အိမ်မွေးခွေးတွေ ကားမောင်းမှာလား ကြောင်တွေအတွက်တော့ သတင်းဆိုးပဲ

အိမ်မွေးခွေးတွေ ကားမောင်းမှာလား ကြောင်တွေအတွက်တော့ သတင်းဆိုးပဲ

နယူးဇီလန်- နယူးဇီလန်ကလာတဲ့ သတင်းအရ နယူးဇီလန်နိုင်ငံက Society for the
Prevention of Cruelty to Animals (SPCA) အဖွဲ့ရဲ့ ရုံးခွဲတစ်ခုမှာ သူတို့ဆီက အိမ်မွေးခွေး
စောင့်ရှောက်ရေးဌာနက ခွေးတွေဟာ ကျွမ်းကျင် အရည်အချင်းတွေ ရှိတယ် ဆိုတာ ပြသတဲ့
အနေနဲ့ တနင်္လာနေ့မှာ ထုတ်လွှင့်မယ့် တီဗီအစီအစဉ်တစ်ခုမှာ သူတို့လေ့ကျင့်သင်ကြားပေး
ထားတဲ့ ခွေးလေးတွေ ကားမောင်းပြတာကို တင်ဆက်မယ်လို့ သိရပါတယ်။

ဟုတ်ပါတယ်။ SPCA (တိရစ္ဆာန် များကိုညှဉ်းပန်းမှု ကာကွယ်တားဆီး ရေးအဖွဲ့)က သတင်း
ထုတ်ပြန်ထားရာ မှာ ၎င်းတို့ဟာ အသက် ၁၀ လ အရွယ် Border Cross ခွေးအမျိုးအစား
ဖြစ်တဲ့ ပေါ်တာလို့အမည်ရတဲ့ ခွေးလေး Giant Schnauzer အမျိုးအစားဖြစ်တဲ့ မွန်တီဆိုတဲ့
ခွေးကလေးရယ်၊ Beardie Whippet cross ခွေးအမျိုးအစား ဖြစ်တဲ့ ဂျင်နီလို့အမည်ရတဲ့
ခွေးလေး တွေကို ကားမောင်းသင်ပေးထား တယ်လို့ သိရပါတယ်။

(အလုံပိတ်ထား တဲ့ ကားလမ်းကြောင်းတွေပေါ်မှာပါ။ ခွေးတွေကို ကားမောင်းလိုင်စင်ပေး
မထားဘူးလေ)။

ဒါသာ တကယ်အမှန်ဆိုရင် အတွေး ပေါ်မိပါတယ်။ နယူးဇီလန်နိုင်ငံဟာ ပိုးလောက်လမ်းတွေနဲ့
လုပ်ထားတဲ့ ရေခဲမုန့်ရှိတာရယ်၊ နှစ်စဉ် ပီကေကပ် ထားတဲ့ ဘွတ်ဖိနပ်ပေါက်ပြိုင်ပွဲတွေ ကျင်းပ
လေ့ရှိတာရယ်ကိုကြည့်ရင် ဖြစ်ကောင်းဖြစ်နိုင်မလားလို့။ ထိုအစီအစဉ်ကို ရုပ်မြင်သံကြားမှာမပြ
ခင် အစီအစဉ်ပြုလုပ်သူ ဒေးဗစ်လက်တာမန်းက ဒီဇင်ဘာလ ၅ ရက်နေ့မှာ ခွေးတွေ ကားမောင်း
ကောင်း-မကောင်းဆိုတာ ကို ဆွေးနွေးပွဲတစ်ခု အရင်တင်ဆက် ခဲ့တယ်လို့လည်း
သိရတယ်။

၎င်းအစီ အစဉ်ကနေ ခွေးတွေ ကားမောင်း ညံ့ဖျင်းနိုင်ကြောင်း သက်သေပြနိုင်တဲ့ အချက်
အလက် ၁၀ ခုထွက်လာတယ်ဆိုပဲ။

သူပြောသွားတဲ့ အချက်အလက်တွေက အပေါ်ယံသာရှိပါသေးတယ်။ ကျွန်တော်လည်း
ဒါနဲ့ပတ်သက်ပြီး တွေးကြည့်မိထားတာလေးတွေ ရှိပါတယ်။ ယာဉ်ထိန်းအရာရှိကြီး မီးနီဆိုတာ
ဘယ်လို အရောင်လဲလို့ ခွေးလေးတွေက မေးနိုင်တယ်။

