ကမ္ဘာ့ခေါင်းဆောင်များ ၂၀၁၃ ခုနှစ်တွင် ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဖွယ်ရ

ကမ္ဘာ့ခေါင်းဆောင်များ ၂၀၁၃ ခုနှစ်တွင် ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဖွယ်ရ

၀ါရှင်တန်- အမေရိကန်တွင် ဘာရက် အိုဘားမား ပြန်လည်အရွေးခံရပြီး တရုတ်ပြည်တွင်
ခေါင်းဆောင်သစ် ရှီကျင်ပင်း တက်လာပြီဖြစ်သော်ငြား လည်း ကမ္ဘာ့ခေါင်းဆောင်များသည်
လာမည့်နှစ်အတွက် မပြီးပြတ်သေးသော စီးပွားရေးအကျပ်အတည်းနှင့် အရှေ့အလယ်ပိုင်း၏
သွေးထွက်သံယို မတည်ငြိမ်မှုများကဲ့သို့သော ကြီးမားသည့် ပြဿနာများနှင့် ရင်ဆိုင်ရဖွယ်
ရှိသည်။

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပ တို့၏ စီးပွားရေးအကျပ်အတည်း

"၂၀၁၃ ခုနှစ်တွင် မည်သည့် နိုင်ငံခြားရေးမူဝါဒ ပြဿနာတစ်စုံ တစ်ရာမျှ ကမ္ဘာလုံးခြံုသည့်
စီးပွားရေး၊ နိုင်ငံရေးနှင့် နောက်ဆုံးအနေဖြင့် လုံခြံုရေးအခြေအနေများအတွက် အမေရိကန်
ပြည်ထောင်စုနှင့် ဥရောပတို့ ၎င်းတို့ကိုယ်တိုင် စီးပွားရေးအကျပ် အတည်းကို ကိုင်တွယ်
ဖြေရှင်းနိုင်စွမ်း ရှိ-မရှိပေါ်တွင် မူတည်ခြင်းမရှိကြောင်း" 'နိုင်ငံတကာ ငြိမ်းချမ်းရေးဆိုင်ရာ
ကာနီဂျီ ရန်ပုံငွေအဖွဲ့'၏ အမျိုးသမီး ဥက္ကဋ္ဌ ဂျက်ဆီကာမက်သယူးက '၂၀၁၃ ခုနှစ်တွင်
သမ္မတအတွက် စိန်ခေါ်မှု များနှင့် အခွင့်အလမ်းများ "Challenges for the President
2013" ခေါ် စာအုပ်တွင် ရေးသား ဖော်ပြလိုက်သည်။

၂၀၁၃ ခုနှစ်ကုန်ပိုင်းတွင် သမ္မတ အိုဘားမားသည် ၎င်း၏ ရီပတ်ဘလီ ကန် အတိုက်အခံပါတီ
တို့အကြား သဘောတူညီမှုတစ်ခုကို မရရှိပါက အမေရိကန်ပြည်ထောင်စုသည် အခွန်
အတုတ်မူဝါဒဆိုင်ရာ ချောက်ကမ်းပါး ကြီးမှ ထိုးကျသည့်အခြေအနေနှင့် ရင်ဆိုင်ရဖွယ်ရှိပြီး
ယင်းချောက်ကမ်းပါး ဟူသည်မှာ အခွန်အတုတ် ကင်းလွတ် ခွင့်ပေးမှုနှင့် နိုင်ငံတော်အသုံး
စရိတ် ဖြတ်တောက်လျှော့ချမှု နှစ်ခုပေါင်း ကြောင့် ဘေးသင့်ပြီး ကမ္ဘာ့အင်အား အကြီးဆုံး
စီးပွားရေးနိုင်ငံကြီးတွင် စီးပွားရေးကျဆင်းမှုဘေး နောက် တစ်ဖန်ကြံုရဖွယ်ရှိသော အခြေ
အနေ ဖြစ်ပေသည်။

