ဗြိတိသျှနက္ခတ္တဗေဒ သိပ္ပံပညာရှင် ပက်ထရစ်မိုး ၈၉ နှစ်တွင် ကွယ်လွန်

ဗြိတိသျှနက္ခတ္တဗေဒ သိပ္ပံပညာရှင် ပက်ထရစ်မိုး ၈၉ နှစ်တွင် ကွယ်လွန်

လန်ဒန်- ကျွမ်းကျင်ပိုင်နိုင်ပြီး အလွန် ထူးခြားသူတစ်ဦးလည်းဖြစ်သော ရုပ်သံ အစီအစဉ်မှူးနှင့်
လူသိများထင်ရှားသည့် သိပ္ပံစာအုပ်များရေးခဲ့သူ ဗြိတိသျှ နက္ခတ္တဗေဒသိပ္ပံပညာရှင်ကြီး
ပက်ထရစ် အယ်လ်ဖရက်ကာလ်ဒ်ဝဲလ်မိုး (၈၉ နှစ်) သည် ဒီဇင်ဘာ ၉ ရက်က နေရင်း ဒေသ
အင်္ဂလန်နိုင်ငံ၊ ဆယ်လ်ဆေး မြို့တွင် ကွယ်လွန်သွားပြီဖြစ်သည်။

၁၉၅၇ ခုနှစ်က ဘီဘီစီအသံလွှင့် ဌာနမှ ထုတ်လွှင့်နေသည့်  The Sky at Night
နက္ခတ္တဗေဒအစီအစဉ်၏ အစီအစဉ်မှူးအဖြစ် လူသိများလာခဲ့ သော ပက်ထရစ်မိုး၏
(တနင်္ဂနွေနေ့က ထုတ်လွှင့်သည့်) နောက်ဆုံး အခန်းဆက် အသံလွှင့်ချက်တွင်
ဗုဒ္ဓဟူးဂြိုဟ်နှင့် ယင်းဂြိုဟ်အား လေ့လာရန် နာဆာ အဖွဲ့မှ လွှတ်လိုက်သော မက်ဆင်းဂျာ
အာကာသယာဉ်အကြောင်းကို ဟော ပြောခဲ့သည်။

ယင်းအစီအစဉ်တွင် ကမ္ဘာကျော် နက္ခတ္တဗေဒပညာရှင်များ 'လ'ပေါ်တွင် ပထမဆုံးခြေချခဲ့သော
နီးလ် အမ်းစထ ရောင်း စသော အာကာသယာဉ်မှူးများ ပါ၀င်ဆွေးနွေးခဲ့ကြဖူးသည်။

ပက်ထရစ် မိုး၏ ထူးခြားသည့် နဂိုပုံရိပ်ဖြစ်သည့် တစ်ဖက်တည်း မျက်မှန်၊ ကိုယ်တိုင်းထက်
ပိုကြီးသောဝတ်စုံနှင့် ပတ္တလား အတီးဝါသနာထုံမှုတို့အပြင် သူ၏ ကြီးမားသည့် ကိုယ်ရည်
ကိုယ်သွေးမှာလည်း သူ၏သိပ္ပံဆိုင်ရာ စွမ်းဆောင်မှုများ နည်းတူ ထင်ပေါ်ကျော်ကြားသည်။

အာကာသပျံသန်းရေးပညာ၊ သိပ္ပံ ပညာနှင့်အာကာသ စူးစမ်းလေ့လာရေး ဆိုင်ရာ
အော်ဗီးရိုက်စ်၊ အဲလ်ဘတ် အိုင်းစတိုင်း၊ ၀ါနာဗွန်ဘရောင်းနှင့် ရုရှားအာကာသယာဉ်မှူး
(အာကာသ ထဲသို့ ပထမဆုံးရောက်ရှိသူ) ယူရီဂါဂါ ရင် စသော သက်စွန့်ကြိုးပမ်း စွမ်းဆောင်
သူများနှင့် တွေ့ဆုံခဲ့သူဖြစ်ကြောင်း ဘီဘီစီ၏ ၀က်ဘ်ဆိုက်မှ ပက်ထရစ်မိုး ၏ ကိုယ်တိုင်ရေး
အတ္ထုပ္ပတ္တိအစမ်းစာ တစ်ပုဒ်တွင် ဖော်ပြထားသည်။

ပက်ထရစ်မိုးကို အင်္ဂလန်နိုင်ငံ၊ မစ်ဒဲလ် ဆက်ပြည်နယ် ပင်းနားရွာတွင် ၁၉၂၃ ခုနှစ်၊ မတ်လ
တွင်မွေးဖွားခဲ့သည်။ ငယ်စဉ်က နှလုံးရောဂါကြောင့် ကျောင်းကို ပုံမှန်မတက်နိုင်ခဲ့သော်
လည်း စာကို အငမ်းမရဖတ်သူ၊ အထူး သဖြင့် နက္ခတ္တဗေဒသိပ္ပံပညာကို အလွန် စိတ်ဝင်စား

သူ ဖြစ်လာခဲ့သည်။

အသက် ၁၃ နှစ်အရွယ်မှာပင် 'လ'အကြောင်း ရေးသားသည့် သူ၏ ပထမဆုံးစာတမ်း
ထုတ်ဝေခဲ့ပြီးနောက် ကိုယ်ပိုင် နက္ခတ် မျှော်စင်များကို တည်ဆောက်ပြန်သည်။

ဒုတိယကမ္ဘာစစ်ကာလတွင် ဗုံးကြဲ လေယာဉ်တပ်ဖွဲ့သို့ ၀င်ရောက်၍ စစ်မှု ထမ်းခဲ့သေးသည်။
နောက်ပိုင်းတွင် သူ၏ အသက်နှင့် ကျန်းမာရေး ရာနှုန်းပြည့် စိတ်မချရတော့ကြောင်း ၀န်ခံခဲ့
သည်။

ပက်ထရစ်မိုးသည် နက္ခတ္တဗေဒ ဆိုင်ရာ စာအုပ်ပေါင်း ၆၀ ကျော် ရေးသားထုတ်ဝေခဲ့သည်။
နက္ခတ္တဗေဒ ပညာရှင် ခရစ္စလင်းတော့၊ မစ္စတာမေ တို့နှင့်ပူးတွဲ၍  "Bang! The Complete
History of the Universe" ကိုရေး၍ ၂၀၀၈ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။

ဘီဘီစီ၏ ပက်ထရစ်မိုး ကိုယ်တိုင် ရေးအတ္ထုပ္ပတ္တိအဆိုအရ မိုးပြုစုခဲ့သည့် 'လ'အကြောင်း
သုတေသန အချက် အလက်များကို ဆိုဗီယက်ယူနီယံနှင့် အမေရိကန်ပြည်ထောင်စုတို့က
၎င်းတို့ ၏ အာကာသအစီအစဉ်များတွင် အသုံးချခဲ့သည်။

သူ၏ ၁၉၅၃ ခုနှစ်ထုတ်  "A Guide to the Moon"စာအုပ်တွင် 'လ'ပေါ်၌ သက်ရှိ
အထောက်အထားများကို တွေ့ရှိ လာရမည့်အပြင် အာကာသယာဉ်မှူး အမ်းစထရောင်း
'လ'ပေါ်မဆင်းသက်မီ ၁၆ နှစ်ကပင် နောင်တစ်နေ့တွင် 'လ'မျက်နှာပြင်ပေါ်၌ လူသားတို့
စူးစမ်း လေ့လာနိုင်ကြတော့မည်ဟု ဟောကိန်း ထုတ်ခဲ့သည်။

(အေအက်ဖ်ပီ)