အာမက်ဒါဘတ် (အိန္ဒိယ)- အိန္ဒိယနိုင်ငံ၏ သဘောထား အကွဲလွဲဆုံး နိုင်ငံရေးသမားဖြစ်သည့်
ဟိန္ဒူဘာသာဝင် အမျိုးသားဝါဒီ နာရင်ဒရာမိုဒီသည် ယခုရက်သတ္တပတ်၌ ရွေးကောက်ပွဲများနှင့်
ကြံုရမည်ဖြစ်ရာ အနာဂတ် အမျိုးသားခေါင်းဆောင် ဖြစ်လာနိုင် သည့် နေရာတစ်ခုကို ရရှိလိမ့်
မည်ဟု မျှော်လင့်ထားသည်။
အိန္ဒိယနိုင်ငံ၏ အဆိုရွားဆုံး ဘာသာရေး အကြမ်းဖက်များနှင့် အဆက်အသွယ်ရှိသည့်အတွက်
မွတ်စလင်နှင့် လောကီသီးသန့်ဝါဒီတို့၏ မုန်းတီးခြင်းကိုခံရသူ တစ်ဦးဖြစ်ပြီး ၂၀၀၁ ခုနှစ်ကတည်း
က အနောက် ဂူဂျာရတ်ပြည်နယ်၏ ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။
ဒီဇင်ဘာလ ၁၃ ရက်တွင် စတင်ပြီး ဒီဇင်ဘာလ ၁၇ ရက်တွင် အဆုံးသတ်မည့် မဲပေးပွဲ၌
သုံးကြိမ်မြောက် ရွေးကောက် ပွဲ၌ အနိုင်ရရှိရန် စီးပွားရေးလျင်မြန်စွာ ကြီးထွားမှု၊ သန့်ရှင်း
သည့် အုပ်ချုပ်မှုနှင့် ကျေးလက်ဖွံ့ဖြိုးရေး စသည့်အရေးများ ဖြင့် လှုံ့ဆော်မည်ဖြစ်သည်။
မဲပေးမှုအပြတ်အသတ်ရရှိပြီး နိုင်လာခဲ့လျှင် မိုဒီ၏ရည်မှန်းချက်များ ကြီးထွားလာမှာဖြစ်ကြောင်း
Centre for Policy Research ပညာရှင်များ အဖွဲ့မှ ကျွမ်းကျင်သူ ဆမ်ဟာရှ်ကက်ရှ်ယက်ဖ်
က ပြောသည်။
နောက်ဆုံး အဆုံး အဖြတ်ကို သူ၏ပါတီမှ ပြည်နယ် ရွေးကောက်ပွဲများအပြီး၌ ဆောင်ရွက်
လိမ့်မည်ဟု ကက်ရှ်ယက်ဖ်က ဆက်လက် ပြောသည်။
အသက် ၆၂ နှစ်အရွယ်ရှိ မိုဒီသည် အညတရဇာစ်မြစ်မှလာသူ တစ်ဦးဖြစ်ပြီး အိန္ဒိယနိုင်ငံ၏
အရှည် ကြာဆုံး တာဝန်ထမ်းဆောင်နေသည့် ဒေသဆိုင်ရာ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။
ဂူဂျာရတ်ပြည်နယ်မှ စားသောက် ဆိုင်ပိုင်ရှင်တစ်ယောက်၏ သားဖြစ်သူ မိုဒီအား ၁၉၅၀
ပြည့်နှစ်တွင် မွေးဖွားခဲ့ပြီး တရားသေစွဲကိုင်သည့် အောက်ခြေ အတန်းစား လက်ယာ
ဟိန္ဒူအဖွဲ့အစည်း တစ်ခုမှလာပြီး ၁၉၈၇ ခုနှစ်တွင် ဘာရတ်တီးယား ဂျနာတာပါတီ (BJP)
၀င်ဖြစ်ခဲ့သည်။
၀န်ကြီးချုပ်ရာထူးကို မျှော်မှန်းထား ကြောင်း မကြေညာခဲ့သော်လည်း ထိပ်တန်းနေရာကို
