၂၀၃၀ ပြည့်လွန်နှစ် စီးပွားရေးတိုးတက်မှုတွင် တရုတ်က အမေရိကန်ကို ကျော်လွန်ဖွယ်ရှိဟု ထောက်လှမ်းရေးကဆို

၂၀၃၀ ပြည့်လွန်နှစ် စီးပွားရေးတိုးတက်မှုတွင် တရုတ်က အမေရိကန်ကို ကျော်လွန်ဖွယ်ရှိဟု ထောက်လှမ်းရေးကဆို

၀ါရှင်တန် - အမေရိကန်ပြည်ထောင်စု သည် ၂၀၃၀ ပြည့်နှစ် မတိုင်မီမှာပင် ပြဿနာပေါင်းစုံ
ရှုပ်ထွေးနေသော ကမ္ဘာတွင် တစ်ကိုယ်တော်အင်အားကြီး နိုင်ငံဘဝမှ ကျကာ တန်းတူနိုင်ငံများ
အတွင်း၌ ပထမနေရာသို့ ရောက်လာ ဖွယ်ရှိကြောင်း ဒီဇင်ဘာ ၁၀ ရက်ထုတ် အမေရိကန်
ထောက်လှမ်းရေး အစီရင် ခံစာက ဆိုသည်။

လေးနှစ်အတွင်း အမျိုးသား ထောက်လှမ်းရေးကောင်စီ၏ ပထမ အကြိမ် ထုတ်ပြန်သည့်
ဤအကဲဖြတ် ချက်မှာ အမေရိကန်၏ မဟာဗျူဟာ မြောက် တွေးခေါ်မှုကို ပုံဖော်ပေးမည်
ဖြစ်ရာ အမေရိကန်၏ တွေးဆချက် အရ တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်လွန် ဆယ်စုနှစ်၌
စီးပွားရေးအကောင်းဆုံး နိုင်ငံအဖြစ် အမေရိကန်ကို ဖြတ်ကျော် သွားလိမ့်မည်ဟု ဆိုသည်။

သို့သော် စီးပွားရေးပိုမိုချည့်နဲ့ နေသော အမေရိကန်သည် ကမ္ဘာ့ ပြဿနာများကို စေ့စပ်
ဖြေရှင်းပေးမှု၊ နည်းပညာကျွမ်းကျင်မှုနှင့် ၎င်း၏ နိုင်ငံရေးအရ ညှိနှိုင်းဖြေရှင်းသည့် အင်အား
(soft power) ကျင့်သုံးမှုတို့ ကြောင့် နှစ် ၂၀ ကာလတွင် ထိပ်တန်း အားကစားတစ်ဦး
ပမာရှိနေဦးမည်ဟု လည်း ဆိုသည်။

အာရှဒေသ၏ စီးပွားရေး၊ စစ်ရေး အသုံးစရိတ်နှင့် နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ပမာဏ
သည် ၂၀၃၀ ပြည့်မတိုင်မီ မြောက်အမေရိကနှင့် ဥရောပဒေသနှစ်ခုပေါင်းထက် ပိုများ
သွားဖွယ်ရှိသော်လည်း အင်အားပိုမို ဖွံ့ဖြိုးကြီးမားလာမည့် တရုတ်နိုင်ငံကို အဓိက သတိပြုရန်
လိုအပ်ကြောင်း အစီရင်ခံစာတွင် သတိပေးထားသည်။

အာရှဒေသတွင် တင်းမာမှုများ ပိုမို ဖြစ်ပွားပါက အမေရိကန်ဦးဆောင်မှုကို လက်ခံသည့်နိုင်ငံ
ပိုများလာမည်ဖြစ်ရာ တရုတ်သည် အမေရိကန်၏ အကြီးဆုံး ရန်သူဖြစ်သွားနိုင်ကြောင်း
အစီရင်ခံစာ ဦးဆောင်ပြုစုသူ မက်သရူးဘာရိုက သတင်းထောက်များအား ပြောသည်။

၂၀၃၀ ပြည့်လွန်နှစ်များတွင် ဥရောပ၊ ဂျပန်နှင့် ရုရှားနိုင်ငံများ စီးပွားရေး အကျနှေးနေပြီး
ကိုလံဘီယာ၊ အီဂျစ်၊ အင်ဒိုနီးရှား၊ အီရန်၊ မက္ကဆီကို၊ တောင် အာဖရိကနှင့် တူရကီ စသည့်
အလယ် အလတ်ဆင့် နိုင်ငံများ စီးပွားရေး တိုးမြင့်လာနိုင်ကြောင်း၊ ၂၀၃၀ ပြည့် မတိုင်မီ
နည်းပညာမှ အဓိကကျသည့် အကျိုးအမြတ်များ ရရှိနိုင်ဖွယ်ရှိသော် လည်း ရာသီဥတု
ပြောင်းလဲမှု ကြီးမား သည့် အခက်အခဲများ ကြံုရဖွယ်ရှိနိုင် ဟုဆိုသည်။

