရုဇ်ဘာသာဝင် အများစု နေထိုင်ရာဖြစ်သော
ဂျာရာမာနာခရိုင် တွင် အကြမ်းဖက်သမားများ ဖောက်ခွဲ သည့် ဗုံးနှစ်လုံးကြောင့်ပင် လူတစ်ဦး
သေဆုံးပြီး အခြားငါးဦးလည်း ဒဏ်ရာ ရရှိခဲ့ကြောင်း သူပုန်အဖွဲ့များကို အကြမ်း ဖက်သမားများ
ဟု ရည်ညွှန်း၍ နိုင်ငံပိုင် ဆာနာသတင်းဌာနက ကြေညာခဲ့သည်။
ဂျာရာမာနာခရိုင်တွင် များမကြာ မီလများအတွင်းကလည်း ဗုံးအတော် များများပေါက်ကွဲခဲ့သည်။
မြို့တော်၏ ယင်းဒေသသည် မကြာမီ လပိုင်း အတွင်းကလည်း ဗုံးများစွာ ပေါက်ကွဲ ခဲ့သည်။
နိုဝင်ဘာလ ၂၈ ရက်နေ့က ကားဗုံးများ တစ်ချိန်တည်း ပေါက်ကွဲခဲ့မှုကြောင့် အရပ်သား ၅၀
ကျော် သေဆုံးခဲ့ရကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် ရေးအဖွဲ့က ပြောသည်။
(အေအက်ဖ်ပီ)
















