ဂျပန် အမှိုက်ပုံအတွင်းမှ ဒေါ်လာ ၁၂၀,၀၀၀ ကောက်ရ
တိုကျို - ဂျပန်နိုင်ငံမှ စွန့်ပစ်အမှိုက်များ ဖျက်ဆီးသည့်နေရာတွင် အလုပ်လုပ် သော လူတစ်ဦး
သည် အမှိုက်များထဲမှ ဒေါ်လာ ၁၂၀,၀၀၀ ကို တွေ့ရှိခဲ့သည်ဟု ရဲများကဒီဇင်ဘာလ ၁၉ ရက်
နေ့က ဆိုသည်။
"ယန်း ၁၀,၀၀၀ (၁၁၈ ဒေါ်လာ) တန် ငွေစက္ကူတွေ အရွက်တစ်ထောင် လောက် ကြိတ်ဖျက်ထား
တဲ့ အမှိုက်တွေ ထဲက မပျက်မစီးဘဲ ထွက်လာပါတယ်"ဟု နိုင်ငံအနောက်ပိုင်းရှိ ဟီရိုရှီးမား စီရင်စု
ဆာမီနာမီရဲဌာနမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယန်း ၁၀,၀၀၀ တန် ငွေစက္ကူ ၂,၃၀၀ ရဲ့အပိုင်းအစတွေကိုလည်း ဖျက်ဆီးထား သည့် အမှိုက်များ
အကြားတွေ့ရှိရသည် ဟုဆိုသည်။
ပိုင်ရှင်က ပရိဘောဂပစ္စည်း အချို့ကို လွှင့်ပစ်ရာတွင် ငွေများရောပါ ခြင်းဖြစ်နိုင် သည်ဟု ရဲများက
ပြောကြား ခဲ့သည်။
(အေအက်ဖ်ပီ)
