လိုလားလျက်ရှိသည် ကို ပါတီတွင်း၌သိနေကြသည်။
၂၀၁၄ ခုနှစ်၌ကျင်းပမည့် အမျိုးသားရွေးကောက် ပွဲများ၌ BJP ကို ခေါင်းဆောင်နိုင်ရေး
အတွက် ကြိုးပမ်းနေသည်ကို အများက သိရှိကြသည်။
မဲဆွယ်ပွဲတရားဟောရာ၌လည်း မိုဒီ သည် နယူးဒေလီရှိ လာဘ်စားမှုများ မကြာခဏဖြစ်ပေါ်
လျက်ရှိသည့် ဗဟို အစိုးရကို အမြဲတစေ ပစ်မှတ်ထား သည့်အပြင် အာဏာရကွန်ဂရက်
ပါတီ၏ အကြီးအကဲများဖြစ်ကြသည့် ဆိုနီယာနှင့် ရာဟူးဂန္ဒီတို့ကိုလည်း ပစ်မှတ်ထားသည်။
နိုင်ငံခြားမီဒီယာတို့နှင့် တွေ့ဆုံ မေးမြန်းခန်းများကြောင့် နိုင်ငံခြား၌ မိုဒီအားလူသိများလာသည့်
အလျောက် Twitter နှင့် YouTube ၀ါသနာရှင် တစ်ဦးဖြစ်သည့်အတွက်လည်း ဂူဂျာရတ်
ပြည်နယ်၏ လူငယ်မဲဆန္ဒရှင်များကို အကြိုက်တွေ့စေသည်။
အောက်တိုဘာလက ပြုလုပ်ခဲ့သည့် The India Today မဂ္ဂဇင်း၏ သဘောထားခံယူချက်၌
မိုဒီသည် ဂူဂျာ ရတ်ပြည်နယ်၌ မည်သူမျှ မလွှမ်းမိုးနိုင် ဟုဆိုထားပြီး သဘောထားကောက်ခံ
ရသူ ၅၆ ရာခိုင်နှုန်းတို့က ၀န်ကြီးချုပ် ရာထူး အတွက် BJP ၏ ယှဉ်ပြိုင်သူအဖြစ် ထောက်ခံ
ကြသည်။
မိုဒီ၏ခေါင်းဆောင်မှုကို လူအများ၊ အထူးသဖြင့် လုပ်ငန်းရှင်များက သဘောကျသော်လည်း
သူအာဏာရပြီး မကြာမီမှာပင် ပေါ်ပေါက်ခဲ့သည့် ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်းများက သူ၏
အုပ်ချုပ်မှုကို အစွန်းအထေးဖြစ်စေ ခဲ့သည်။ ၂၀၀၂ ခုနှစ်ကဖြစ်ပွားခဲ့သည့် အဓိ ကရုဏ်းများ၌
မိုဒီသည် ဥပေက္ခာပြုခဲ့ သည်ဟု အခွင့်အရေးအဖွဲ့များက ပြစ်တင်ကြသည်။
ထိုအဓိကရုဏ်း များ၌ လူ ၂,၀၀၀ ခန့်သေခဲ့ရာ အများစုမှာ မွတ်စလင်ဘာသာဝင်တို့ ဖြစ်ကြ
သည်။
ဤအဓိကရုဏ်းများ၌ အမှားမလုပ်ခဲ့ကြောင်း မိုဒီကငြင်းဆိုခဲ့သည်။ ၀န်ကြီးချုပ်ဖြစ်လာနိုင်သည့်
အခွင့် အရေးကိုရရှိရန် မိုဒီသည် သူ၏ အရည်အသွေးကို ပါတီကလက်ခံ ယုံကြည်လာရန်
ဆောင်ရွက်ပြီးနောက် အတိုက်အခံပါတီအနေဖြင့် ၁၀ နှစ်ကြာ နေခဲ့ရသည့် သူ၏ BJP အား
အာဏာ ပြန်လည်ရရှိနိုင်သည့် အခွင့်အရေးကို ရှာပေးရမည်ဖြစ်သည်။
(အေအက်ဖ်ပီ)

