"အဆိုပါ အခွန်အတုတ်မူဝါဒဆိုင်ရာ ချောက်ကမ်းပါးကြီးထက်သို့ ရောက်ရှိ နေရာမှ
အမေရိကန်နိုင်ငံရေးပါတီများ ဘေးမသီရန်မခဘဲ ဆင်းသက်နိုင်ရန် သဘောတူညီမှု ရရှိကြမည်
ဆိုပါက ပြီးခဲ့သည့် ၁၈ လတာ ကာလမှစတင်၍ ယနေ့တိုင် အမေရိကန်ပြည်ထောင်စု အား
ဒုက္ခအကြီးအကျယ်ပေးခဲ့သည့် ရုတ်ခြည်းပေါ်ပေါက်ခဲ့သည့် စီးပွားရေး မရေရာမှုကြီးအား
ဖြေရှင်းနိုင်မှုကြောင့် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများ ကြီးမားစွာ စီးဆင်းပေါ်ထွက်လာစေပြီး
စီးပွားရေးပြန်လည် နာလန်ထမှုကို ရုတ်တရက် အစပျိုးပြီး ကြီးမားစွာ ဆက်တိုက်ဖြစ်ပေါ်
လာစေခြင်း၊ နိုင်ငံ၏ နိုင်ငံတကာ အခန်းကဏ္ဍတွင် စွမ်းအား သစ်နှင့် အချိန်စီးမှုတို့ဖြစ်ပေါ်စေ
မည်ဖြစ်ကြောင်း" မက်သယူးကပြောကြားသည်။

ယူရိုငွေကြေးဇုန်ဒေသ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) သည် လာမည့်နှစ်တွင်
သုည ဒသမ ၃ ရာခိုင် နှုန်း ကျုံ့သွားမည်ဟု ကြိုတင်ဟောကိန်း ထုတ်ထားသည်။ အဆိုပါ
ပြင်သစ်လူမျိုး စီးပွားရေး ကျွမ်းကျင်သူက ကမ္ဘာတစ်ဝန်းလုံး စီးပွား ရေးနှေးကွေးမှုက
တရုတ်နိုင်ငံအပေါ် ကျရောက်စေမည့် ဆိုးကျိုးအပေါ် ၎င်း ပူပန်မှုရှိကြောင်း ပြောကြား
လိုက်သည်။

ဗေးက မှိုင်းဝေသော အဆိုးရွားဆုံး စီးပွားရေးအခြေအနေကို မြော်မြင်၍ ယင်းအခြေအနေတွင်
ယူရိုဒေသ နိုင်ငံများက ကြိုတင်ခန့်မှန်းထားသည် ထက် ဆိုးရွားသော စီးပွားရေးကျဆင်းမှု
များကြောင့် တရုတ်နိုင်ငံမှ ကုန်ပစ္စည်း တင်သွင်းမှုများကို အခြေခံကျကျ ဖြတ်တောက်လျှော့
ပေါ့ရာမှ နိုင်ငံရေး၊ မူမှုရေးနှင့် ပထဝီနိုင်ငံရေးအရ ဆိုးကျိုးများ တရုတ်ပြည်တွင် ဖြစ်ပေါ်
စေဖွယ်ရှိကြောင်း ပြောကြားသည်။

ဂျက်ဆီကာ မက်သယူးကလည်း သွားလေပြီဖြစ်တဲ့ ခေါင်းဆောင်တွေက ဘဝဂ်တိုင် ရောက်ခဲ့
တဲ့ စီးပွားရေး ဖြစ်ထွန်းမှု နှစ်ကာလမြောက်မြားစွာ ကြောင့် စီးပွားရေးတိုးတက်မှုကို နှေးကွေး
အောင်လုပ်ပြီး နိုင်ငံရေးနဲ့ စီးပွားရေး ပြဿနာတွေကို လတ်တလော မဖြေရှင်းဘဲ စုပုံထားနိုင်
ကြပေမယ့် ရှီကျင်ပင်းကတော့ "ဒီလို ဒူးနန့်နေ လို့မရပါ"ဟုမှတ်ချက်ချ ပြောကြား လိုက်သည်။

(အေအက်ဖ်ပီ)