လူဦးရေပိုများပြီး ၀င်ငွေများ ပိုမိုရရှိ လာကြမည်ဖြစ်ရာ ၂၀၃၀ ပြည့်မတိုင်မီ ကမ္ဘာတစ်ဝန်း
သောက်သုံးရေ၊ စားနပ် ရိက္ခာနှင့် စွမ်းအင်လိုအပ်မှုလည်း ၃၅၊ ၄၀ နှင့် ၅၀ ရာခိုင်နှုန်းအထိ
တိုးလာမည်။

တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှာ ပြည်ပမှ တင်သွင်းသည့် ရိက္ခာများကို ပိုမိုအားထားလာကြဖွယ်ရှိ
သည့် အလျောက် နိုင်ငံတကာ ရိက္ခာဈေးနှုန်းများ ပိုမြင့် လာမည်။

၀င်ငွေနည်းသည့် နိုင်ငံများ မှ မိသားစုများသည်ယင်းဆိုးကျိုးကို အများဆုံး ခံစားကြရပြီး
လူမှုရေး မကျေနပ်မှုလည်း ကြီးမားကျယ်ပြန့် လာဖွယ်ရှိသည်။ ယနေ့ ရ ဒသမ ၁ ဘီလျံ
ရှိနေသည့် ကမ္ဘာ့လူဦးရေမှာ ၂၀၃၀ ပြည့်တွင် ၈ ဒသမ ၃ ဘီလျံနီးပါးအထိ ရှိလာနိုင်မည်။

သို့သော် ပျမ်းမျှအသက် ပိုရှည် လာ၍ ကြီးမားသော အကျိုးဆက်များ ပေါ်ပေါက်လာဖွယ်
လည်း ရှိနေသည်။

အစီရင်ခံစာအရ လက်နက်ကိုင် တိုက်ခိုက်မှုများနှင့် တိုင်းရင်းသားချင်း ပဋိပက္ခများ၏ ၈၀
ရာခိုင်နှုန်းသည် သက်ငယ်ပိုင်းဦးရေ ပိုများသော နိုင်ငံ များတွင် ဖြစ်ပွားပြီး အာဖရိကဒေသရှိ
သက်ငယ်ပိုင်းဦးရေပိုများသော နိုင်ငံ အရေအတွက်သည် ၂၀၃၀ ပြည့်မတိုင် မီ သိသိသာသာ
လျော့နည်းလျက် သက်ကြီးပိုင်းဦးရေများပြားသည့် နိုင်ငံ အရေအတွက် ပိုများလာဖွယ်ရှိသည်။

သက်ငယ်ဦးရေပိုများပြီး ပဋိပက္ခ ဖြစ်မည့် အလားအလာဆက်လက်ရှိ နေဦးမည့် နိုင်ငံများစာရင်း
တွင် အာဖ ဂန်နစ္စတန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ အနောက်ပိုင်းနှင့် တိုင်းရင်းသားမျိုးနွယ်စုများ
နေထိုင်သည့် ဒေသများပါ၀င် နေကြောင်း အစီရင်ခံစာက ဆိုသည်။ အိန္ဒိယနိုင်ငံ၏ ဖွံ့ဖြိုးမှု ပိုမို
အားကောင်း လာမည်ဖြစ်သော်လည်း နိုင်ငံမြောက် ပိုင်းရှိ ဆင်းရဲသော ဘီဟာပြည်နယ်နှင့်
ယူတာပရာဒက်ရှ် ပြည်နယ်များတွင် များပြားလာသည့် လူငယ်ဦးရေကြောင့် စိန်ခေါ်မှုများနှင့်
ကြံုတွေ့ရဖွယ်ရှိနေ သည်ဟုလည်း ခန့်မှန်းထားသည်။

အုပ်စုစွဲ၊ ဂိုဏ်းဂဏစွဲနှင့် အခြား တင်းမာမှုများရှိနေသေးသော ဘာရိန်း၊ အီရတ်၊ လစ်ဗျား၊
ဆီးရီးယားနှင့် ယီမင် စသော အရှေ့အလယ်ပိုင်းနိုင်ငံများသည် ၂၀၃၀ ပြည့်လွန်နှစ်များ၌
ဒုတိယ အကြိမ် ပြိုကွဲသွားနိုင်ကြောင်း၊ အယ်လ်ကေဒါဆက်လက်ရှိနေနိုင် သော်လည်း
ထုံးစံအတိုင်း ၎င်းအား အစဦးထောက်ခံသူများနှင့် ကင်းကွာ သွားမည်ဖြစ်ကြောင်း ခန့်မှန်း
ထားသည်။

(အေအက်ဖ်ပီ)