အင်တာနက်ပေါ်က သုတပေးတဲ့ဝက်ဘ်ဆိုက်တွေရဲ့ အဆို အရ ခွေးတွေဟာ အရောင်ကို
မြင်နိုင်တဲ့ ပုံစံမှာ လူတွေနဲ့မတူဘူး ဆိုပါသတဲ့။

အထူးသဖြင့် အနီနဲ့အစိမ်းကို မခွဲခြား တတ်ဘူးလို့ဆိုပါတယ်။ တလောက ဟာရီကိန်း
မုန်တိုင်း စန္ဒီ နယူးယော့ခ်ကို ၀င်ရောက်တိုက် ခတ်တော့ မီးပွိုင့်အချက်ပေးတိုင်တွေ
ကျိုးကုန်တယ်လေ။

ကားမောင်းသမား တွေ အနီ၊ အစိမ်းမခွဲဘဲ မောင်းနေ လိုက်ကြတာ။ ဒီလိုအခြေအနေမှာ ဆိုရင်
တော့ ခွေးတွေကို ကားမောင်း ခိုင်းလို့ရကောင်းရဲ့။ အဲဒီအချိန်က နယူးယော့ခ်မြို့ကလေး က
အဝေးပြေးလမ်းမကြီးတွေပေါ်မှာ ကားပေါ်မှာ ခရီးသည်သုံးယောက်ထက် ပိုမှ မောင်းခွင့်ရမယ်။

မော်တော် ဆိုင်ကယ်လည်း လူသုံးယောက်စီးခွင့် ပြုခဲ့တယ်။ ဒါဆို ကျွန်တော်သာ ခွေးလေး
ဆိုရင် ဒါကို ခွဲခြားဆက်ဆံတတ်တယ် လို့ထင်မိမယ်။ ခွေးတွေကိုသာ ကား မောင်းသင်ပေး
လိုက်ပါ။ ခွေးတွေက လူတွေကို ပြန်တရားစွဲလိမ့်မယ်။

တချို့နေရာတွေမှာ ယာဉ်မောင်း တွေက လက်ဟန်ခြေဟန်နဲ့ ယာဉ်မောင်း အချင်းချင်း အချက်
ပြတာမျိုးရှိပါတယ်။ ဒါက နေရာတိုင်းမှာ လက်ခံထားကြတဲ့ ယာဉ်မောင်းတွေသုံးတဲ့ သင်္ကေတပါ။
ခွေးတွေကတော့ ဒီလိုအချက်ပြဖို့ ခန္ဓာ ကိုယ်ဖွဲ့စည်းပုံ အဆင်မပြေပါဘူး။

တခြားယာဉ်မောင်းတွေကို ဟောင်ပြီး တော့ အချက်ပြကောင်းပြနိုင်ပါမယ်။ ဒါဆိုလည်း လမ်း
တစ်ခုလုံး ဆူညံ နေမှာပဲ။ နောက်တစ်ခုက ခွေးတွေက သစ်ပင် ရိပ်မြင်ရင် ထိုးအိပ်တတ်တယ်။
ဒါကို လည်း သတိထားရမယ်။

နယူးဂျာဆီပြည်နယ် Turnpike လို နေရာမျိုး၊ Vince Lombardi Service လို နေရာမျိုး၊ 
18 Miles လို နေရာမျိုးတွေပေါ့။ ကျွန်တော်က မုတ်ဆိတ်မွေး ရှည်လာ လို့ ယာဉ်ထိန်း
အရာရှိကြီး မမှတ်မိတာပါ။ bichon frise ခွေးမျိုးလေးတွေက အားလုံး ပုံစံတူလိုပဲ။

ဒီတော့ ဒီခွေးလေးတွေ မီးနီကိုမောင်း ပြေးရင် ဒေါသထွက်နေတဲ့ ယာဉ်ထိန်း ရဲက လိုင်စင်ပြခိုင်း
မယ်ဆို ယာဉ်ထိန်း ရဲက ရုပ်မမှတ်မိနိုင်လောက်ဘူး။

ဒါဆို စစ်ဆေးဖို့နည်းသစ်တွေ ရှာ ကောင်းရှာရလိမ့်မယ်။ ခင်ဗျားလည်း လာမယ့်ခေတ်မှာ
ခွေးလေးတွေ ယာဉ်မောင်းဖြစ်နိုင်ဖွယ် ရှိတာနဲ့ပတ်သက်ပြီး ပြောစရာရှိကောင်း ရှိမှာပေါ့။
ဒါဆိုလည်း ကျွန်တော့လို ရဲရဲသာပြောချလိုက်ပါ။

(အေအက်ဖ်ပီ)